လတ်တလော လူမှုမီဒီယာပေါ် ခေတ်စားနေတဲ့ ဂျပန်နိုင်ငံက အဖြစ်အပျက်လေးတစ်ခု


ဂျပန်တွေ ဒီထက် ထပ်မပေါနိုင်လောက်တော့ဘူးလို့ ယူဆပြီးကာမှ ဂျပန်နိုင်ငံကနေ စထွင်လိုက်ပြန်တဲ့ နောက်ထပ်နာမည်ကြီးရေးပန်းစားတဲ့ အရာတစ်ခု အင်တာနက်အွန်လိုင်းပေါ် ပျံ့နှံ့လာပါတယ်။ ပြိုင်ပွဲဝင်များ တစ်ဦးနဲ့တစ်ဦး ထိုးသတ်ကြတဲ့ ဂျပန်အားကစားပြပွဲများနဲ့ မတူပဲ ဒီရေပန်းစားခေတ်စားနေတဲ့ အရာလေးက အင်မတန်ချစ်စရာကောင်းပါတယ်။

အဲ့ဒါကတော့ ပုံမှာ မြင်ရတဲ့အတိုင်း မိဘတွေက သူတို့ကလေးတွေရဲ့မျက်နှာကို ကောက်ညင်းလုံးနဲ့ တူအောင် ဖိညှစ်ထားကြတာပါ။ အဟုတ်ပါ။ ကလေးမျက်နှာကို ဖိညှစ်ပုံဖော်လို့ ထွက်လာတဲ့ ပုံစံတွေထဲမှာ ကောက်ညင်းလုံး ပုံစံမျက်နှာက ရေပန်းအစားဆုံးဖြစ်ပါတယ်။

မိဘများအနေနဲ့ လက်မတွေကို ကလေးရဲ့ ပါးပြင်အောက်နားလေးမှာ ထားပြီး မျက်နှာကို ဘောင်ခတ်ထားလိုက်ကြတာပါ။ လူတွေက ခွေးတွေနဲ့ အိမ်မွေးတိရိစ္ဆာန်တွေမှာလည်း လိုက်တောင် လုပ်ကြည့်ကြပါတယ်။

ဒီ လူမှုမီဒီယာပေါ် ခေတ်စားနေတဲ့အကြောင်းအရာလေးကို ကြည့်ပြီး ကလေးတွေရဲ့မျက်နှာကို အရမ်းဖိမညှစ်လိုက်နဲ့အုံးနော်။ 

Ref: Yourtango

No comments

Powered by Blogger.