ခဏခဏ ရေမချိုးသင့်တဲ့ အကြောင်းအရင်းများ
အမေရိကန်လူမျိုး ၃ ယောက်မှာ ၂ ယောက်က တစ်နေ့ ရေ (၁) ကြိမ် သို့မဟုတ် တစ်ကြိမ်ထက် မက ချိုးကြသူတွေဖြစ်တယ်လို့ YouGov စစ်တမ်းတစ်ခုအရ သိရပါတယ်။ ရေကို ဘာကြောင့် ခဏခဏ မချိုးသင့်သလဲဆိုတဲ့ အကြောင်းရင်းတွေမှာ…
သင့်ကိုယ်ဟာ သင်ထင်ထားသလို ညစ်ပတ်မနေပါ
နေ့စဉ်ရေချိုးတာဟာ ပူအိုက်၊ စိုထိုင်းသော ရာသီဥတုမှာ နေထိုင်သူတွေ သို့မဟုတ် ချွေးထုတ်လေ့ရှိသူ စသဖြင့် ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်အရ ချိုးပေးတာ အကောင်းဆုံး ဖြစ်ပါတယ်။ သင့်မှာ ချွေးသိပ် ထွက်လေ့ မရှိဘူးဆိုရင် ရေမချိုးဘဲ ၃၊ ၄ ရက် နေလို့ရတယ်လို့ အရေပြားရောဂါ အထူးကုဆရာဝန် Monika G Kiripolsky, MD က Men's Health ကို ပြောပြခဲ့ပါတယ်။
အရေပြား ယားယံ၊ နီမြန်း ပြီး ခြောက်သွေ့စေ
ခန္ဓာကိုယ်ရဲ့ အကြီးဆုံး အင်္ဂါအစိတ်အပိုင်းဖြစ်တဲ့ အရေပြားက ရောဂါခုခံကာကွယ်ရေးအဖြစ် အရေးကြီး လုပ်ငန်းကို ဆောင်ရွက်နေတာဖြစ်ပါတယ်။ မကြာခဏ ရေချိုးခြင်းက အထူးသဖြင့် ဆောင်းရာသီကာလတွေမှာ ဒီ ရောဂါတွက် အတားအဆီးကို အားနည်းစေပြီး အရေပြား ယားယံမှုကို ပိုဖြစ်စေပါတယ်။ ဆပ်ပြာနဲ့ ရေနွေးက အရေပြားအတွင်းရှိ အကျိချွဲ၊ အဆီတွေကို ပျော်ဝင်စေပါတယ်။ ဒါ့ကြောင့် ရေများများချိုးလေ၊ အရေပြား ပျက်ဆီးမှု ပိုများလေ ဖြစ်ပါတယ်။
ကိုယ် အခြောက်သုတ်ခြင်းဖြင့် အရေပြား ထိခိုက်မှု ဖြစ်စေ
ပုဝါနဲ့ ကိုယ်ကို ခြောက်အောင် သုတ်ခြင်းက နူးညံ့တဲ့ အသားအရေကို ပိုမို ပျက်ဆီး ထိခိုက်စေပါတယ်။ HowStuffWorks.com အရ လေနဲ့ ခြောက်စေတာ အကောင်းဆုံး လို့ သိရပါတယ်။ သို့သော် အချိန် အရမ်းကြာမယ် သို့မဟုတ် အိမ်ကြမ်းခင်း ရေမစိုချင်ဘူးဆိုရင် နူးညံ့တဲ့ ကိုယ်သုတ်ပုဝါ အသုံးပြုပြီး အရေပြားကို အားနဲ့ မာန်နဲ့ ပွတ်တိုက်ပေးမယ့်အစား တို့တို့ပြီး ဖြည်းညင်းစွာ သုတ်ပါ။
အနံ့အသက် သိပ်မကောင်းတဲ့ အပိုင်းကိုသာ ဆေးကြောပေးဖို့လို
နှစ်ရက် (၁) ကြိမ် သို့မဟုတ် တစ်ပတ်မှ တခါတလေ လောက် ချိုးပေးခြင်းက ကိုယ်ကို ကပ်စေးကပ်စေး ဖြစ်စေရင် ရေဘတ်လေး တိုက်ပေးပါ။
အကျိုးပြု ဘက်တီးရီးယားများ ဖယ်ထုတ်ပစ်
အရေပြားမှာ အကျိုးပြုတဲ့ ဘက်တီးရီးယားတွေ များစွာရှိနေပေမယ့် ရေချိုးခြင်းဖြင့် အလွန်သေးငယ်တဲ့ ဒီပိုးမွှားများကို လေထုထဲ ရောက်သွားစေတာပါ။ ပြန်လည်ပွားများလာကြမယ်ဆိုပေမယ့်လို့ နေ့စဉ်နဲ့ အမျှ ရှင်းထုတ်နေတာ ကောင်းတဲ့အချက်တော့ မဟုတ်ဘူးလို့ သိရပါတယ်။
Ref: Reader's Digest
No comments