နှစ်ရက်ဆက်တိုက် အရက်နာကျတာ ဘာ့ကြောင့်လဲ
အရက်နာကျခြင်းရဲ့ လက္ခဏတွေကို ပြပါဆိုရင်တော့ နာရီများစွာ ခေါင်းကိုက်နေတာ ၊ ပင်ပန်းနေတာ ၊ အစာအိမ်မှာ ဝေဒနာတွေ ခံစားနေရတာ ၊ သောကများနေတာ တို့ကိုပဲ ပြရမှာပါ။ ပြီးတော့ တစ်ခါတစ်ရံမှာတော့ အရက်နာကျတဲ့အခါမှာ အဲဒီဝေဒနာတွေကို ဖြစ်သင့်တာထက် ပိုမို ကြာရှည်စွာ ခံစားနေရတတ်ပါတယ်။ ၄၈ နာရီကြာ အရက်နာကျနေခြင်း (ဥပမာ စနေနေ့ညကသောက်တဲ့ အရှိန်ဟာ တနင်္လာနေ့အထိ အရက်နာကျနေခြင်း) ကို ၂ရက်တာ အရက်နာကျခြင်း လို့ခေါ်ပါတယ်။
၂ ရက်တာ အရက်နာကျခြင်းနဲ့ ပတ်သက်လို့ McLean ဆေးရုံက ဆေးပညာဆိုင်ရာ ဒါရိုက်တာ Fred Goggans က ဘာကြောင့် ၂ ရက်တာ အရက်နာကျခြင်း ဝေဒနာကိုခံစားရတယ်ဆိုတာ ရှင်းပြထားပါတယ်။ အရက်နာကျခြင်း ရဲ့  ကြာချိန်ဟာ သင်ဘယ်လောက် အရက်သောက်ခဲ့တယ်ဆိုတာ အပေါ် မူတည်နေတာမှန်ပါတယ်။ ဒါပေမယ့် အရက်နာကျခြင်းကို ကြာရှည်စေတဲ့ အခြားအချက်တွေကတော့ အရက်နာကျနေစဉ်မှာ လုပ်မိတဲ့ အပြုအမူအချို့  ကြောင့်ပါ။ အဲဒါတွေကတော့
၁။ ရေဓါတ် လုံလောက်စွာ မဖြည့်တင်းခြင်း အရက်သောက်တယ်ဆိုတာ သောက်နေတဲ့အချိန်မှာ ရေဓါတ်လုံးဝ ခမ်းခြောက်စေခြင်း မရှိပေမယ့် အရက်နာကျတဲ့အချိန်မှာ ရေဓါတ် အလွန်ခမ်းခြောက်စေပါတယ်။ အရက်သောက်တတ်သူတွေ ပြန်တုံ့ပြန်လေ့ရှိတာက အရက်နာကျတဲ့ အချိန်မှာ ရေသောက်တဲ့အခါ ပြန်မူးလာတယ်ဆိုတာပါပဲ။ ဒါပေမယ့် သတ္တုဓါတ် မမျှတခြင်းဟာ ခန္ဓာကိုယ်ရဲ့  အဆိပ်အတောက်ပြေစေမှုကို နှေးကွေးသွားစေပါတယ်။ သောက်ရေ တစ်ခွက်သောက်လိုက် တိုင်းမှာ ပြန်မူးသွားတယ်ဆိုပေမယ့်လည်း သတ္တုဓါတ်တော့ အနည်းငယ်ပြန်ရလာပါတယ်။ အဲဒါကြောင့် အဆိပ်အတောက်တွေလည်း ပြေလျော့သွားပါတယ်။ သတ္တုဓါတ် မျှတဖို့နဲ့ ရေဓါတ်လုံလောက်လာဖို့အတွက် အကောင်းဆုံးကတော့ အုန်းရည် ၊ သံပရာသီးကို ရေသန့်(H2O) နဲ့ရောစပ်ထားသောဖျော်ရည် ၊ ဆားရည်တို့ကို မနက်ပိုင်းမှာသောက်သုံးခြင်းတို့ပဲဖြစ်တယ်လို့ အာဟာရဗေဒ ပညာရှင် Danielle Pashko က ဆိုပါတယ်။
၂။ အိပ်ရေးမ၀ခြင်း အိပ်ရေးဝခြင်းဟာ နောက်တစ်နေ့အတွက် အကောင်းဆုံးခံစားမှုတွေ ရရှိစေတယ်ဆိုတာ သင်သိပြီးသားပါ။ အရက်သောက်ခြင်းက သင့်ကို လျင်မြန်စွာ အိပ်ပျော်စေတယ်ဆိုပေမယ့်လည်း အိပ်ရေးမ၀ခြင်း ကို ဖြစ်စေပါတယ်။ ဒါဟာ ပုံမှန်လည်ပတ်နေတာပါ။ အရက်များများသောက်ရင် အိပ်ရေးဝမှု နည်းမယ် ၊ နောက်တစ်နေ့မှာ နေလို့မကောင်းဖြစ်မယ်(တစ်ခါတစ်လေ ၂ ရက်ဖြစ်တတ်)။ ဒါကို ဖြေရှင်းဖို့ကတော့ အရက်လျှော့သောက်ဖို့ပဲ ရှိပါတယ်။
၃။ အရောင်ရင့်ရင့် အရက်ပြင်း သောက်ခြင်း အရက်တွေမှာ အရသာကောင်းမွန်စေဖို့နဲ့ ကစော်ဖောက်ဖို့အတွက် အသုံးပြုရတဲ့ Congeners ဆိုတဲ့ ဓါတုဗေဒ ပစ္စည်းတစ်မျိုးဟာ အရက်နာကျခြင်းကို ဖြစ်စေနိုင်တယ်လို့ Goggans ကဆိုပါတယ်။ Congeners ဟာ အရောင်ရင့်တဲ့ အရက်ပြင်းတွေမှာ ပါဝင်လေ့ရှိပြီးပိုမို ရှည်ကြာတဲ့ အရက်နာကျခြင်းကို ဖြစ်စေပါတယ်။ Congeners ပါဝင်မှုများတဲ့ အရက်တွေကတော့ ၀ီစကီ ၊ ရမ် ၊ ၀ိုင်အနီ နဲ့ ဘရန်ဒီ တို့ဖြစ်ပြီး Congeners ပါဝင်မှုနည်းတဲ့ အရက်တွေကတော့ ၀ိုင်အဖြူ ၊ ဗော့ဒ်ကာ နဲ့ ဂျင် တို့ပဲ ဖြစ်ပါတယ်။
၎။ အစာမစားခြင်း သင့် ခုခံအား စနစ်ရဲ့  ၇၀ ရာခိုင်နှုန်းခန့်ဟာ သင့်ရဲ့  အစာအိမ်နဲ့ အူလမ်းကြောင်းအတွင်းမှာ ရှိပါတယ်။ သင်အရက်သောက်လိုက်တဲ့အခါမှာ အစာအိမ်အတွင်းက ကောင်းမွန်တဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားပစ်လိုက်ပါတယ်။ အဲဒါဟာ သင့်ကို အရက်နာကျတဲ့အခါမှာ ပိုမို အားနည်းလာစေပါတယ်။ အရက်များများသောက်လေ ပိုခံရလေပါပဲ။ ဒါကြောင့် အရက်မသောက်ခင်မှာရော ၊ အရက်သောက်ပြီးတဲ့အခါမှာပါ အစား ပုံမှန်စားပေးဖို့လိုအပ်ပါတယ်။
၅။ သတ္တ၀ါနဲ့ လက်နက်နဲ့ မမျှခြင်း အကယ်၍ သင်ဟာ အသက် ၂၁ နှစ်သာရှိသေးတယ် ဆိုရင်တော့ သင်ဟာ အသက် ၄၀ အရွယ်ထက် ပိုပြီး ယမကာ ရဲ့ အဆိပ်အတောက်ကို ချေဖျက်ပေးနိုင်ပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့ အသက်ကြီးလာတာနဲ့အမျှ ဆဲလ်တွေဟာလည်း အိုမင်းလာပါတယ်။ ဒါကြောင့် အဆိပ်အတောက်တွေကို ဖယ်ရှားဖို့အွက် အသက်ကြီးလာတဲ့အခါမှာ ပိုမို ခက်ခဲလာပါတယ်။ ဒါကိုဖြေရှင်းမယ်ဆိုရင်တော့ ငယ်ငယ်တုန်းက သောက်သလောက် အသက်ကြီးလာတဲ့ အခါမသောက်ပါနဲ့။
Ref:womenshealthmag
No comments