အိမ်ထောင်ဖက်အမျိုးသားက ကိုယ့်ထက်အရပ်ပိုရှည်လေ အိမ်ထောင်ရေးပျော်ရွှင်မှုပိုများလေ ဖြစ်ကြောင်း လေ့လာတွေ့ ရှိ


ပျော်ရွှင်တဲ့အိမ်ထောင်ရေးကို ရရှိဖို့ အတွက် တစ်ယောက်နဲ့ တစ်ယောက် ၀ါသနာတူတာ၊ ဟာသဥာဏ်ရှိတာ ဒါမှမဟုတ် ပြည့်စုံကောင်းမွန်တဲ့လိင် ဆက်ဆံရေးရှိတာတို့  က အဓိကအချက်မဟုတ်ပါဘူး။   ဇနီးမယားတစ်ယောက်ကို တကယ်ပျော်ရွှင်စေဖို့ အတွက် အရပ်ရှည်တဲ့အမျိုးသားကသာ အဓိကဖြစ်တယ်လို့  လေ့လာမှုတစ်ခုမှာ ဖော်ပြခဲ့ပါတယ်။

သုတေသနပညာရှင်တွေရဲ့လေ့လာချက်အရ အိမ်ထောင်ဖက်နှစ်ယောက်ဟာ အရပ်ကွာခြားချက်များလေလေ၊ ဇနီးသည်က ပိုမိုပျော်ရွှင်လေဖြစ်တယ်လို့ ဆိုပါတယ်။ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ Konkuk တက္ကသိုလ်က သုတေသနပညာရှင် Kitae Sohn ဦးဆောင်ခဲ့တဲ့ လေ့လာမှုမှာ လူဦးရေကောက်ခံမှုစစ်တမ်းတစ်ခုက အမျိုးသမီးပေါင်း ၇၈၅၀ ရဲ့ ဒေတာအချက်အလက်တွေ ကို ကောက်ယူလေ့လာခဲ့တာဖြစ်ပါတယ်။ လေ့လာမှုအရ အရပ်ရှည်တဲ့အိမ်ထောင်ဖက်ကို ပိုင်ဆိုင်ထားတဲ့ ဇနီး တွေဟာ အိမ်ထောင်ရေးမှာပိုမိုပျော်ရွှင်ကြကြောင်း တွေ့ ရှိခဲ့ရပါတယ်။

ဒါပေမယ့် အရပ်ကွာဟချက် နဲ့ ဇနီးမယားတို့ ပျော်ရွှင်မှုတို့ အကြား သက်ရောက်မှုကတော့ အချိန်ကြာလာတာနဲ့ အမျှ နည်းပါး လာတတ်ကာ အိမ်ထောင်သက် ၁၈ နှစ်လောက်ကြာရင် လုံးဝကွယ်ပျောက်သွားတယ်လို့ Dr Sohn က ဆိုပါတယ်။ “ အမျိုးသားကအရပ်ရှည်ရင်ဇနီးပိုပျော်ရွှင်ရတဲ့ ဖြစ်နိုင်ခြေတစ်ခုကတော့၊ အမျိုးသမီးတွေဟာ အရပ်ရှည်တဲ့ အမျိုးသားကို ကြိုက်တတ်ကြလို့ ပါ။ ဒါပေမယ့် ဘာကြောင့်ကြိုက်တာလဲတော့ မပြောတတ်ကြဘူး။ ဘာနဲ့ တူလည်း ဆိုတော့ လူတွေဟာ အဆီများ၊အငန်လေးပါ၊ အချိုလေးကဲတဲ့အစားအသောက်ဆို ကြိုက်တတ် သလိုပေါ့၊ ဒီအစားအသောက်တွေရဲ့ ရှင်သန်မှုအတွက် အဓိကလိုအပ်တယ်ဆိုတာ မသိဘဲကြိုက်နေသလိုပေါ့။” လို့ Dr Sohn က ပြောပါတယ်။

ဒီ့အပြင် အရပ်ရှည်တဲ့အမျိုးသားကိုမှ အိမ်ထောင်ဖက်အဖြစ်ရွေးတတ်ကြတဲ့အမျိုးသမီးတွေဟာ မျိုးအောင်နိုင်ခြေလည်း ပိုများတယ်လို့ လေ့လာမှုမှာ ဖော်ပြပါရှိခဲ့ပါတယ်။

Ref: Dailymail 

No comments

Powered by Blogger.