ကင်ဆာရောဂါကျွမ်းနေသူအမျိုးသားက သူကွယ်လွန်ပြီးနောက် မုဆိုးမတစ်ယောက်မကျန်ရစ်ရအောင်လို့  လိင်ဖျော်ဖြေအရုပ် (Sex doll) နဲ့ လက်ထပ်




ကင်ဆာရောဂါကျွမ်းနေသူ အမျိုးသားတစ်ယောက်ဟာ အရူးအမူးလက်ထပ်ချင်နေပေမယ့်လည်း သူကွယ်လွန်ပြီးနောက်မှာ ဇနီးသည် မုဆိုးမဖြစ်မှာကို မလိုလားဘူးလို့ ဆိုပါတယ်။ အခုအခါမှာတော့ အဆိုပါ အမျိုးသားဟာ လိင်ဖျော်ဖြေမှုပေးတဲ့အရုပ် (sex doll) တစ်ရုပ်နဲ့ လက်ထပ်လိုက်ပြီဖြစ်ပြီး သူတို့ ရဲ့ မင်္ဂလာပွဲ ဓာတ်ပုံတွေဟာ သူ့ ရဲ့ဇာတိတရုတ်နိုင်ငံမှာ ဟိုးလေးတကျော်ဖြစ်နေပါတယ်။
အဆိုပါဘေဂျင်းမြို့ သားဟာ သူမသေခင်မှာ ဖန်စီမင်္ဂလာပွဲဓာတ်ပုံရိုက်ရတဲ့အတွေ့ အကြုံလေးကို ရသွားချင်ခဲ့တာကြောင့် လူတစ်ယောက်ရဲ့အရွယ်အစားအတိုင်းရှိတဲ့ လေထိုးအရုပ်မကို သတို့ သမီးဝတ်စုံ ၀တ်ဆင်ပေးကာ သူ့ ဆန္ဒကိုဖြည့်ဆည်းခဲ့တာဖြစ်ပါတယ်။
မင်္ဂလာဓာတ်ပုံအတွဲလိုက်မှာ သတို့ သားဟာ သူ့ ရဲ့ပလတ်စတစ်သတို့ သမီးလေးကို နေရောင်ထိုးနေတဲ့ပြတင်းပေါက် ရှေ့ မှာ ကြင်နာစွာဖက်ထားပုံ၊ မှောင်ရိပ်ကျနေတဲ့ကြေးမုံမှန်ထဲမှာ ရိုမန်တစ်ဆန်ဆန် နှစ်ဦးသားပုံရိပ်ပေါ်နေပုံ၊ ချစ်ရိပ်အပြည့်နဲ့ တစ်ယောက်မျက်လုံးတစ်ယောက်စိုက်ကြည့်နေပုံ စတဲ့ လှပတဲ့ဓာတ်ပုံတွေ အများအပြား ပါဝင်ပါတယ်။
အသက် ၂၈ နှစ်အရွယ်အမျိုးသားဖြစ်သူရဲ့ အမည်ကိုတော့ ဖော်ပြထားခြင်းမရှိဘဲ၊ တရုတ်နိုင်ငံက အင်တာနက် အသုံးပြုသူတစ်ချို့ ကတော့ ဒါဟာ မားကတ်တင်းစတန့် ထွင်မှု တစ်ခုဖြစ်တယ်လို့ လည်း ခန့် မှန်းပြောဆိုနေမှု တွေ ရှိနေပါတယ်။
Ref: Dailymail 
Powered by Blogger.