မာ့ခ်ဇူကာဘတ် အလုပ်မှာ ဝတ်စုံတစ်မျိုးပဲ ဘာကြောင့် နေ့တိုင်း ဝတ်ဆင်နေသလဲဆိုတာ


မာ့ခ်ဇူကာဘတ် ဟာ  ဖေ့စ်ဘွတ်ခ် စတင်တည်ထောင်ပြီး ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာတစ်ဦး ဖြစ်လာခဲ့တဲ့ အချိန်ကတည်းက ဘယ်တော့မှ မပြောင်းဖူးခဲ့တဲ့ အရာတစ်ခုရှိတယ်။ အဲ့ဒါကတော့ မီးခိုးရောင် တီရှပ် နေ့တိုင်း ဝတ်ဆင်ခြင်းပဲ ဖြစ်ပါတယ်။

ဖေ့စ်ဘွတ်ခ် စီအီးအိုဖြစ်တဲ့သူက မီးဖွားခွင့်ယူပြီးလို့ လုပ်ငန်းခွင် ပြန်ဝင်တော့မယ့်အချိန်မှာ သူ့အဝတ်အစားထားရာ ဘီဒိုနဲ့ သူဝတ်နေ့တိုင်း ဝတ်တဲ့ တီရှပ် ၂ မျိုး ကို ဒီတစ်ပတ် မျှဝေပေးခဲ့ပါတယ်။

သိပ်ပြီး ထူးခြားမှုမရှိတဲ့ သူဝတ်စုံဟာ ငြီးငွေ့ဖွယ်ဖြစ်နိုင်ပေမယ့် ဒီ တီရှပ်တစ်မျိုးတည်းကို နေ့တိုင်းဝတ်ဆင်ခြင်းအတွက် သဘာဝကျတဲ့ အကြောင်းပြချက်တစ်ခု မာ့ခ်ဇူကာဘတ် မှာ ရှိလို့နေပါတယ်။ ပုံစံတစ်မျိုးတည်း ဝတ်စားဆင်ယင်ခြင်းက အလုပ်မှာ အရေးကြီးဆုံးဖြတ်ချက်တွေ ပို အာရုံစိုက်လုပ်ဆောင်နိုင်စေကြောင်း အခိုင်အမာပြောဆိုထားပါတယ်။

၃၁ နှစ်အရွယ်ရှိတဲ့ သူက ပရိသတ်တစ်ယောက်မှ ၂၀၁၄ ခုနှစ်မှာ "ဘာကြောင့် ဝတ်စုံကို မလဲတာလဲ" လို့ မေးတဲ့အခါ သူ့ရဲ့ လူသိရှင်ကြား မေးခွန်းထုတ်မှုနဲ့ ဖြေကြားချက်မှာ ဒီလိုရှင်းပြခဲ့ပါတယ်။ ဘဝကို ရိုးရိုးရှင်းရှင်းပဲ ဖြစ်နေစေချင်တယ်။ ဒါမှ ဆုံးဖြတ်ချက်တွေ အတတ်နိုင်ဆုံး ကောင်းစွာချမှတ် နိုင်မှာ ဖြစ်တယ်လို့ ပြောဆိုသွားပါတယ်။

မနက်အိပ်ရာက ထပြီး ဘီလျံမကသော လူတွေအတွက် အလုပ်လုပ်ပေးဖို့ ဒီနေရာကို ရောက်ရှိနေခြင်းတာ တကယ် ကံကောင်းပါတယ်။ အဓိပ္ပါယ်မရှိ၊ အလေးနက်ထားစရာမဟုတ်တဲ့ အရာများပေါ် ကိုယ့်ရဲ့ စွမ်းရည်ကို ကုန်ဆုံးနေရင် အလုပ်လုပ်နေတယ်လို့ မခံစားရဘူးလို့ သူက ပြောသွားခဲ့ပါတယ်။ 

Ref: Indiatimes

No comments

Powered by Blogger.