သင့်စိတ်ပူနေတဲ့ ဒီအရာတွေက သင်ဘာလဲဆိုတာ ပြောပြမပေးနိုင်


လူတွေဟာ ပတ်ဝန်းကျင်၊ အသိုင်းအ၀ိုင်းကို လူတာထက်ပို ဂရုစိုက်လာတဲ့အခါ မခံစားသင့်တဲ့ ခံစားချက်တွေကြောင့် နာကျင်ကြရ၊ စိတ်မပူသင့်တဲ့ အရာတွေကို ပူပန်ပြီး စိတ်ပင်ပန်းကြရ၊ မလုပ်သင့်တာတွေကို လုပ်ဆောင်ရင်းနဲ့ အကျိုးမရှိတာတွေသာ ပိုမိုပိုင်ဆိုင်သွားကြတာပါ။ တကယ်တော့ သင်တို့ဟာ ဘာလဲဆိုတာမျိုးကို သင်တို့စိုးရိမ်ပူပန်နေတဲ့ အရာတွေက မဖော်ပြပေးနိုင်ပါဘူး။ ဒါ့ကြောင့် အဲ့ဒီအရာတွေအတွက် စိုးရိမ်ပူပန်ရင်း နေထိုင်သွားဖို့ မလိုအပ်ပါဘူး။
၁။သင် ဘယ်အရွယ်မှာ အပျိုစင်ဘ၀ကို ဆုံးခဲ့ခဲ့သလဲ ဆိုတာမျိုး
တစ်ချို့လူတွေဟာ ဆယ်ကျော်သက်အရွယ်မှာကတည်းက သူတို့ရဲ့အပျိုစင်ဘ၀ကို ဆုံးရှုံးခဲ့ပြီးဖြစ်ပါတယ်။ တစ်ချို့ကျတော့လည်း ကိုယ်တကယ်လက်ထပ်တဲ့သူနဲ့မှ ကိုယ့်ရဲ့အပျိုစင်ဘ၀ကို ပုံအပ်ချင်တာမျိုးရှိပါတယ်။ ဘယ်သူကတော့ဖြင့် မှားတယ်။ ဘယ်သူကတော့ဖြင့် မှန်တယ်ဆိုတာမျိုး မရှိတော့ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဖြစ်ပြီးသွားတဲ့အရာတစ်ခုကို တွေးပြီး နောင်တတွေနဲ့ တမှိုင်မှိုင်တတွေတွေ မနေသင့်ဘူးလေ။ သင်ဘယ်အရွယ်မှာ ဘယ်သူနဲ့နေခဲ့သလဲဆိုတာ တကယ်တော့ သင်ဘာလဲဆိုတာကို ပြောပြပေးနိုင်တဲ့အထိတော့ အရေးမပါပါဘူး။ ကိုယ်ကောင်းဖို့အတွက် ကြိုးစားနေထိုင်သွားဖို့သာ အရေးကြီးတာပါ။
၂သင် အထက်တန်းကျောင်းတုန်းက ဘယ်လောက်ထူးချွန်တယ်ဆိုတာမျိုး
သင် တက္ကသိုလ်မှာ ဘယ်လောက်တော်တယ်၊ အထက်တန်းကျောင်းတုန်းက ဘယ်လောက်ထူးချွန်တယ်ဆိုတာမျိုးက သင့်အပြောပါပဲ။ တခြားလူအတွက်တော့ သင့်လက်ရှိ လုပ်ဆောင်နေတဲ့ အရာတွေ၊ လုပ်ငန်းဆောင်တာပေါ် သင်ဘယ်လောက် တာဝန်ကျေသလဲဆိုတဲ့အပေါ်ကိုသာ ပိုစိတ်ဝင်စားပါလိမ့်မယ်။ အမှတ်ဘယ်လောက်ရတယ်၊ ကျောင်းမှာဘယ်လောက်ညံ့ခဲ့သလဲဆိုတာတွေက သင်ဘာလဲဆိုတာ ဖော်ပြပေးနေမှာ မဟုတ်ပါဘူး။
၃။သင့်ခန္ဓာကိုယ် အချိုးအစား
ဒီအချက်ကိုတော့ အမျိုးသမီးတွေအနေနဲ့ လက်ခံဖို့ တော်တော်လေး ခက်ခဲပါလိမ့်မယ်။ တကယ်တော့ ဘ၀မှာ လိုအပ်ချက်တွေအများကြီးနဲ့ နေထိုင်နေကြရတာပါ။ ဒီတော့ သင်သိထားရမှာက လူတစ်ယောက်ဟာ ပိန်တာ၊ ၀တာထက် ကျန်းမာဖို့သာ အဓိကပါ။ ပိန်လို့ လူဖြစ်ရှုံးတယ်၊ ၀လို့ လူတော့မတိုးဘူးဆိုတာတွေထက် သင်ဟာကျန်းမာရေးကောင်းပြီး နေရထိုင်ရ အဆင်ပြေဖို့သာ အရေးကြီးတာပါ။ ဒီတော့ သင့်စိတ်ထဲ မှတ်သားထားရမှာက သင်ဟာ သင့်ခန္ဓာကိုယ် အလေးချိန် မဟုတ်ပါဘူး။ အဲ့ဒီအရာဟာ နံပါတ်တွေသက်သက်ပါပဲ။ လူတစ်ယောက်ရဲ့ တန်ဖိုးနဲ့ ဒီခန္ဓာကိုယ်အလေးချိန် ဘာမှ မပတ်သက်ဘူးဆိုတာပါပဲ။
၎။သင့်ရဲ့လစာ
တစ်ခါတစ်လေ လူတွေဟာ လစာများများရမှ ဒါ လူ့တန်ဖိုးရှိတာလို့ ထင်ချင်ကြပါတယ်။ လစာများများရတဲ့သူက နည်းနည်းရတဲ့သူထက် ပိုတော်တယ်၊တတ်တယ်လို့လည်း ထင်မြင်တတ်ကြပါတယ်။ ဒါပေမယ့် လစာနဲ့ လူ့တန်ဖိုး သိပ်တော့ မဆိုင်ပါဘူး။ ကိုယ့်အလုပ်နယ်ပယ်မှာ ကိုယ်ဟာ ဘယ်လောက်တာဝန်ထမ်းဆောင်နိုင်သလဲ၊ ကိုယ်ဘယ်လောက်ကြိုးစားသလဲဆိုတာက ပိုအရေးကြီးပါတယ်။
၅။သင့်ရဲ့အသက်
ဆယ်ကျော်သက်ဘ၀ကို ဘယ်လောက်ခုံမင်ခုံမင် သင်ဟာ တစ်နေ့တော့ အဲ့ဒီအရွယ်ကို စွန့်ခွာပြီး လူကြီးလုပ်ရဦးမှာပါပဲ။ ဒါပေမယ့် အသက်ကြီးလာလို့ စိတ်ညစ်စရာ မလိုပါဘူး။ ဒါ့အပြင် ငါ ဒီဟာလုပ်ဖို့၊ ဒီအရာကို စတင်လုပ်ဆောင်ဖို့ အသက်များကြီးနေပြီလားလို့လည်း မတွေးပါနဲ့။ သင်လုပ်ဆောင်ချင်တဲ့အရာမှန်သမျှကို အသက်ကြောင့် မလုပ်ပဲနေလိုက်ရတာမျိုးဟာ တကယ်တော့ မဖြစ်သင့်ဘူးလေ။ သင်ဟာ အသက်အရွယ်ကြီးလာလေလေ သင့်မှာ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေလည်း ပိုများလာလေလေဆိုတာကို ခေါင်းထဲအမြဲထည့်ထားပါ။
၆။သင့်ရဲ့ဘရာစီယာဆိုဒ်
တကယ်တော့ ရင်သားတွေကြီးမှ သင်ဟာ ထက်မြက်တာ တော်တာမှမဟုတ်တာနော်။ သင့်ရဲ့တန်ဖိုးကိုလည်း အဲ့ဒါတွေနဲ့တိုင်းတာလို့မရပြန်ဘူးလေ။ ဒီ့အတွက် စိတ်ပျက်စိတ်ညစ်စရာမရှိပါဘူး။
Ref:yourtango

No comments

Powered by Blogger.