အရက်နာကျခြင်းမရှိတဲ့ ယမကာ တစ်မျိုးကို မြောက်ကိုရီးယား တီထွင်
တစ်ကမ္ဘာလုံးကို မျက်ခုံးလှုပ်သွားစေခဲ့တဲ့ ဟိုက်ဒရိုဂျင် ဗုံး နဲ့ ကင်ဆာရောဂါများစွာကို ကုသနိုင်စေခဲ့တဲ့ ဆေးဝါးတွေကို တီထွင်ခဲ့အပြီးမှာ မြောက်ကိုရီးယားနိုင်ငံဟာ အရက်နာကျခြင်းမရှိတဲ့ ယမကာ တစ်မျိုးကို တီထွင်လိုက်ပြန်ပါပြီ။
၁၉၉၇ ခုနှစ်ကတည်ထောင်ထားဖွယ်ရှိတဲ့ မြောက်ကိုရီးယား သတင်း ၀က်ဘ်ဆိုက်တစ်ခုက ဖော်ပြထားတာကတော့ ထို အရက်နာကျခြင်း မရှိတဲ့ ယမကာ ဟာ သက်တမ်း ၆ နှစ်ခန့်ရှိတဲ့ ဂျင်ဆင်း ဆေးမြစ်နဲ့ ဆန်တွေကို လောင်ကျွမ်းစေခြင်းတို့က တဆင့် ချက်လုပ်ထားတာဖြစ်ပါတယ်။ ထို ယမကာဟာ သောက်လိုက်တဲ့အခါမှာ ပျေပြစ်တဲ့အရသာ(အ၀င်ကောင်းခြင်း) မျိုး ရှိတဲ့အတွက်လည်း အောင်မြင်မှု ရရှိခဲ့တယ်ဆိုတာကို အတည်ပြုဖော်ပြထားပါတယ်။
Pyongyang Times ဆိုတဲ့ သတင်းဌာနက စာရေးဆရာ Jong Hwa Sun ကလည်း အခုလိုရေးသားထားတာကတော့ "ဒီ အရက်ဟာ မြောက်ကိုရီးယားနိုင်ငံရဲ့  သိပ္ပံ နဲ့ နည်းပညာ ဆိုင်ရာ အောင်မြင်မှုတစ်ခု အဖြစ် စာရင်းဝင်ပြီးသားပါ"တဲ့။
Ref:thefrisky
No comments