ကျူးကျော်များ နေရာချရန် မြေနေရာရှာနေကြောင်း ရန်ကုန်တိုင်းနယ်လုံဝန်ကြီးဆို
နေအိမ်များဖယ်ရှားခံထားရသော ကျူးကျော်များအားနေရာ ချထားပေးရန် မြေနေရာရှာဖွေနေကြောင်း ရန်ကုန်တိုင်းလုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီးဗိုလ်မှူးကြီးတင်အောင်ထွန်းက ပြောသည်။ဖယ်ရှားခံရသော ကျူးကျော် များအား မြေနေရာချထားပေးရန် ဆောက်လုပ်ရေး ၀န်ကြီးဌာန လက်အောက်ရှိ မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနက မြေနေရာ လွတ်များရှာဖွေနေကြောင်း ဗိုလ် မှူးကြီးတင်အောင်ထွန်းကပြော ကြားသည်။
‘‘လောလောဆယ်တော့ မြေ ရှာခိုင်းထားတုန်းပဲရှိသေးတယ်။ အပိုင်ပေးမှာမဟုတ်ဘူး။ အပိုင် တောင်းလို့တော့မရဘူး။ ကျွန် တော်တို့က ကျူးကျော်တွေကို စာ ရင်းကောက်ထားပါတယ်။ အဲဒီ စာရင်းကို မူတည်ပြီးမှ ရတဲ့မြေ ကွက်ပေါ်ကို ကြည့်ပြီး အကွက် လေးရိုက်ပြီးတော့ အငှားအနေနဲ့ ချပေးမှာပါ။ ရောင်းလို့တော့ မရ ဘူး။ နေလို့တော့ရတယ်’’ဟု ဗိုလ် မှူးကြီးတင်အောင်ထွန်းက 7Day Daily သတင်းစာအားပြောသည်။
ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့ နယ်ရှိ အစိုးရစီမံကိန်းနယ်မြေများ တွင် နှစ်ပေါင်း ၂၀ခန့်ကြာ နေ ထိုင်ခဲ့သည်ဆိုသော ကျူးကျော် အိမ်ခြေနှစ်ရာကျော်ကို ရန်ကုန် မြို့ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦး စီးဌာနက ဇန်န၀ါရီ ၂၃ရက်တွင် အင်အားသုံးဖယ်ရှားခဲ့ခြင်းဖြင့် ယခုနှစ်အတွင်း ကျူးကျော်ရှင်း လင်းမှုကို ပြန်လည်စတင်ခဲ့သည်။
ယင်းနောက် မင်္ဂလာဒုံမြို့နယ် ပျဉ်းမပင်စက်မှုဇုန်ရှိ နေရာသုံးခုမှ ကျူးကျော်အိမ်ထောင်စု လေးရာကျော်ကို အင်အားသုံးဖယ်ရှားခဲ့သည်။
လှိုင်သာယာမြို့နယ် ရွှေ လင်ဗန်းစက်မှုဇုန်ဘေးရှိ ဘော လုံးကွင်းဧရိယာအတွင်း ကျူး ကျော်နေထိုင်နေသော နေအိမ် များကိုလည်း ဇန်န၀ါရီ ၂၉ရက် နောက်ဆုံးဖယ်ရှားပေးရန် မြို့ရွာ နှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက သတိပေးစာထုတ်ပြန်ထားသည်။
‘‘ဘယ်နေရာကို ချပေးမလဲ ဆိုတာတော့ တိတိကျကျမသိရ သေးဘူး။ ဆောက်လုပ်ရေးဝန် ကြီးဌာနတို့၊ အိုးအိမ်တို့၊ စည်ပင် တို့ပဲသိမယ်။ ဘယ်နေရာမှာ မြေ ကွက်လပ်ရှိတယ်ဆိုတာသူတို့ပဲ သိမယ်’’ဟု ဗိုလ်မှူးကြီးတင် အောင်ထွန်းကပြောသည်။
ကျူးကျော်ရှင်းလင်းမှုမှာ နောက်အစိုးရအတွက် ကူညီ ဆောင်ရွက်ပေးသည့်လုပ်ရပ်ဟု ထင်မြင်နိုင်စရာအခြေအနေရှိ သော်လည်း စီမံကိန်းရှိသည့်နေ ရာများမှ ကျူးကျော်များကို ဦးစား ပေးရှင်းလင်းခြင်း၏ နောက်ကွယ် တွင် စေတနာမှန်မှုရှိ၊မရှိစဉ်းစား စရာဖြစ်နေသည်ဟုလည်းတက် ကြွလှုပ်ရှားသူအချို့က သုံးသပ် ပြောကြားသည်။
‘‘သူတို့ကို ကယ်ဆယ်ရေးလို အခန်းတွေမှာ ခိုလှုံခွင့်ပေးဖို့လို တယ်။ အစားထိုးနေလို့ရအောင် တာဝန်ယူပေးဖို့လည်းလိုတယ်။ အဲဒီနည်းနဲ့ ပြဿနာကိုဖြေရှင်း လိုက်ရင် ပြည်သူလူထုရဲ့ မျက် ရည်တွေလျော့နည်းလာမှာဖြစ်ပါ တယ်။ ဒါကို ဖြေရှင်းတဲ့နေရာမှာ ဥပဒေကိုလည်း ကြည့်ပါ။ ကရုဏာစာနာမှုကိုလည်း ကြည့်ပါ။ ပြည်သူလူထုကလည်း စားဝတ် နေရေးအခက်အခဲဖြစ်နေတဲ့အခါ မှာ သူတို့တွေကို တတ်နိုင်သမျှ ၀ိုင်းဝန်းကြည့်ဖို့လိုတယ်။ ပြည်သူ ကရော၊ အစိုးရရော မှန်မှန်ကန် ကန်ကိုင်တွယ်နိုင်ရန် ကျူးကျော် ပြဿနာအဖြေကို ရလိမ့်မယ်လို့ ထင်တယ်’’ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးသိန်းညွန့်က ကျူးကျော်အရေးဖြေရှင်းရာတွင် ဆောင်ရွက်သင့်သည့်လုပ်ငန်းစဉ် အပေါ် အကြံပြုသည်။
7Day Daily
No comments