ရခိုင်ပြည်နယ်နောက်ဆုံးရသတင်းများ


---> မောင်တောမြို့ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေသည့် မောင်တောမြို့တောင်ဘက်ရှိ ကိုင်းကြီးရွာသစ်မှ ရွာသား ၁၀၀ ကျော်ခန့်သည် ယနေ့ (ဇွန် ၁၉ ရက်) နံနက် ၉ နာရီတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အကူအညီဖြင့် ၄င်းတို့၏ ရွာသို့ ပြန်လည်သွားရောက်နေကြောင်း သတင်းရရှိပါသည်။ အဆိုပါရွာသားများအတွက် လိုအပ်သည့် ငွေကြေး၊ ရိက္ခာများနှင့်အတူ ပြန်လည်နေရာချထားပေးရေးအတွက် သက်ဆိုင်ရာမှ စီစဉ်ပေးလျက်ရှိကြောင်း သိရှိရပါသည်။
--->စစ်တွေမြို့အနောက်ဘက် ၅ မိုင်အကွာတွင် ရှိနေသော အောင်နိုင်ရွာကို ဘင်္ဂါလီများ ၀ိုင်းထားသည်ဟု သတင်းရရှိသဖြင့် ထိုနေရာသို့ လုံထိန်းတပ်ဖွဲ့ဝင်များ သွားရောက်နေကြောင်းသိရ
->>> ရခိုင်ပြည် ရဲတပ်ရင်းစု၏ အဆင့်မြင့်အရာရှိတစ်ဦး၏ ယနေ့နံနက်ပိုင်းတွင် ပြောကြားချက်အရ ဘင်္ဂါလိများတွင် သေနတ်များ ရှိနေသည်ဆိုသော သတင်းများမှာ အတည်မပြုနိုင်သေးကြောင်း လုပ်သေနတ်များ ရှိနေသည်ဟု ယူဆရကြောင်း၊ ၄င်းတို့ အများဆုံးအသုံးပြုသည့် လက်နက်မှာ ဂျင်ကလိများ၊ မျှားများ၊ မီးကွင်း (ပုလင်းတွင်း ဓါတ်ဆီထည့်ပြီး မီးစာထုတ်ထားသော လက်နက်)များ ဖြစ်ကြောင်း သိရပါသည်။ သို့သော် ဘင်္ဂါလီများတွင် သေနတ်များရှိနေကြောင်း သတင်းမှာ စစ်တွေမြို့ခံများအကြား ပျံ့နှံ့နေကြောင်းသိရသည်။
ဇွန်လ (၁၂)ရက်နေ့ နေ့လည် ၂နာရီခွဲဝန်းကျင်တွင် စစ်တွေမြို့ ချင်းပျံလမ်းပေါ်ရှိ ဆီရီဆီရီဟိန္ဒူဘုရားကျောင်းနှင့် ဘုရားကျောင်းဝန်းကျင် ရပ်ကွက်များအား ရိုဟင်ဂျာများ၏ မီးရှို့ခြင်းများခံခဲ့ရသည်။ ယခုအချိန်တွင် အဆိုပါနေရာများရှိ ရဲတပ်ဖွဲများနေရာတွင် တပ်မတော်မှ ၀င်ရောက် နေရာယူပြီး ရပ်ကွက်ပြည်သူများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ မီးငြိမ်းသက်နိုင်ရန် အကာအကွယ်များပေးနေကြောင်း CJ Myanmar မှ သိရသည်။

->>> ယခုအချိန်တွင် စစ်တွေမြို့တွင် နေရာ ၃ နေရာ၌ မီးလောင်ကျွမ်းမှု တစ်ပြိုင်နက်တည်း ဖြစ်ပွားနေပြီး ဗျိုင်းဖြူရွာနှင့် ဓည၀တီ ရပ်ကွက်များ၏ မီးလောင်ကျွမ်းမှုမှာ ပိုမိုဆိုးရွားလာလျက်ရှိကြောင်း သိရသည်။ ထို့အပြင် စစ်တွေမြို့တွင် လုံခြုံရေးတပ်ဖွဲ့မှ သေနတ်ပစ်ခတ်မှုများ ဖြစ်ပေါ်နေသည်မှာ မဟုတ်ကြောင်းနှင့် ၀ါးပိုး ၀ါးရုံများ မီးလောင် ပေါက်ကွဲခြင်းသာဖြစ်ကြောင်း စစ်တွေမြို့သို့ ရောက်ရှိနေသည့် Eleven Media Group သတင်းထောက်က ပြောကြားခဲ့သည်။
->>>  ဓည၀တီရပ်ကွက်တွင် မီးရှို့ရန် ကြိုးစားခဲ့သူ ဘင်္ဂါလီလူမျိုး ငါးဦးခန့်ကို ဓာတ်ဆီပုံးများနှင့်အတူ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
->>> ဇွန် ၁၁ ရက် မောင်တောမြို့အခြေအနေမှာ မငြိမ်သက်သေးသဖြင့် ဌာနဆိုင်ရာရုံးများနှင့် ဘဏ်များကို ပိတ်ထားပြီး ဒေသတွင်း ပဋိပက္ခများကြောင့် မြို့တွင်းတွင် သွားလာသူများမှာ နည်းနေပြီး ဈေးများမှာလည်း မဖွင့်သည့်အတွက် ဒေသခံများ ၄၊ ၅ ရက်အတွင်း စားနပ်ရိက္ခာ ပြတ်လတ်မှုအတွက် စိုးရိမ်နေရကြောင်း သိရသည်။
->>> မောင်တောမြို့တွင် ဖြစ်ပွာနေသော ပဋိပက္ခများကြောင့် နယ်ကျေးရွာများမှ ရောက်ရှိလာကြသည့်ဒုက္ခ သည်များအတွက် ကယ်ဆယ်ရေးပစ္စည်းများကို လေယာဉ်နှစ်စင်းဖြင့် စစ်တွေမြို့မှ မောင်တောမြို့ သို့ ယနေ့နံနက် ၈ နာရီခန့်တွင် ရောက်ရှိလာကြောင်း သိရသည်။
နံနက် ၉ နာရီခန့်တွင် မောင်တောမြို့ အမှတ်(၅)ရပ်ကွက်ရှိ ဘင်္ဂါလီများမှာ မိမိနေအိမ်ကို မီး ရှို့ထွက်ပြေးနေသည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ မီးငြှိမ်းသတ်နေရကြောင်း သိရသည်။ အ ဆိုပါအိမ်များကို မီးငြှိမ်းသတ်နေ စဉ် အမှတ်(၄)ရပ်ကွက် ဗိုလ်မှူးရွာမှ ဘင်္ဂါလီများမှာလည်း မိမိနေ အိမ်များကို မီးရှို့ကာ မြို့ပြင်သို့ ထွက်ခွာသွားနေကြကြောင်း သိရသည်။ အဆိုပါမီးလောင်နေအိမ်များကိုလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များမှ မီးငြှိမ်းသတ်ရှင်းလင်းနေရကြောင်း သတင်းရရှိသည်။
->>>  မောင်တောမြို့နယ်အတွင်းရှိ ကျေး ရွာများတွင် တာဝန်ကျနေကြသည့် ကျောင်းဆရာ/မများမှာ ဖြစ်ပွား နေသည့် ပဋိပက္ခများကို စိုးရိမ်ကာ မိမိတို့နေထိုင်ရာ မြို့များသို့ ထွက်ခွာသွားရန် စီစဉ်နေကြကြောင်း သတင်းရရှိသည်။ အဆိုပါ ဆရာ/ မများ သွားလာနိုင်ရန်အတွက် သက် ဆိုင်ရာ မြို့နယ်ပညာရေးမှူးများ နှင့် ဒေသခံဆရာ/မများက စီစဉ်နေကြပြီး ယခုနှစ်တွင် အသစ်တာ ၀န်ကျလာသည့် ဆရာ/မများကို လိုက်ပါ ပို့ဆောင်သည့် မိဘများလည်း မောင်တောမြို့မှ ပြန်ရန် အခက်တွေ့နေကြောင်း သိရသည်။
->>> ဇွန် ၁၁ ရက် နေ့ စစ်တွေမြို့ မြောက်ဘက် ဗျိုင်းဖြူရွာနှင့် သံတော်လီရွာ အကြားတွင် ရခိုင်တိုင်းရင်းများနှင့် ဘင်္ဂါလီတို့အကြား တင်းမာမှု ဖြစ်ပွားနေပြီး ထိုနေရာသို့ စစ်တပ်နှင့် လုံထိန်းတပ်ဖွဲ့ဝင်များ သွားရောက်နေပြီ ဖြစ်ကြောင်း သိရပါသည်။ 

အဆိုပါ ရွာနှစ်ရွာအကြားတွင် မွန်းလွဲပိုင်းအချိန်က ထိပ်တိုက်တွေ့မှုဖြစ်ခဲ့ပြီး ရခိုင်တိုင်းရင်းသားသုံးဦးမှာ ဘင်္ဂါတို့၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ပါသည်။ သေဆုံးခဲ့သူ သုံးဦး အနက် နှစ်ဦး၏ အလောင်းကို ဘင်္ဂါလီများက သံတော်လီရွာအတွင်း ဆွဲယူသွားသဖြင့် ရခိုင် တိုင်းရင်းသားများက အလောင်း ပြန်ရရေးအတွက် သံတော်လီရွာအတွင်း ၀င်ရောက်ရန် ကြိုးစားရာမှ တင်မာမှု ဖြစ်ပေါ်နေခြင်း ဖြစ်ကြောင်း ထိုနေရာသို့ ရောက်ရှိနေသည့် Eleven Media Group မှ သတင်းထောက်က ပြောပါသည်။

သံတော်လီရွာသည် ဘင်္ဂလီများနေထိုင်သည့် ရွာတစ်ရွာဖြစ်ပါသည်။ တင်းမာမှု စတင် ဖြစ်ပွားနေချိန်၌ ထိုနေရာတွင် ရှိနေသော လုံခြုံရေးအင်အားမှာ နည်းပါးပြီး မလုံလောက်တော့သည့်အတွက် စစ်တပ်နှင့် လုံထိန်းများ ထပ်မံသွားရောက်နေခြင်း ဖြစ်သည်။

->>> ကျောက်ဖြူခရိုင် ရမ်းမြို့ အမှတ်(၂)ရပ်ကွက်တွင် ယနေ့ ၁၀ ရက်နေ့ ညနေ ၄ နာရီခန့်က အများပြည်သူ သောက်သုံးနေသော (ဘန်းတောင်) ရေကန်ကို ဘင်္ဂါလီအမျိုးသမီး နှစ်ဦးလာရောက်ပြီး လူအများသေစေနိုင်သည့် အက်ဆစ်များကို ရေကန်ထဲသို့ ပစ်ချရန် ပြုလုပ်နေစဉ် လုံခြုံရေးများက အလျှင်အမြန် ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိပါသည်။


->>> ဇွန်၉ရက် ညပိုင်းအထိ မောင် တောတွင် ရိုဟင်ဂျာဘက်မှ အာပီ ဂျေဖြင့်ပစ်ခတ်ခဲ့ကြောင်းနှင့် ညပိုင်းအထိ သေနတ် အလက် ၈၀ကျော် အစိုးရကရှာဖွေ ဖမ်းမိထားသည်ဟု သတင်းရရှိပါသည်။
->>> ရခိုင်ပြည်နယ် ၆ မြို့နယ်မှ ညမထွက်ရအမိန့်ထုတ်
ရခိုင်ပြည်နယ်၊စစ်တွေမြို့အပြင် ကျောက်ဖြူ၊ သံတွဲနှင့် ရမ်းဗြဲမြို့များတွင်လည်း ညမထွက်ရအမိန့်ထုတ်ပြန်လိုက်ပြီဖြစ်သည့်အတွက် ညမထွက်ရအမိန့်ထုတ်ပြန်ထားသည့်မြို့နယ် ၆မြို့နယ်ဖြစ်သွားပြီ ဖြစ်သည်။
“အခုလေးတင်ပဲကြေငြာသွားပြီ။ ပုဒ်မ ၁၄၄ထုတ်လိုက်မှပဲ နဲနဲစိတ်အေးသွားတော့တယ်။ ကျမတို့ဆီမှာ အစိုးရက မပိတ်ပေမယ့် ဈေးသည်တွေကတော့ သူတို့ဆိုင်တွေသူတို့ပိတ်လိုက်ကြပြီ။ ပစ္စည်းတွေကို အိမ်တွေကိုသယ်ထားကြပြီ”ဟု သံတွဲမြို့၊ အမှတ်(၄)ရပ်ကွက်မှ ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။
ထို့ပြင် ရမ်းဗြဲမြို့နယ်တွင်လည်း ညမထွက်ရအမိန့်ထုတ်ပြန်ရန် စာရွက်စာတမ်းများရရှိထားပြီဖြစ်ပြီး၊ ထုတ်ပြန်ရန်ပြင် ဆင်နေကြောင်း မြို့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
စစ်တွေမြို့တွင် ညမထွက်ရအမိန့်ကို ယနေ့နေ့လည်တွင်နိုင်ငံပိုင်ရုပ်မြင်သံကြားမှတဆင့်ထုတ်ပြန်ခဲ့သည်။ ညမထွက်ရအမိန့်ထုတ်ပြန်ထားသောမြို့နယ်များမှာ ဘူးသီးတောင်မြို့နယ်၊ မောင်တောမြို့နယ်၊ ကျောက်ဖြူမြို့နယ်၊ သံတွဲမြို့နယ်နှင့် ရမ်းဗြဲမြို့နယ်တို့ဖြစ်ကြောင်းသိရသည်။ [7Day News]

->>> ရခိုင်ပြည်နယ်တွင်ဖြစ်ပေါ်နေသောလ
က်ရှိအခြေအနေများနှင့်ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ယနေ့ည ၇ နာရီတွင် ပြုလုပ်ကျင်းပမည်ဖြစ်ကြောင်း စာပေစိစစ်နှင့်မှတ်ပုံတင်ဌာန ညွှန်ကြားရေးမှုးက ပြီးခဲ့သည့်မိနစ်ပိုင်းအတွင်းကပြောကြားသည်။ 
"တိုင်းဝန်ကြီးချုပ်တက်မှာပါ။ မီဒီယာတွေမေးခွင့်ရမရမသိသေးပါဘူး" ဟု ၄င်းကပြောသည်။[7Day News] 
->>> ရမ်းဗြဲမြို့နယ် ကျောက်နီမော်အုပ်စု သပြေချောင်ကျေးရွာနေ မသီတာထွေးအား မုဒိန်းကျင့် လူသတ် လုယက်မှုနှင့် ပတ်သက်သည့် အဓိက တရာခံတစ်ဦးဖြစ်သူ ထက်ထက် (ခ) ရော်ချီးမှာ ဇွန်လ ၉ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့ အကျဉ်းထောင်၌ မိမိဝတ်ထားသော လုံချည်အနားကို ဆုတ်ဖြဲကာ ကြိုးအဖြစ်ပြုလုပ်ပြီး မိမိကိုယ်ကို မိမိ အဆုံးစီရင်သွားကြောင်း သတင်းရရှိပါသည်။

->>> ဇွန်လ ၁၀ ရက်(ယနေ့) နံနက် ၆ နာရီတွင် အဆိုပါတရားခံ ထက်ထက်၏ အလောင်းကို ရင်ခွဲရုံတွင် ခွဲစိတ်ခဲ့ကြောင်းနှင့် နံနက် ၉ နာရီတွင် သဂြိုလ်ခဲ့ကြောင်း သိရသည်။
စင်္ကာပူ chanal 8 TV တရုတ်ဘာသာအစီအစဉ် ၆နာရီခွဲသတင်းမှာ မြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့ ဘင်္ဂလီရိုဟင်ဂျာဆူပူသောင်းကျန်းမှုအကြောင်းကို စောစောကပဲ လွှင့်သွားပါတယ်။ အဲဒီသတင်းမှာ ရိုဟင်ဂျာတွေက ဗုဒ္ဓဘာသာရခိုင်လူမျိုးတွေကို အကြမ်းဖက်တိုက်ခိုက်တဲ့အတွက် စစ်တပ်နဲ့ လုံထိန်းတွေက ခုခံကာကွယ်နေရကြောင်း ထုတ်လွှင့်သွားသည်ဟု သိရပါတယ်။
ညမထွက်ရအမိန့်ကို စစ်တွေမြို့အတွင်း လှည့်လည်ကြေညာနေသော မော်တော်ယာဉ်တစ်စီးကို ယနေ့ မွန်းလွဲပိုင်းက တွေ့ရစဉ်။ ဓာတ်ပုံ - ပန်းလမ်း(စစ်တွေ)
Powered by Blogger.