Facebook က ၀န်ထမ်းအားလုံးအတွက် လစာပြည့် မိဘခွင့်လေးလကို တရားဝင်သတ်မှတ်ပေး


Facebook တည်ထောင်သူ၊ CEO Mark Zuckerberg ဟာ မကြာသေးမီတုန်းက ဇနီးဖြစ်သူ Priscilla Chan နဲ့ အတူ သူတို့ ရဲ့မွေးကင်းစကလေးကို ပြုစုစောင့်ရှောက်ဖို့ အတွက် ဖခင်ခွင့် နှစ်လတိတိ ယူထားကြောင်း ကြေငြာခဲ့တဲ့အတွက် ဝေဖန်မှုတွေ အများကြီး ရင်ဆိုင်ခဲ့ရပါတယ်။

Facebook ဟာ ကုမ္ပဏီရဲ့ တခြားဝန်ထမ်းတွေအတွက် မွေးကင်းစကလေးကို ဖခင်ကစောင့်ရှောက်ဖို့  အတွက်ခွင့် (ဖခင်ခွင့်) မပေးထားဘဲ အမေဖြစ်သူအတွက် မီးဖွားခွင့်ကိုသာ ပေးထားခဲ့တဲ့အတွက် အခုလို Mark Zuckerberg က ဖခင်ခွင့်ယူခဲ့ခြင်းအပေါ် ၀ိုင်းဝန်းအပြစ်တင်ခဲ့ကြတာဖြစ်ပါတယ်။

အခုအခါမှာတော့၊ ဆိုရှယ်မီဒီယာကုမ္ပဏီကြီး Facebook ဟာ အမေရိကန်ပြည်ထောင်စုနဲ့ နိုင်ငံရပ်ခြားက Facebook ၀န်ထမ်းတွေအားလုံးအတွက် လစာပြည့် မိဘခွင့်လေးလကို တရားဝင်သတ်မှတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။ ဒီ မိဘခွင့်လေးလမှာ အမေဖြစ်သူအတွက် မီးဖွားခွင့် လေးလ တင်မဟုတ်ဘဲ၊ ဖခင်ဖြစ်သူအတွက် ခွင့်လေးလပါ အကျုံးဝင်တဲ့အတွက် လိင်တူစုံတွဲတွေအတွက် တကယ့်ကို အကျိုးရှိတဲ့ပေါ်လစီတစ်ခု ဖြစ်လာမှာ ဖြစ်ပါတယ်။

Facebook က ချမှတ်လိုက်တဲ့ ခွင့်ပေါ်လစီကနေ အမေရိကန်နိုင်ငံတစ်လွှားမှာရှိတဲ့ နည်းပညာကုမ္ပဏီတွေ အပါအ၀င် တခြားကုမ္ပဏီကြီးတွေကလည်း အလားတူပေါ်လစီမျိုးချပေးသွားဖို့ အမေရိကန်နိုင်ငံက ၀န်ထမ်းတွေ အနေနဲ့ မျှော်လင့်လျက်ရှိပါတယ်။ လက်ရှိမှာတော့ အမေရိကန်နိုင်ငံကုမ္ပဏီတွေမှာ လစာပြည့်မိဘခွင့်ခံစားရမှုဟာ နည်းပါးလျက်ရှိပါတယ်။ အမေရိကန် အစိုးရအနေနဲ့ လည်း Facebook ပေါ်လစီကို အတုယူကာ ၎င်းတို့ ရဲ့ ညံ့ဖျင်းတဲ့ပေါ်လစီတွေကိုြ

No comments

Powered by Blogger.