၂ ယောက် ၁ ယောက် လိင်ဆက်ဆံ ခဲ့တယ်လို့ စွပ်စွဲခံရတဲ့ ဂျက်စတင်ဘီဘာ


တစ်ကမ္ဘာလုံးက ဂျက်စတင်ဘီဘာနဲ့ Kim Kardashian ရဲ့ အမ ဖြစ်သူ Kourtney Kardashian တို့ကို ဟိုတယ်တစ်ခုမှာ အတူတွေ့ရပြီးတဲ့နောက် သူတို့ နှစ်ယောက်ရဲ့ ကောလာဟလ တွေကိုသာ စိတ်ဝင်စားနေကြချိန်မှာ အခြား အမျိုးသမီး တစ်ယောက်ကလည်း ဂျက်စတင်ဘီဘာနဲ့ အတူ ၂ ယောက် ၁ ယောက်(Threesome) လိင်ဆက်ဆံခဲ့ရတယ်လို့ စွပ်စွဲလာပြန်ပါတယ်။ 

Radar Online ရဲ့ သတင်းဖော်ပြချက်တွေ အရတော့ ဗြိတိန် မော်ဒယ်လ် Laura Carter ဟာ ဂျက်စတင်ဘီဘာနဲ့ Threesome လိင်ဆက်ဆံမှု လုပ်ခဲ့ရတယ်လို့ ဆိုလာတာပါ။ E4's Young ဆိုတဲ့ တီဗွီအစီအစဉ် မှာပါဝင်ဖူးတဲ့ အသက် ၃၀ အရွယ် Laura က သူမနဲ့အတူ အခြား အမျိုးသမီး တစ်ယောက်ဟာ ဂျက်စတင်ဘီဘာ နဲ့ အတူ လိင်ဆက်ဆံမှု မှာပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။ 

သူမပြောပြတာကတော့ သူမနဲ့ ဘီဘာ ဟာ လွန်ခဲ့တဲ့ တစ်ပတ်လောက်တုန်းက လန်ဒန် အိုတူး ခန်းမမှာ တွေ့ဆုံခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အဲဒီနောက်မှာ ဂျက်စတင်ဘီဘာရဲ့ လုံခြုံရေးက သူမကို ဘီဘာနဲ့ မိန်းကလေး အယောက် ၂၀ လောက် ထိုင်နေတဲ့ စားပွဲ ဆီ ခေါ်ဆောင်သွားခဲ့ပြီး ဘီဘာက "မိန်းကလေး ၊ မင်း အရမ်းလှတယ် ၊ မင်းမှာ ထူးဆန်းတဲ့ မျက်လုံးတွေရှိတယ်" လို့ ပြောခဲ့တယ်လို့ သိရပါတယ်။ 

အဲဒီနောက်မှာတော့ ဘီဘာ ၊ Laura နဲ့ အခြား အမျိုးသမီးတစ်ဦးဟာ Rosewood ဟိုတယ်ကို ရောက်သွားခဲ့ပြီး အရက်သောက်ရင်းနဲ့ "Truth or Dare" ဆိုတဲ့ ဂိမ်းကို ဆော့ခဲ့ရတယ်လို့ သိရပါတယ်။ ထို အခန်းထဲမှာတော့ သီချင်းတွေ ဆူညံစွာဖွင့်ထားပြီး ယောကျာင်္းလေး ၄ ယောက်နဲ့ မိန်းကလေး ၁၀ ယောက်ခန့် ရှိနေခဲ့တယ်လို့ Laura ကဆိုပါတယ်။ 

Laura ရဲ့ ပြောကြားချက်အရ ဘီဘာဟာ မိန်းကလေးများစွာ ကို အခန်းထဲခေါ်သွားပြီး မိနစ် ၂၀ ခန့်အကြာမှာ Boxer ဘောင်းဘီ နဲ့ ပြန်ထွက်လာကာ Laura ကိုလည်း ခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက်မှာတော့ သူမကို နံရံမှာကပ်ကာ နမ်းခဲ့ပြီး ကုတင်ပေါ်ခေါ်တဲ့အခါမှာ ကုတင်ပေါ်မှာ မိန်းကလေးတစ်ယောက်ရှိနှင့်နေပြီးဖြစ်တယ်လို့ သူမက ဆိုပါတယ်။ 

နောက်ဆုံးမှာတော့ ရဲတပ်ဖွဲ့ဝင်တွေက ဆူညံသံတွေများတဲ့အတွက် ရောက်လာပြီး ပါတီပွဲ ပြီးဆုံးခဲ့ပေမယ့် ဘယ်သူမှတော့ အဖမ်းမခံခဲ့ရဘူးလို့ သိရပါတယ်။ Laura ကို ဘီဘာနဲ့ ကောင်းစွာ ချစ်တင်းနှောဖြစ်ခဲ့ရဲ့ လားလို့ မေးမြန်းတဲ့အခါမှာတော့ သူမပြောကြားခဲ့တာက ဘီဘာရဲ့ ကိုယ်လုံးတီး ဓါတ်ပုံထဲက လိင်အင်္ဂါနဲ့ လက်တွေ့ တွေ့ကြုံခဲ့ရတဲ့ လိင်အင်္ဂါတို့ဟာ တူညီမှု မရှိဘူးလို့ ပြန်လည်ဖြေဆိုခဲ့ပါတယ်။ 

trand

No comments

Powered by Blogger.