ထိုင်းသံရုံးရှေ့ဆန္ဒပြတောင်းဆိုခဲ့သူများကို အရေးယူရန်မရှိ


ထိုင်းသံရုံးရှေ့တွင် ဆန္ဒပြနေသူများကို ၂၀၁၅ ဒီဇင်ဘာလက တွေ့ရစဉ် (ဓာတ်ပုံ - ကျော်ဇင်သန်း)
 မြန်မာလူငယ်နှစ်ဦးအ ရေးနှင့် ပတ်သက်၍ ထိုင်းသံရုံး ရှေ့သို့ လာရောက်ဆန္ဒပြတောင်း ဆိုခဲ့သူများကို အမှုဖွင့်အရေးယူ ရန် အစီအစဉ်မရှိကြောင်း ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့ မှ ဒုရဲမှူးကြီး ကျော်ထွဋ်က ပြော ကြားသည်။

‘‘ထိုင်းသံရုံးရှေ့မှာလာပြီး ဆန္ဒပြတဲ့သူတွေကို အမှုဖွင့်အရေးယူသွားဖို့ မရှိပါဘူး။ လာရောက် ဆန္ဒထုတ်ဖော်သူတွေကလည်း များတော့ သူတို့ဘယ်မှာနေလဲဆို တာလည်း မသိဘူး။ သံရုံးလုံခြုံ ရေးကတော့ ပုံမှန်အတိုင်းယူပေး ထားပါတယ်’’ဟု ဒုရဲမှူးကြီးကျော် ထွဋ်က ပြောသည်။

မြန်မာလုပ်သားနှစ်ဦးအရေး ဆန္ဒပြတောင်းဆိုလိုပါက ဥပဒေ အရ ခွင့်ပြုမိန့်တောင်းခံပြီး ဟစ် တိုင်နေရာနှင့် ဗိုလ်စိန်မှန်ကွင်းနေ ရာများ၌ ခွင့်ပြုပေးမည် ဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

‘‘ဆန္ဒဖော်ထုတ်ချင်တဲ့သူ တွေကို တရားဝင်ခွင့်ပြုပေးထား တဲ့ နေရာတွေရှိပါတယ်။ အများ ပြည်သူတွေ သွားလာရခက်တဲ့ နေရာတွေမှာတော့ ခွင့်မပြုဘူး။ ယာဉ်ကြောပိတ်ဆို့မှုတွေကြောင့် ပြည် သူတွေလည်း သွားလာရခက်ခဲတဲ့ အတွက်ပါ။ ခွင့်ပြုမိန့်ကို ငါးရက် ကြိုတင်ရင်ခွင့်ပြုပေးပါတယ်’’ဟု ၎င်းက ပြောသည်။

ဗြိတိန်နိုင်ငံသားခရီးသွားနှစ် ဦးအား သတ်ဖြတ်ခဲ့သည်ဆိုကာ မြန်မာလူငယ် နှစ်ဦးကို ထိုင်းနိုင်ငံ ကော့စမွီတရားရုံးက ဒီဇင်ဘာ ၂၄ရက်၌ သေဒဏ်ချမှတ်ခဲ့သည့်အပေါ်  ကျေနပ်မှု မရှိ၍ မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် ကန့်ကွက်ဆန္ဒပြမှုများ နေ့စဉ် ဖြစ်ပေါ်လာခဲ့ သည်။

အထူးသဖြင့် ရန်ကုန်မြို့ရှိ ထိုင်းသံရုံးရှေ့သို့ လာရောက်ပြီး လမ်း ပိတ်ဆို့ဆန္ဒပြမှုများ ကြောင့် ထိုင်းသံရုံးကောင်စစ်ဝန် ဌာနကို ယာယီပိတ်ထားရပြီး ယင်းမှ အစပြုသည့် ဆန္ဒပြမှုများသည် နယ်စပ်ဒေသအထိ ပျံ့နှံ့လာ၍ မြန်မာအစိုးရက တားဆီးပေးစေလိုကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်က ပြောကြားခဲ့သည်။
7daydaily

No comments

Powered by Blogger.