လေဖြတ်တဲ့သူတွေကို အာမခံပြီး ကုသပေးနေတဲ့ ဗိန္နောဆရာ


 လေဖြတ်တဲ့သူတွေကို အာမခံပြီး ကုသပေးနေတဲ့ ဗိန္နောဆရာ  ကချင်ပြည်နယ် ဟိုပင်မြို့အနီး အာလံဗိုလ်ကျေးရွာတွင် လေဖျန်း လေဖြတ် ကိုယ်တခြမ်းသေ ရောဂါဝေဒနာများကို ဗိန္နောဆရာတစ်ဦးက အာမခံပြီး ကုသပေးလျှက် ရှိပါတယ်။ သူကုသပေးလိုက်တဲ့ ဝေဒနာသည်မှန်သမျှ ချက်ခြင်း ဆိုသလိုပဲ လမ်းထလျှောက်နိုင်တယ်လို့ သိရပါတယ်။ ( အောက်ဆုံးတွင် ဗီဒီယိုဖိုင်တွဲတင်ပေးထားပါသည် ) လူနာလာရောက်ပြီ ဆိုပါက ထိုလူနာသည်ကို ကုတင်တလုံးပေါ်တင်ပြီး လူအများက ဝိုင်းချုပ်ထားကြပြီး လူနာ၏ပေါင်ကို ဗိန္နောဆရာက ၅ ပေါင်ရှိ ရဲဒင်းတူနဲ့ ထုနှက်ပြီး ကုသပေးခြင်း ဖြစ်ပါတယ်။ ထိုလူနာ၏ ဝေဒနာသက်သာတာ မသာတာေ တာ့ မသိဘူး ဘေးကကြည့်တဲ့သူကတော့ ကြက်သိမ်းထမိပါတယ်။ အဆိုပါ လေဖြတ်ကိုယ်တစ်ခြမ်းသေ ရောဂါဝေဒနာကုသပေးနေတဲ့ ဗီဒီယိုဖိုင်ကို ဒေသခံတစ်ဦးက ရိုက်ကူးရရှိခဲ့ပြီး ယင်းဗီဒီယိုဖိုင်အား လူမှုကွန်ယက်ပေါ် တက်ခဲ့ရာမှ ဝေဖန်များထွက်ပေါ်လာခဲ့ပြီး လူသိများ ရေပန်းစားလာခဲ့ခြင်း ဖြစ်ပါတယ်။ လူမှုကွန်ယက် သုံးစွဲသူတဦးကဆို “လူသတ်​​နေကြတာလား ​ဆေးကု​နေတာလား” ဟုလို့တောင် ဝေဖန်ခဲ့ပါသေးတယ်။ ဗိန္နောဆရာက လူနာကို ဆေးကုသပေးနေတဲ့ ဗီဒီယိုဖိုင်ကိုတော့ အောက်တွင်ကြည့်ရှုနိုင်ပါတယ်။
ctedit;sunthit.


No comments

Powered by Blogger.