သင့်ရင်သားတွေ ဘာ့ကြောင့် နာကျင်နေရသလဲဆိုတာ


အမျိုးသမီးတွေအတွက် သိထားသင့်တဲ့ ကျန်းမာရေးဆိုင်ရာ အကြောင်းအရာလေးတွေရှိပါတယ်။ အမျိုးသမီးတွေဟာ သူတို့ခန္ဓာကိုယ်တွေနဲ့ သူတို့ဆက်နွယ်မှုတွေ တစ်ခုမဟုတ် တစ်ခုရှိနေတတ်ပါတယ်။ ဒါကို သတိထားမိကြပါရဲ့လား။ အမျိုးသမီးတွေမှာ အချိန်တိုင်းနီးပါး သူတို့ကို အချက်ပြနေတဲ့ ထူးဆန်းတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ရှိနေပါတယ်။ ခုပြောမယ့်အရာတွေက ကြောက်စရာကောင်းတာမျိုး မဟုတ်ပါဘူး။ သိထားသင့်တဲ့အရာပါ။

အမျိုးသမီးတွေအတွက် ရင်သားဆိုတာ တကယ့်ကို တန်ဖိုးရှိတဲ့ အရာတွေပါ။ ရင်သားဟာ သေးသေး ကြီးကြီး အမျိုးသမီးတွေကို ကိုယ်စားပြုတဲ့ ဆက်စီကျတဲ့ အရာတွေပါပဲ။ အမျိုးသားတွေဟာ  ဒါကို ချစ်မြတ်နိုးကြသလို ကလေးငယ်တွေအတွက်လည်း ဘယ်လောက်အရေးကြီးတယ်ဆိုတာ ရှင်းပြစရာတောင် မလိုတော့ပါဘူး။ ရင်သားအကြောင်းပြောရင် တစ်ခါတစ်လေ သင့်ရင်သားတွေ နာကျင်သလိုမျိုး ခံစားရတာ သတိထားမိကြပါလိမ့်မယ်။ ဒါဟာ ဘာ့ကြောင့်များလဲဆိုတာ သင်သိထားဖို့ လိုပါတယ်။

၁။သင်ဝတ်ထားတဲ့ ဘရာကြောင့်လားဆိုတာ တစ်ချက်ပြန်စဉ်းစားပါ။

သင်ဝတ်ထားတဲ့ ဘရာစီယာက အရမ်းကြပ်လွန်းနေပါသလား။ နိုင်ငံတကာမှာ ကောက်ယူထားတဲ့ စစ်တမ်းတွေအရတော့ အမျိုးသမီးတွေထဲက ၆၄ရာခိုင်နှုန်းဟာ သူတို့နဲ့အဆင်မပြေ မှားယွင်းတဲ့ ဘရာစီယာဆိုက်တွေကို ၀တ်ဆင်ထားကြပြီး တစ်ချို့ကတော့ သူတို့ဘရာဆိုက်ဘယ်လောက် ရှိသလဲတောင် မသိကြပါဘူးတဲ့။ မှားယွင်းတဲ့ ဆိုက်ဒ်ဝတ်ဆင်ခြင်းကြောင့် သင့်ရင်သားဟာ နာကျင်နေပါလိမ့်မယ်။ တစ်ခုလုံး နာကျင်နေတာမျိုး မဟုတ်ရင်တောင် ရင်သားအပေါ်ပိုင်းက အောင့်နေတာမျိုး ခံစားရနိုင်ပါတယ်။ ဒီတော့ ဘရာစီယာဆိုက်ကို သေချာရွေးချယ်ဖို့လိုပါတယ်။

၂။တစ်လမှာ တစ်ခါလောက်သာ ဖြစ်တဲ့ နာကျင်မှုမျိုးပါ။

အမျိုးသမီးတွေရဲ့ ရင်သားဟာ တစ်လချင်းစီမှာ အပြောင်းအလဲလေးတွေ ရှိနေတတ်ကြပါတယ်။ ဒါဟာ ရာသီလာချိန်နဲ့ ဆက်စပ်မှုလည်း ရှိနေပါတယ်။ ရာသီမလာခင်မှာ သင့်ဟော်မုန်းအပြောင်းအလဲတွေက ရင်သားအရွယ်အစားကို အနည်းငယ် ပြောင်းလဲပစ်လိုက်ပါတယ်။ အဲ့ဒီအချိန်မှာ ရင်သားက အရမ်းနူးညံ့နေသလို နာကျင်မှုကိုလည်း ခံစားရပါလိမ့်မယ်။ ဒါ့အပြင် သင်က ၀ိတ်ချဖို့ အစားအသောက်ပါ ရှောင်နေသူဆို ဒီလိုနာကျင်မှုကို ပိုခံစားရမှာပါ။ အဆီအစိမ့်နဲ့ အငန်များတဲ့ အစားအသောက်တွေကလည်း သင့်အတွက် သက်တောင့်သက်သာ မဖြစ်စေပါဘူး။ ဒီတော့ သင်ရင်သားအတွက် သက်တောင့်သက်သာဖြစ်စေမယ့် ဘရာစီယာအမျိုးအစားကို ရွေးချယ်ဝတ်ဖို့ လိုပါတယ်။

၃။သောက်နေတဲ့ ဆေးဝါးတွေကြောင့်လည်း ရင်သားနာကျင်နိုင်ပါတယ်။

စိတ်ကျရောဂါ ကုသဆေးတွေဟာ သင့်ရင်သားကို တစ်ခါတစ်လေ နာကျင်စေနိုင်ပါတယ်။ ဒါ့အပြင် တားဆေးတွေ သောက်တဲ့အခါမှာလည်း ဟော်မုန်းအပြောင်းအလဲတွေ ဖြစ်တာကြောင့် သင့်ရင်သားကိုပါ ပြောင်းလဲမှုတွေ ဖြစ်သွားစေပါတယ်။

၎။လေ့ကျင့်ခန်း အမျိုးအစား ပြောင်းလဲလုပ်ခြင်းကလည်း ရင်သားနာကျင်မှု ဖြစ်စေတာပါပဲ။

တစ်ခါတစ်လေ ရင်သားကို လက်နဲ့ကိုင်တွယ်ခံရတာမျိုးကလည်း သင့်ရင်သားကို နာကျင်စေပါတယ်။ ဒါမှမဟုတ် ကိုယ်လက်လေ့ကျင့်ခန်းလုပ်တဲ့အခါ၊ ၀ိတ်မတာတွေ၊ ရင်ဘတ်အတွက် ကစားတာတွေကလည်း သင့်ရင်သားကို နာကျင်စေတတ်ပါတယ်။

Ref:yourtango

No comments

Powered by Blogger.