‘‘ကလေးတွေကို ဒုက္ခပေးဖို့ ကလေးတွေကိုရောင်းစားဖို့ ကိစ္စမျိုးတွေတော့ တစ်ခုမှမတွေ့ရသေးပါဘူး’’


ရဲမှူးကြီးခင်မောင်လှ (ဓာတ်ပုံ - အောင်သစ်လွင်)
ကလေးခိုးကောလာဟလများ နိုင်ငံတစ်ဝန်းမကြာခဏ ထွက်ပေါ်နေသည်။ ပြည်သူအချို့က လက်ရှိအစိုးရမှ အစိုးရသစ်သို့ အာဏာမလွှဲပြောင်းရသေးမီ ယခုလိုကာလအတွင်း အဖွဲ့အစည်းတစ်ခုခုက တိုင်းပြည်မငြိမ်မသက်ဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်နေခြင်းဖြစ်ကြောင်း သံသယရှိနေသည်။ မန္တလေးမြို့တွင် ကလေးသူခိုးဟု စွပ်စွဲခံရသူအမျိုးသားတစ်ဦးကို ၀ိုင်းဝန်းရိုက်နှက်ရာမှ ဒဏ်ရာပြင်းထန်၍ သေဆုံးမှုဖြစ်ခဲ့သည်။ ကောလာဟလများ နိုင်ငံတစ်ဝန်း ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေဆဲဖြစ်ပြီး အစိုးရက လုံလောက်သောဖြေရှင်းမှုကို ယခုအချိန်အထိ ပြုလုပ်ထားခြင်းမရှိပေ။ ကလေးခိုးကောလာဟလများနှင့် ပတ်သက်၍ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့၊ အမှတ် (၂) အဖွဲ့ခွဲ၊ တပ်ဖွဲ့ခွဲမှူး ရဲမှူးကြီး ခင်မောင်လှအား 7Day Daily က တွေ့ဆုံမေးမြန်းထားသည်များကို စာဖတ်ပရိသတ်အတွက် ပြန်လည်ဖော်ပြအပ်ပါသည်။
 

ကလေးခိုးကောလာဟလတွေ ထွက်နေတာ တစ်နိုင်ငံလုံး တော် တော်ကို ကျယ်ကျယ်ပြန့်ပြန့်ဖြစ် နေတယ်။ အဲဒီလိုကောလာဟလ တွေနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့ရဲ့ စိစစ်တွေ့ရှိတဲ့အပိုင်းကို ပြောပြ ပေးပါလား။

ကလေးသူငယ် ကိစ္စတွေ အင်တာနက်သတင်းတွေပေါ်မှာ ပျံ့နှံ့နေတာ ကျွန်တော်တို့က စိတ် လည်းဝင်စားပါတယ်။ ဒါတွေကို ဖော်ထုတ်ဖို့ လူကုန်တားရဲတပ်ဖွဲ့ အနေနဲ့တာဝန်ရှိတယ်လို့ မှတ်ယူ ပါတယ်။ ဥပဒေမှာကိုက လူကုန် ကူးမှုတိုက်ဖျက်ရမယ်။ လူကုန် ကူးခံရတဲ့သူတွေကို အကာအ ကွယ်ပေးရမယ်။ အထူးသဖြင့် ကလေးသူငယ်တွေကို ကာကွယ် ပေးရမယ်လို့ ဒီလိုပဲပြဋ္ဌာန်းထား ပါတယ်။ ကျွန်တော်တို့က ဒီကိစ္စ ကိုပဲ အထူးပြုပြီး ဖွဲ့ထားတဲ့အ တွက်ကြောင့် ကျွန်တော်တို့ဆီ ရောက်လာရင်ပဲဖြစ်ဖြစ်၊ ဖုန်းနဲ့ တိုက်ရိုက်အကူအညီတောင်းရင် ပဲဖြစ်ဖြစ်၊ အင်တာနက်အီးမေးလ် နဲ့သတင်းရရင်ပဲဖြစ်ဖြစ် ချက်ချင်း  Confirm (အတည်ပြု)လုပ်ပါ တယ်။ ချက်ချင်းဆိုတာမှ နေပြည် တော်ဌာနချုပ်အနေနဲ့ရော၊ သက် ဆိုင်ရာဒေသမှာရှိတဲ့ လူကုန်တား ရဲတပ်ဖွဲ့ကို ဒီသတင်းမှန်၊ မမှန် ချက်ချင်းလိုက်ပါတယ်။ ၀ိုင်းပြီး စုံစမ်းပါတယ်။ ရန်ကုန်ဆိုရင် လည်း ကျွန်တော်ကိုယ်တိုင် တွေ့ ရှိချက်တွေကို အများပြည်သူသိ အောင်ဂျာနယ်ဆိုလည်း ဂျာနယ်၊ ရုပ်သံဆိုလည်း ရုပ်သံ နောက် ရေ ဒီယိုတွေကို အချိန်နဲ့တစ်ပြေးညီ တင်ပြနေပါတယ်။ နေပြည်တော် အနေနဲ့ကတော့ ဖေ့စ်ဘွတ်ခ်ထဲမှာ ပဲ အများပြည်သူသိအောင် ပြန် ပြီးတော့ တင်ပြပေးနေပါတယ်။ ဖြစ်စဉ်တိုင်းကိုလိုက်တဲ့အခါမှာ မဖြစ်ဘူးတော့မဟုတ်ဘူး။  ဖြစ် စဉ်လေးတွေက မှန်တယ်။ဒါပေမဲ့ ဖေ့စ်ဘွတ်ခ်ထဲမှာပါတဲ့အဖြစ်မျိုး မဟုတ်ဘူးဆိုတာတွေ တွေ့ရပါ တယ်။ မတ္တရာ ကိစ္စ ဆိုလည်း သက်ဆိုင်ရာမြို့နယ် စခန်းမှူးက ဂျာနယ်လစ်တွေနဲ့ သတင်းစာ ရှင်းလင်းပွဲလုပ်တယ်။ ဧရာဝတီ တိုင်းမှာဆိုရင်လည်း ချက်ချင်း ဖြေရှင်းတာမျိုး။ ဒါပေမဲ့ ကလေး တွေကိုဒုက္ခပေးဖို့၊ ကလေးတွေကို ရောင်းစားဖို့ကိစ္စမျိုးတွေတော့ တစ်ခုမှမတွေ့ရသေးပါဘူး။

အစိုးရအပြောင်းအလဲမဖြစ်ခင် မှာဒီလိုကောလာဟလတွေ ဆက် တိုက်ထွက်လာပြီး နောက်ဆုံး နိုင်ငံရေးရှုပ်ထွေးမှုဖြစ်အောင် လုပ်နေတာလို့ ပြည်သူအချို့က သံသယရှိနေတယ်။ ရဲတပ်ဖွဲ့က ဖြစ်စဉ်တွေကို တိုက်ရိုက်စစ်ဆေး ရတာဆိုတော့ မြေပြင်အခြေအ နေမှာ ဘယ်လိုတွေ့ရှိရပါသလဲ။

 ဒီကောလာဟလတွေက ဖေ့စ်ဘွတ်ခ်မှာ မကြာမကြာပေါ် လာနေတယ်။ ပေါ်လာနေတာက လည်း စိပ်နေတဲ့အတွက်ကြောင့် လူထုအနေနဲ့ကတော့ ထင်ယောင် ထင်မှားဖြစ်စရာအကြောင်းရှိပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါ ကြီးက မဟုတ်ဘဲတမင်လုပ်နေ တာဆိုတော့ တစ်ခုခုဖြစ်အောင်ပဲ လုပ်နေတာလားပေါ့။ ဒါပေမဲ့ တစ်ဖက်ကလည်း ပြည်သူတွေအ နေနဲ့ ဒီလိုသတင်းမျိုးက ဖြစ်နိုင် ၏၊ မဖြစ်နိုင်၏ ပြန်ဆန်းစစ်စေ ချင်တာပေါ့။ နိုင်ငံရေးကိစ္စဆိုတာ က နိုင်ငံရေးနဲ့ လှုံ့ဆော်လို့ရှိရင် နိုင်ငံရေးစိတ်ဝင်စားတဲ့လူလောက် ပဲ ဒါကိုအားပေးအားမြှောက်ပြုကြ မှာ။ ကလေးသူငယ်ကိစ္စဆိုတော့ အခုမြန်မာနိုင်ငံမှာရှိတဲ့ မိသားစု ၀င်တိုင်း ကလေးသူငယ်တွေကရှိ တော့ မိသားစုတိုင်းက စိတ်ပူစရာ ကြီးဖြစ်နေတော့ ဒီလိုသတင်းတွေ ကို စိတ်ပူပြီး အင်တာနက်မှာ ကိုယ်ကြားသမျှကို မှန်၏၊ မှား၏ ဆိုတာထက် ကျန်တဲ့မိဘတွေ ဒါ မျိုးမဖြစ်အောင် ကြိုတင်ကာ ကွယ်ဖို့ တင်လိုက်တာကြောင့် ပို ပြီးပျံ့နှံ့တယ်လို့ပဲ ကျွန်တော့်အနေ နဲ့ယူဆတယ်။ တစ်ခုခုက ရည် ရွယ်ချက်တစ်ခုခုနဲ့ လှုံ့ဆော်တယ်၊ မလှုံ့ဆော်ဘူးဆိုတာကိုတော့ Confirm မဖြစ်သေးလို့ ကျွန်တော့် အနေနဲ့ ထင်မြင်ချက်မပေးနိုင် သေးပါဘူး။ ဒါပေမဲ့ ကလေးကိစ္စ ဖြစ်တဲ့အတွက် မိဘတိုင်းက စိတ် ပူတဲ့အတွက် ပိုပြီးတော့ပျံ့လွယ် တယ်။ ဒီနေ့ခေတ်မှာတော့ဖြစ်စဉ် တစ်ခုကို အမှားကြီးကိုအမှန်ပါလို့ သတင်းထုတ်ပြန်ဖို့တော့ကျွန်တော်တို့ဝန်ထမ်းတွေမှာမရှိပါဘူး။

ဖျာပုံမှာ တစ်ခါ၊ မတ္တရာမှာ တစ် ခါ၊ နောက် မြ၀တီမှာတစ်ခါကလေးခိုးတယ်လို့ အစွပ်စွဲခံရတဲ့သူဟာ စိတ်ရောဂါသည်တွေ ဖြစ်နေပါတယ်။ ဖြစ်ခဲ့ဖူးပါတယ်လို့ သတင်းတွေထုတ်ပြန်တာ ဘယ်လိုအကြောင်းတွေကြောင့်ပါလဲခင်ဗျာ။

ကျွန်တော်တို့ရဲကလည်း နတ်မျက်စိတော့ရှိတာမဟုတ် ဘူး။ ဒါပေမဲ့ ကျွန်တော်တို့လည်း နီးရင်နီးသလို လူချင်းတွေ့မေး တာပေါ့။ ဝေးရင်ဝေးသလို အင် တာနက်နဲ့ရရင်အင်တာနက် ဖုန်း နဲ့ရရင် ဖုန်း၊ ဖက်စ်ရရင် ဖက်စ်နဲ့ အမျိုးမျိုးတော့ အမြန်ဆုံးသိ အောင် လုပ်ကြပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ပြောသလို ဒက်ထိ အမှန်တရားလို့ ယုံကြည်ပေးပါလို့ ကျွန်တော့်အနေနဲ့ မပြောလိုဘူး။ ကျွန်တော်ပြောချင်တာက ကျွန် တော်တို့ဘက်ကလည်း မေးမြန်း လို့ရတဲ့ source တွေပေးလိုက်မယ်။ ဒီရွာက လူဆို ဒီလူကိုမေးလိုက်လို့ ရပါတယ်ဆိုတာမျိုး။ လက်တွေ့ ကျကျမေးလို့ရအောင် ကျွန်တော် တို့ ဖုန်းနံပါတ်ပေးလိုက်ပါမယ်။ အဲဒီလိုနည်းနဲ့ အဖြေရှာလို့ရမှာ ပါ။ မှား၏၊ မှန်၏ဆိုတာသိမှာပါ။

လက်ရှိ အခြေအနေမှာကော ကလေးတွေတကယ်အခိုးခံနေရ တာလား။ သတင်းအမှားတွေ ထွက်နေတာလားဆိုတာ ရဲတပ် ဖွဲ့က စစ်ဆေးတဲ့အပေါ်မှာ အ ဖြေတစ်ခုခုထွက်လာပြီလား။

အခုချိန်ထိ အရေးယူ လောက်တဲ့အနေအထားမျိုး တစ် ခုမှမတွေ့ဘူး။ hear say တွေပဲ ဖြစ်နေတာပေါ့။ ခုနပြောသလို ဖြစ်စဉ်တွေကတော့ အမှန်တွေပဲ။ သူ့ရဲ့နောက်ဆက်တွဲကို လိုက် ကြည့်လိုက်တဲ့အခါမှာ ဒီလိုကိစ္စ တွေက ရည်ရွယ်လုပ်တာမဟုတ် ဘဲနဲ့ သာမန်တိုက်ဆိုင်တာတွေ ဖြစ်နေတာပေါ့။

ကလေးခိုးပြီး အိမ်နီးချင်းနိုင်ငံ တွေကို ရောင်းချတဲ့ ဈေးကွက်က ကော အမှန်တကယ်ရှိနေလား ခင်ဗျ။

လူကုန်တားရဲတပ်ဖွဲ့သမိုင်း မှာတော့ ဒါမျိုးမရှိသေးဘူး။ အ ရင်တုန်းက ကလေးတွေကို တရုတ်ပြည်မှာ အဓမ္မမွေးစားဖို့ အတွက် ရောင်းစားတာတွေရှိ တယ်။၂၀၀၉-၂၀၁၀ မတိုင်ခင်က ဖော်ထုတ်အရေးယူတာတွေရှိခဲ့ တယ်။ ထိုင်းနိုင်ငံနဲ့ ဆက်စပ်တာ တော့ဒါမျိုးမရှိဘူး။ အဓမ္မတောင်း ရမ်းခိုင်းတာတို့၊ စာအုပ်တွေ ရောင်းခိုင်းပြီး ငွေရှာခိုင်းတာတော့ ဒါမျိုးတွေတွေ့ခဲ့တယ်။ ကလေး တွေမွေးစားဖို့ဝယ်တာက တရုတ် ပြည်နဲ့ ဆက်စပ်ပြီးဖြစ်ခဲ့ဖူးတယ်။ လွန်ခဲ့တဲ့ လေးငါးနှစ်က ဖြစ်တာ။ ခုနောက်ပိုင်းဒါမျိုးမဖြစ်တော့ ဘူး။ ရောင်းစားတယ်ဆိုတာမှာ တချို့က မိဘတွေတောင်ပါသေး တယ်။ တချို့ကတော့လည်း တရုတ်က ကလေးတွေဝယ်မှန်း သိလို့ ကလေးကို မိဘတွေမသိခင်မှာ ခိုးပြီးရောင်းစားတာ။ ဒါတွေလည်း လူကုန်ကူးမှုမြောက်တာပဲ။ ကျွန်တော်တို့က ဖော်ထုတ်အရေးယူခဲ့တာတွေရှိတယ်။ အခုတော့ ဒါမျိုးတွေမရှိတော့ပါဘူး။

ရှင်းရှင်းလင်းလင်းလေး သိချင် တာတစ်ခုက အင်တာနက်သ တင်းတွေမှာလို ကလေးတွေကိုခိုး ပြီးကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ရောင်းစားတဲ့ဈေးကွက်ရှိပါသ လားခင်ဗျာ။

၂၀၁၀ မတိုင်မီက တရုတ် နိုင်ငံကို ရောင်းစားကြတဲ့အမှုတွေ ရှိတယ်။ အဲဒါတွေကတော့ မွေး စားဖို့ပေါ့။ ကျွန်တော်တို့ကအရေး ယူမှန်းသိတော့ နယ်စပ်မှာရှိတဲ့ တိုင်းရင်းသားတွေက နောက်ပိုင်း မှာ ဒါမျိုးတွေမလုပ်ကြတော့ဘူး။ အင်တာနက်သတင်းတွေမှာပါတဲ့ တရုတ်နိုင်ငံမှာ ကလေးတွေကို ကလီစာတွေထုတ်တယ်။ ဘာ ညာဆိုတာ အဲဒီလိုဖြစ်စဉ်မျိုး ဒီ နိုင်ငံမှာတစ်ခါမှ အရေးမယူခဲ့ဖူး ပါဘူး။ တရုတ်နဲ့ရော ထိုင်းနဲ့ရော ဒါမျိုးဆက်စပ်ဖြစ်ပွားတာမရှိပါ ဘူး။ ဒါပေမဲ့ အင်တာနက်ထဲမှာ သူများနိုင်ငံမှာဖြစ်တာကို ကိုယ့် နိုင်ငံမှာဖြစ်တယ်ဆိုပြီး သတင်း မှားတွေတင်တော့ စိုးရိမ်ကြတော့ တာပေါ့။ ကောလာဟလတွေဆို ပြီး ရမ်းပြီးပြောနေတာမဟုတ်ပါ ဘူး။ တကယ့်ဖြစ်ရပ်တွေနဲ့ ကော လာဟလနဲ့ရောပြီး ဖြန့်နေကြ တာ။ ချင့်ချိန်ပြီးတော့ယုံကြပါ။

ပြည်သူလူထု စိုးရိမ်မှုလျော့ကျဖို့ သီးသန့်သတင်းထုတ်ပြန်ဖို့ရှိပါသ လားခင်ဗျာ။

အခုဟာကတော့ တပ်ဖွဲ့အ နေနဲ့ သီးခြားထုတ်ပြန်ဖို့မရှိသေး ပါဘူး။ ဒါပေမဲ့ ပြည်သူတွေကို အ သိပေးချင်တာပေါ့။ ပြည်သူတွေ ဆိုတာက သတင်းတစ်ခုကို ပထမဆုံးစတင်တဲ့သူတွေကို လည်း အသိပေးချင်တာပေါ့နော်။ အဲဒီတော့ကိုယ့်တိုင်းပြည်၊ ကိုယ့် လူမျိုးတွေ စိတ်ဆင်းရဲမှုမဖြစ် အောင် အကာအကွယ်ပေးကြပါ။ အကာအကွယ်ပေးဆိုတာ အမှန် ဖြစ်နေတဲ့ သတင်းကိုတင်လိုက် တာကတော့ ပြဿနာမရှိပါဘူး။ အမှန်မဟုတ်ဘဲနဲ့ ရည်ရွယ်ချက် နဲ့မမှန်တဲ့သတင်းတွေကို တင် လိုက်တာတော့ မလုပ်စေချင်ဘူး။ မလုပ်ကြဖို့ မေတ္တာရပ်ခံချင်ပါ တယ်။ နောက်တစ်ခုက ဒီသတင်း ကို ဖတ်လိုက်ရတဲ့သူတွေအနေနဲ့ လွယ်လွယ်ကူကူနဲ့ ကိစ္စတစ်ခုကို မယုံလိုက်ကြပါနဲ့။ ဦးနှောက် ဉာဏ်နဲ့ စဉ်းစားချင့်ချိန်ပြီးမှ သက်ဆိုင်ရာအရင်းအမြစ်တွေကို နည်းနည်းပါးပါးလေ့လာပြီးတော့ မှ ဝေခွဲပြီးမှ မှန်တယ်ထင်မှ ကလေးတွေအကျိုး၊ ကလေးမိဘ တွေရဲ့ အကျိုးအတွက် ဆက်ပြီး ဖြန့်ပေးကြပါ။

အခုလို ထူးခြားဖြစ်စဉ်တွေအ တွက် အစိုးရကကော ရဲတပ်ဖွဲ့ကို ဘာတွေညွှန်ကြားထားတာရှိပါ သလဲ။

မနေ့ကပဲ နေပြည်တော်က ညွှန်ကြားချက်ကို တပ်ဖွဲ့ဝင်တွေ ကို ချပြလိုက်တယ်။ ဒီလိုသတင်း တွေကြားတဲ့၊ သိတဲ့အချိန်မှာ အ ထက်က ညွှန်ကြားချက်ကို မ စောင့်ပါနဲ့။ ကိုယ့်ဒေသမှာဖြစ်ရင် ကိုယ်အရင်ဆုံး Confirm လုပ်ပြီး တော့ အဖြစ်မှန်ကို တင်ပြပေးပါ။  ဒါကတော့ ရုံးချုပ်ရဲ့ ညွှန်ကြားချက်တွေကို ဆက်ဖြန့်လိုက်တာပါ။

ဖြစ်နေတဲ့ ဖြစ်စဉ်တွေမှာ သတင်း မှားတွေပဲဖြစ်တာများနေတော့ သတင်းမှားဖြန့်နေတဲ့သူတွေကိုကောအရေးယူသွားဖို့ရှိလားခင်ဗျာ။

မဟုတ်မမှန်လုပ်ကြံပြီး တော့ သတင်းလွှင့်တဲ့သူတွေကို ပြစ်မှုဆိုင်ရာ ဥပဒေအရ အရေး ယူလို့ရပါတယ်။ ဒါပေမဲ့ ဒီနေ့အ ထိတော့ အရေးယူထားတာမရှိ သေးဘူး။ ပုဂ္ဂိုလ်တစ်ဦးတစ် ယောက်နစ်နာအောင်တိုင်ရင် တော့ မမှန်စွပ်စွဲတာတို့၊မမှန်တိုင် ကြားတာတို့မှာ ရဲတပ်ဖွဲ့ကနေ ပြစ်မှုဆိုင်ရာဥပဒေအရ အရေးယူ သွားမှာပါ။

ရည်ရွယ်ချက်ရှိရှိ ကောလာဟလ ဖြန့်နေတဲ့သူတွေလည်း ရှိနေ တယ်လို့သိရတော့ သတင်းမှားစ ဖြန့်တဲ့သူတွေကိုကော ရဲတပ်ဖွဲ့ အနေနဲ့ခြေရာခံမိနေပြီလားသိပါ ရစေ။

အခုထိတာ့ မတွေ့ရသေး ဘူး။ ဖော်တော့ဖော်ထုတ်နေ တယ်။ လားရှိုးမှာလည်း ကလေး တစ်ယောက်သေနေတယ်။ ဘာ ညာဆိုပြီး သတင်းမှားတွေ တင် ထားလို့ လိုက်နေတယ်။ တွေ့ရင် တော့ အရေးယူမှာပါ။ အခုထိ တော့မတွေ့သေးဘူး။ အခုစုံစမ်း စစ်ဆေးရေးတွေ လုပ်နေပါ တယ်။ အားလုံးကို ခြုံငုံပြီးသတင်း ထုတ်ပြန်အသိပေးတာမျိုး လုပ် သွားဖို့လည်းရှိပါတယ်။

မန္တလေးမှာဆိုရင် ကလေးသူခိုး လို့ စွပ်စွဲခံရတဲ့သူကို ၀ိုင်းရိုက်လို့ သေဆုံးသွားတဲ့အထိ ဖြစ်လာ တယ်။ ဒါမျိုးကြုံလာခဲ့ရင် ပြည်သူ တွေကို ဘယ်လိုတုံ့ပြန်ဖို့ အကြံ ပေးချင်ပါသလဲ။

သူ့ဘာသာသူ ကလေးခိုးမှု က ကလေးခိုးမှုပဲ။ ၀ိုင်းရိုက်လို့ သေသွားရင်တော့ သူတို့ပါဝင် ပတ်သက်တဲ့သူတွေ ဥပဒေအရ ရှင်းရမှာပဲ။ အခုက ရုန်းရင်းဆန် ခတ်မှုပုံစံမျိုး။ သူလိုလို ကိုယ်လို လိုနဲ့ လူအုပ်က ၀ိုင်းပြီးသမလိုက် တဲ့အခါကျတော့ တရားခံဘယ်သူ လဲဆိုတာ အဲဒီမှာပါတဲ့သူတွေက တော့ အစစ်ဆေးခံရမှာပေါ့။ ဒါ မျိုးနောက်ထပ်ကြုံလာခဲ့ရင် လည်း ပြည်သူလူထုက ၀ိုင်းဖမ်း ပေးဖို့တော့ တာဝန်ရှိပါတယ်။ ဒါပေမဲ့ ကိုယ်ထိလက်ရောက်မ လုပ်ဘဲနဲ့ သက်ဆိုင်ရာရဲစခန်းကို ဥပဒေအတိုင်း ဆက်လုပ်ဖို့ အပ်နှံ ပေးရမှာပေါ့။ သွားလုပ်ရင်လုပ်တဲ့ သူမှာပဲ တာဝန်ရှိတာပေါ့။

ကျေးဇူးတင်ပါတယ်။
Ref:7day

No comments

Powered by Blogger.