အသေးစား စိတ်ပညာရပ်ကို အသုံးချပြီး အကျိုးရှိအောင် ပြုလုပ်နည်းများ


သာမန် လူတစ်ယောက် အနေနဲ့ စိတ်ပညာရဲ့ အစွမ်းကို အလုံးစုံ နားလည်နိုင်ဖို့ ခဲယဉ်းပါတယ်။ ကိုယ် လုပ်လိုက်တဲ့ အမူအရာ ၊ကိုယ် ပြောလိုက်တဲ့ စကားအသုံးအနှုန်း ၊ကိုယ် မြင်လိုက်တဲ့ အမြင်တစ်ခုဟာ ကိုယ့်ရဲ့ ပေါင်းသင်း ဆက်ဆံရေးနဲ့ လုပ်ငန်းခွင် ပေါ်မှာ ရိုက်ခတ်မှု ရှိပါတယ်။  ဒါကြောင့် တချို့ အချိန်တွေမှာ အခြေအနေကိုလိုက်ပြီး စိတ်ပညာကို အသုံးချနိုင်ရင် မျှော်လင့် မထားတဲ့ ရလဒ်မျိုး ရရှိနိုင်ပါတယ်။

၁)၀ယ်သူတွေနဲ့ ဆက်ဆံတဲ့ အပိုင်းကို တာဝန်ယူထားတဲ့ သူဆိုရင် ကိုယ့်စားပွဲပေါ်မှာ မှန်တစ်ချပ် တင်ထားပါ။ ဒါဆိုရင် ကိုယ့်ဆီကို ဒေါသထွက်ပြီးရောက်လာတဲ့ ၀ယ်သူတစ်ယောက်က သူ့မျက်နှာကို မှန်ထဲမှာ ပြန်မြင်ရပြီး စိတ်လွတ်ကိုယ်လွတ် မပြောမိအောင် မသိစိတ်က ထိန်းသွားတတ်ပါတယ်။

၂)ကိုယ်က လူတစ်ယောက်ကို မေးခွန်းတစ်ခု မေးတဲ့အခါ တစ်ဝက်တစ်ပြတ်ပဲ ပြန်ဖြေခဲ့ရင် ခဏ စောင့်လိုက်ပါ။ ပြီးမှ ဘာမှ မပြောဘဲ သူနဲ့ မျက်လုံးချင်း ဆုံအောင်ကြည့်လိုက်ရင် ထပ်မေးစရာ မလိုဘဲ သူ့အလိုလို ဆက်ပြီး အဖြေပေးပါလိမ့်မယ်။

၃)လူတွေကို ပထမဆုံး တွေ့တဲ့အခါ ပြုံးပြီး မျက်လုံး အရောင်ကို သတိပြုပြီး ကြည့်ပါ။ ဒီလိုကြည့်တာက ၂ စက္ကန့် ၃ စက္ကန့်လောက်ပဲ ကြာပေမဲ့ သူတို့ဘက်က စိတ်ဝင်တစား ပြန်ပြီး တုံ့ပြန်လာတာ တွေ့ရပါလိမ့်မယ်။

၎)ကိုယ့်ကို ဒေါသနဲ့ပြောနေတဲ့သူကို အမှန်တကယ် မကြားလိုက်တဲ့ပုံစံနဲ့ နောက်တစ်ကြိမ် ပြန်မေးလိုက်ရင် ဒေါသသံမပါဘဲ ပြန်ပြောတာ ကြားရပါလိမ့်မယ်။

၅)ပညာရပ်တစ်ခုကို ကောင်းကောင်းနားလည်ပြီး စွဲမြဲနေစေချင်ရင် ကိုယ်က ပြန်ပြီး သင်ပြရမယ့် လူအနေနဲ့ လေ့လာပြီး တစ်ယောက်ယောက်ကို ပြန်ရှင်းပြလိုက်ပါ။ကိုယ့် အသိဥာဏ်ထဲမှာ ကွင်းကွင်း ကွက်ကွက် မြင်ရသလို နားလည်သွားပြီး ရေရှည် မှတ်မိနေပါလိမ့်မယ်။

၆)စိတ်လှုပ်ရှားစရာနဲ့ကြုံတဲ့အခါ ပီကေ၀ါးလိုက်ပါ ။ ပီကေ၀ါးလိုက်ရင် ဦးနှောက်ရဲ့နေရာတစ်ခုကို နှိုးဆွပြီး အဲ့ဒီကနေ အစာစားချင်စိတ်ကို ဖြစ်စေတဲ့ အာရုံကြောကို လှုံ့ဆော်လိုက်တဲ့အတွက် ကိုယ့်ရဲ့ ပူပင်နေတဲ့အာရုံကို လွှဲပြောင်းလိုက်သလိုဖြစ်ပြီး တည်ငြိမ်လာစေပါတယ်။

၇)ချစ်သူနဲ့ ပထမဆုံး ချိန်းတွေ့တဲ့အခါ သည်းထိတ်ရင်ဖို ဖြစ်စေမယ့် နေရာမျိုး (ဥပမာ မိုးပျံရထားစီးတာ) ကိုခေါ်သွားတာက အခက်အခဲ တစ်ခုကို အတူကျော်ဖြတ်လိုက်ပြီးရင် ရလာတဲ့ ရင်းနှီးနွေးထွေးတဲ့ သံယောဇဉ်မျိုး ရစေပါတယ်။

၈)အင်တာဗျူး တစ်ခုသွားတဲ့အခါ သူတို့က ကိုယ့်ကိုရွေးပြီးပြီ ။ကိုယ့်ကို အတည်ပြုကြောင်း ပြောဖို့ ခေါ်လိုက်ရုံ သက်သက်လို့ သဘောထားပြီးသွားပါ ။ စိတ်ဖိစီးမှု တစ်ဝက်လောက်လျော့သွားပြီး မေးခွန်းတွေကို အကောင်းဆုံး ဖြေနိုင်ပါလိမ့်မယ်။

Ref:twentytwowords 

No comments

Powered by Blogger.