ကျန်းမာရေးနဲ့ မညီညွတ်တဲ့ စားသောက်မှုပုံစံ အမှား (၃) ခု
ကျန်းမာရေးနဲ့ ညီညွတ်အောင်စားသောက်လျက် မိမိကိုယ်ကိုယ် ဂရုစိုက်ခြင်းက အားအင်တွေဖြစ်စေပြီး ကိုယ်ခံတွေအား တိုးမြင့်ပေးလို့ ပိုမိုနုပျိုသလိုခံစားစေနိုင်ပါတယ်။
ကျွန်ုပ်တို့ အများဆုံးလုပ်မိကြတဲ့အမှားတွေမှာ -
၁။ ထမင်းစားချိန်မဟုတ်တဲ့ အချိန်စပ်ကြား Junk Food စားခြင်း
ကြာရှည်ခံအောင်လုပ်ထားသည့် အစားအသောက်များဟာ လျင်မြန်လွယ်ကူပြီး အရသာရှိပေမယ့် ကျန်းမာရေးနဲ့ မကိုက်ညီပါဘူး။ ကြိုတင်ပြင်ဆင်ထားတဲ့ ကျန်မားရေးနဲ့ ညီညွတ်သော အစာပြေအစားအစာ အနည်းငယ်စားပါ။ ဒါမှ ဗိုက်ဆာလာချိန်အထိ ထိန်းပေးပါလိမ့်မယ်။ ပရိုတင်းဓာတ်ပါဝင်တဲ့ တစ်ယောက်စာ အစာပြေအစားအစာ များစွာရှိပါတယ်။ ထမင်းမစားတဲ့အချိန်စပ်ကြား ဗိုက်ဆာခြင်းကို ထိန်းပေးပါလိမ့်မယ်။
၂။ ထောပတ်၊ ဆီနဲ့ ဆား အလွန်အကျွံအသုံးပြုခြင်း
အရသာရှိသွားတာတော့ မှန်ပါတယ်။ ဒါပေမယ့် ထောပတ်များနေရင် ဆီးချိုရောဂါဖြစ်စေပါတယ်။ ဖြစ်နိုင်ရင် သဘာဝဟင်းခတ်အမွှေးကြိုင်များ၊ သဘာဝချိုစေတဲ့အရာတွေ အသုံးပြုပါ။
၃။ အစာရှောင်ခြင်း
ထမင်းမစားဘဲနေတဲ့အခါ ဗိုက်ကအဆမတန် ဆာပါတယ်။ အဲဒီအချိန်မှာ ထမင်းစားလိုက်တဲ့အခါ အလွန်အကျွံသုံးမိလျက်သား ဖြစ်သွားကြပါတယ်။
Ref: pinkhumdinger