ကလေးမွေးပြီးနောက်ပိုင်း ချစ်တင်းနှီးနှောတာ ပိုမိုအနှစ်သာရရှိဟု ဆို


မီးဖွားပြီးနောက်ပိုင်း မိမိလက်တွဲဖော်နဲ့ ကိုယ်လက်နှီးနှောမှု ပြန်လည် လုပ်ဆောင်ခြင်းဟာ ပျှမ်းမျှအနေနဲ့ ၂ လ အောင့်ထားရမယ့် ဒုက္ခတစ်ခုဆိုပေမယ့် အချိန် ပြန်ကျရောက်လာတဲ့အခါ တက်ကြွမှု အားမာန်အပြည့်ရှိကာ စုံတွဲတွေအတွက် ချစ်ရည်လူးခြင်းကို ပိုမိုပျော်ရွှင်မှု ရရှိစေတယ်လို့ သုတေသနအသစ်တစ်ရပ်က ဖော်ပြထားပါတယ်။

ကလေးရှိသူ စုံတွဲ ၁,၁၁၈ ဦးထဲ လေ့လာမှုက ၉၄% က သူတို့ ကာမရသ ခံစားမှုနဲ့ ပတ်သက်ပြီး စိတ်ကျေနပ်မှုရှိတယ်လို့ ပြောဆိုကြပြီး ၆၀% က မီးဖွားပြီးနောက်ပိုင်း ပိုမိုကောင်းမွန်တယ်လို့ ဆိုကြကြောင်း ဖော်ပြထားပါတယ်။ဒါပေမယ့် မိခင်ဖြစ်ခါစသူတွေက သူတို့ချစ်တင်းနှီးနှောမှု ပြန်လည် မစတင်မီ ၅၈ ရက်ခန့် စောင့်ဆိုင်းကြရတယ်လို့ လေ့လာမှုအရ သိရပါတယ်။

အမျိုးသမီးအများစုက မီးဖွားပြီးနောက်ပိုင်းမှာ လက်တွဲဖော်တွေ သူတို့ကို စိတ်ဝင်စားမှုမရှိကြတော့မှာ စိုးရိမ်နေကြပေမယ့်လို့ ဗြိတိန်အခြေစိုက် parenting site ဖြစ်တဲ့ Channel Mum မှ ပြုလုပ်သည့် သုတေသနတွေ့ရှိချက်က အမျိုးသားတွေအနေနဲ့ သူတို့လက်တွဲများရဲ့ မီးဖွားအလွန် ရုပ်အသွင်အပြင်ဟာ အခုံးအကြွ ပိုများပြီး ပိုမို ပြည့်ဖြိုးတာကြောင့် ပိုနှစ်သက်သဘောကျကြတယ်လို့ ဖော်ပြထားပါတယ်။

လောလောလတ်လတ်မိခင် ၁၄% ကသာ ကလေးမွေးပြီးနောက်ပိုင်း မိမိ ခန္ဓာကိုယ်ကို  ယုံကြည်မှုရှိကြပါတယ်။ ကလေးရခြင်းက အချစ်ရေးနဲ့ ပတ်သက်လို့ ဖြစ်တတ်တဲ့ အကြီးမားဆုံး ပြောင်းလဲမှု ဖြစ်ပါတယ်။ ဒါ့ကြောင့် စုံတွဲများ ကွာရှင်းပြတ်ဆဲမှုဖြစ်စေခြင်းထက် ပိုမိုနီးစပ်မှုဖြစ်စေနိုင်တာ အံ့သြဖွယ် တွေ့ရတယ်လို့ Channel Mum တည်ထောင်သူ Siobhan Freegard က ဆိုပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အမျိုးသားတွေဟာ စောင့်ဆိုင်းရတဲ့ကာလ ကျော်ဖြတ်ပြီးတဲ့နောက် အမျိုးသမီးများထက် လိင်ဆံဆက်ဖို့ ပိုမိုစိတ်အားထက်သန်ကြကြောင်း ယင်းသုတေသနက ဖော်ပြထားပါတယ်။ ဖခင်တွေ တစ်ပတ် (၂)  ကြိမ် ချစ်တင်းနှီးလိုစိတ် ရှိစဉ်မှာ မိခင်တွေက တစ်ပတ် (၁) ကြိမ်သာ ရောင့်ရဲတင်းတိမ်မှု ရှိကြပါတယ်။

Ref:indianexpress 

No comments

Powered by Blogger.