အုန်းနို့က နို့ပြီးရင် နောက် အကောင်းဆုံးဖြစ်နိုင်ဖွယ်ရှိနေ


အုန်းနို့ကို နို့ပြီးရင် နောက်အကောင်းဆုံးအဖြစ် အာဟာရဗေဒဆိုင်ရာကျွမ်းကျင်ပညာရှင်အဖြစ် လူသိများတဲ့ Dr Josh Axe မှ သက်သေပြခဲ့ပါတယ်။ ဒါကို  ကျန်းမာရေးအတွက် သောက်သုံးခြင်းအပြင် ချက်ပြုတ်ခြင်းအတွက် ပါဝင်ပစ္စည်း တစ်ခုအဖြစ် တိုးမြင့်ဆောင်ရွက်ဖို့ အုန်းဖွံ့ဖြိုးရေး ဘုတ်အဖွဲ့ Coconut  Development Board ကို ဖွဲ့စည်းခဲ့ပါတယ်။ သဘာဝကျန်းမာရေးဖျော်ရည် တစ်မျိုးအဖြစ် အုန်းရည်/နို့ ကို သဘာဝဆေးအဖြစ်စေမယ့် လုပ်ငန်းကို ဆောင်ရွက်ခဲ့ပါတယ်။ ထုတ်လုပ်သည့် စက်ရုံမှာ အနံ့အရသာမျိုးစုံဖြင့် ထုတ်လုပ်ခဲ့ပါတယ်။

လေ့လာမှုများအရ နွားနို့မှာ လူတွေအတွက် အစာချေဖို့ ခက်ခဲစေတဲ့ သကြားတစ်မျိုးဖြစ်တဲ့ lactose ပါဝင်ပါတယ်။ ဒီအရာက အုန်းနို့မှာ မပါဝင်ပါဘူး။

Dr Axe ပြောဆိုချက်အရ ကလေးငယ် တစ်ယောက် နို့မရရှိတဲ့အခါ သို့မဟုတ် နို့လုံလောက်စွာမရလို့ ဖြည့်ပေးဖို့လိုအပ်တဲ့ အခြေအနေမျိုးတွေမှာ သီရိလင်္ကာနိုင်ငံ၊ မလေးရှား၊ ထိုင်း နဲ့ ဗယက်နမ်စတဲ့ နိုင်ငံတွေမှာ နွားနို့အစား အုန်းနို့ကို ကျယ်ပြန့်စွာ အသုံးပြုကြောင်း CDB အဖွဲ့ ဥက္ကဌ T.K. Jose က ပြောဆိုခဲ့ပါတယ်။ 

Ref: Indianexpress

No comments

Powered by Blogger.