ဝေးခဲ့ပြီ

အေးစက်နေတဲ့ကော်ဖီတစ်ခွက်
အလွမ်းဇာတ်တစ်ပုဒ်ကိုကြည်ရင်း
မျက်ရည်စက်လက်နဲ့ (ငါ)
သြော်
ဒါဟာအလွမ်းလားလို့ သိချိန်မှာတော့
နင်နဲ့အဝေးဆုံးမှာ
ကွဲကြေနေတဲ့နှလုံးသားတစ်စုံကိုပိုက်ရင်း
ခြေစံရပ်နေခဲ့မိပြီ
တခါကကြားခဲ့ဖူးတဲ့စကားတွေ
သိပ်ချစ်တယ်တဲ့
အရမ်းလွမ်းတယ်တဲ့
တစ်သက်လုံးအတွက်တဲ့
ဒါတွေကငါ့ကိုရူးသွပ်စေခဲ့တာလား
တိတ်တိတ်လေးခေါ်ဖူးခဲ့ပါတယ်
တစ်လုံးတည်းသော နာမ်စားကို
မောင် တဲ့
ခုတော့
ခြေစုံရပ်နေတဲ့(ငါ)
နင်နဲ့ဝေးမှန်းမသိဝေးသွားခဲ့ပြီ
ရပြီ
ကလောင်ရှင် --မခွါညို --မိုးကုတ်--
Powered by Blogger.