ရဲတိုက် မလွတ်သေးကြောင်း ဒါရိုက်တာရီဇော် ဖြေရှင်း


ဇန်နဝါရီ ၄ ရက် လွတ် လပ်ရေးနေ့တွင် လွတ်ငြိမ်းချမ်း သာခွင့်နှင့် သရုပ်ဆောင်ရဲတိုက် လွတ်မြောက်လာသည်ဟု လူမှု ကွန်ရက်စာမျက်နှာ၌ ပျံ့နှံ့လာ ခဲ့သော်လည်း ယင်းသတင်းသည် မဟုတ်မှန်ကြောင်း ဆာတိုရီထုတ် လုပ်ရေးမှ ဒါရိုက်တာရီဇော်က ဖြေရှင်းထားသည်။

‘‘ရဲတိုက်လွတ်ပြီဆိုတာ မ ဟုတ်ပါ။ ဖုန်းဆက်မေးကြတာ သိပ်များလာလို့ အသိထောင်မှူး တစ်ယောက်ကို မေးကြည့်ပြီးပါ ပြီ။ ဝမ်းနည်းပါတယ်။ နောက်ဆုံး အယူခံတင်ထားတာ သုံးလေးလ ရှိပေမယ့် ကြားနာဖို့အလှည့်မ ရောက်သေးပါဘူး’’ဟု ဒါရိုက်တာ ရီဇော်က ၎င်း၏ဖေ့စ်ဘွတ်ခ်စာ မျက်နှာတွင် ရေးသားထားသည်။

သရုပ်ဆောင်ရဲတိုက်ကို ၂၀၁၃ ဇူလိုင် ၄ ရက်က ပဲခူးတိုင်း ဒေသကြီး ကျောက်တံခါးမြို့နယ် တွင် ဆေးခြောက်ဟုယူဆသော အရွက်ခြောက်တစ်ကျပ်သားခန့် လက်ဝယ်တွေ့ရှိမှုဖြင့် စတင်ဖမ်း ဆီးစစ်ဆေးခဲ့ပြီး ကျောက်တံခါး မြို့နယ် တရားရုံး၌ မူးယစ်ဆေး ဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ် သောဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၁၅/၁၆(ဂ) ဖြင့် ရုံးတင်စစ် ဆေးခဲ့ခြင်းဖြစ်သည်။

သို့သော် ဆေးစစ်ရာတွင် အောင်မြင်ခဲ့သောကြောင့် ပုဒ်မ ၁၆(ဂ)မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုဖြင့်သာ စစ်ဆေးခဲ့ပြီး အပြီးသတ်စီရင် ချက်ချရာ၌ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ခြောက်နှစ် ချမှတ်ခဲ့ သည်။

ထို့ပြင် ဗိုလ်တထောင်မြို့ နယ်ရှိ စိန့်မေရီကာသီဒြယ်ခရစ် ယာန်ဘုရားကျောင်းသို့ သွားရောက်ကာ မဖွယ်မရာ ပြုလုပ်ခဲ့ ခြင်းကြောင့် ဗိုလ်တထောင်မြို့ နယ်တရားရုံးက ဘာသာ၊ သာသနာညှိုးနွမ်းစေမှုပုဒ်မ ၂၉၅၊ ၂၉၅(က) တို့ဖြင့် စစ်ဆေးခဲ့ပြီး ၂၀၁၄ စက်တင်ဘာ ၁၈ ရက်တွင် ထောင်ဒဏ် တစ်နှစ် တစ်ပေါင်းတည်း ကျခံရန် အမိန့်ချမှတ်ခဲ့သည်။

ထို့ကြောင့် ရဲတိုက်၏ပြစ် ဒဏ်နှင့်ပတ်သက်၍ ရဲတိုက်ကို ချစ်ခင်သော အနုပညာရှင်များ၏ လက်မှတ်များဖြင့် သမ္မတကြီးထံ အသနားခံလွှာတင်ထားကြောင်း သတင်းရရှိသည်။

7daynews

No comments

Powered by Blogger.