ရင်သားကင်ဆာ သံသယဖြစ်ဖွယ်လက္ခဏာများ ပျိုမေတို့သိရအောင် shareထားနော်


ရင်သားကင်ဆာ သံသယဖြစ်ဖွယ်လက္ခဏာများ ရင်သား၊ ချိုင်းနေရာတွင် အလုံး၊ အကျိတ်ပေါ်လာ ခြင်း၊ အရေပြားရောင်ရမ်းခြင်း၊ အရောင်ပြောင်းလာ ခြင်း၊ ရင်သားအရွယ်အစားပုံသဏ္ဌန်ပြောင်းလဲသွားခြင်း၊ ရင်သား အရေပြားချိုင့်ဝင်ခြင်း၊ နို့သီးတွင် ယားယံခြင်း၊ အနာဖေးတက်ခြင်း၊ နို့သီးခေါင်းအတွင်းသို့ချိုင့်ဝင်သွား ခြင်း၊ နို့သီးခေါင်းမှအရည်၊ သွေးထွက်ခြင်း၊ ရင်သား တစ်နေရာတည်းတွင် တင်းခြင်း၊ နာခြင်းတို့မှာ ရင်သား ကင်ဆာသံသယဖြစ်ဖွယ်လက္ခဏာများ ဖြစ်သည်။ ''အရွယ်ရောက်ပြီးသူတိုင်း မိမိရင်သားအနေအထား ကို သိထားသင့်ပါတယ်။ ရောဂါလက္ခဏာ တွေ့တယ် ဆိုရင်လဲ ဆရာဝန်နဲ့အချိန်မီပြသဖို့ လိုအပ်ပါတယ်။ ရောဂါကို စောစောတွေ့လေကုသမှုအောင်မြင်နိုင်လေ ဖြစ်ပြီး ရှက်တာ၊ ကြောက်တာ၊ ဆေးမြီးတိုနဲ့ ကုသတာ တွေဟာရောဂါကို ရင့်လာစေပါတယ်''ဟု ယင်းက ဆို သည်။ အသက်နှစ်ဆယ်ကျော်ကနေစ ပြီး မိမိရဲ့ရင်သား အနေအထားကို သိရှိရန်လိုအပ်ကြောင်း သိရသည်။ ရင်သားကင်ဆာ ဖြစ်နိုင်ခြေပိုများသူများ မိခင်၊ ညီအစ်မ၊ အဖွားနှင့် အဒေါ်များတွင် ရင်သား ကင်ဆာဖြစ်ဖူးသူများ၊ အသက် ၁၂နှစ်မတိုင်မီစောစီး စွာရာသီစလာသူများ၊ အသက် ၅၅နှစ်နောက်ပိုင်းမှ သွေး ဆုံးသူ၊ အမျိုးသမီးဟော်မုန်းများကို ငါးနှစ်အထက်အသုံး ပြုသူ၊ ကိုယ်အလေးချိန်များလွန်းသူ၊ အဝလွန်သူ၊ ဆေး လိပ်သောက်သုံးသူများမှာ ရင်သားကင်ဆာဖြစ်နိုင်ခြေ ပိုများကြောင်း သိရသည်။ ''အမျိုးသမီးဟော်မုန်းတွေပါတဲ့ ပဋိသန္ဓေတား ဆေးတွေကို ငါးနှစ်အထက် အသုံးပြုတဲ့ အမျိုးသမီးတွေ အနေနဲ့ ရင်သားကင်ဆာဖြစ် နိုင်ခြေပိုများပါတယ်''ဟု ယင်းက ဆက်လက်ပြောကြားသည်။ ဖြစ်နိုင်ခြေမရှိသော်လည်း ရင်သားကင်ဆာဖြစ်ပွားနိုင် ဖြစ်နိုင်ခြေမရှိသော်လည်း အသက် ၄ဝ ကျော် လာပါက ရင်သားကင်ဆာဖြစ်ပွားနိုင်မှုမှာများလာလေ ဖြစ်ကြောင်း သိရသည်။ အနောက်နိုင်ငံများတွင် အသက် ၅ဝ ကျော်ပါက အမျိုးသမီးများ ရင်သားကင်ဆာဖြစ်ပွားလေ့ရှိပြီး အာ ဆီယံနှင့်အရှေ့တောင် အာရှနိုင်ငံများတွင် အသက် ၄ဝကျော်ပါက အမျိုးသမီးများ ရင်သားကင်ဆာဖြစ်ပွား လေ့ရှိကြောင်း၊ အမျိုးသားများတွင်လည်း ရင်သား ကင်ဆာဖြစ်ပွားနိုင်သော်လည်း ဖြစ်ပွားမှုအလွန်နည်း ကြောင်း သိရသည်။ မိမိကိုယ်တိုင် ရင်သားကင်ဆာဖြစ်၊ မဖြစ်စမ်းသပ်နိုင် ရင်သားကင်ဆာဖြစ်မဖြစ် မိမိကိုယ်တိုင် နည်းလမ်း သုံးမျိုးဖြင့် စမ်းသပ်နိုင်ပြီးမတ်တတ်ရပ်၍ ကြည့်ရှုနည်း၊ မတ်တတ်ရပ်၍ စမ်းသပ်နည်း၊ အိပ်လျက်စမ်းသပ်နည်း တို့ဖြစ်ကြောင်း ယင်းကဆက်လက်ပြောကြားသည်။ မိမိကိုယ်တိုင်ရင်သားကင်ဆာဖြစ်မဖြစ် မတ်တတ် ရပ်၍ ကြည့်ရှုနည်းဖြင့် လစဉ်ပုံမှန်စမ်းသပ်နိုင်ပြီး ယင်း သို့ လစဉ်ပုံမှန်စစ်ဆေးခြင်းသည် အရေးကြီးပြီးအလေ့ အကျင့်တစ်ခုဖြစ်လာရန် လိုအပ်ကြောင်း သိရသည်။ မတ်တတ်ရပ်၍ ကြည့်ရှုနည်း ******************************* ရင်သားကင်ဆာဖြစ်ပွားခြင်း ရှိ၊ မရှိ သိရှိစေရန်- (၁)အလင်းရောင်ကောင်းကောင်းရသောအခန်းရွေးပါ။ (၂)ခါးအထက်ပိုင်းအဝတ်အစားအားလုံးချွတ်ပါ။ (၃)မှန်ရှေ့တွင် ရပ်ပါ။ (၄)ရှေ့တည့်တည့်ကြည့်ပြီး လက်နှစ်ဖက်စလုံးကို ဘေး တွင်ဖျော့၍ ချထားပါ။ (၅)မှန်တွင်းမှ မိမိရင်သားတစ်ခုစီကို သေချာစွာကြည့်ပါ။ - ရင်သားနှစ်ခုမတူညီတတ်ပါ။ - တစ်ဖက်မှာ အနည်းငယ်အောက်ရောက်နေတတ်ပါ သည်။ ပုံမှန်သာ ဖြစ်ပါသည်။ - ပုံမှန်မဟုတ်သော ရင်သားအရောင်ပြောင်းလဲခြင်း၊ ချိုင့်ဝင်ခြင်း၊ ပုံသဏ္ဌာန်ပြောင်းလဲခြင်း၊ အရွယ်အစား ပြောင်းလဲခြင်းရှိ၊ မရှိကြည့်ပါ။ ၆။ ခန္ဓာကိုယ်အနည်းငယ်စီ ဘယ်၊ ညာလှည့်ပြီး မိမိ ရင်သားတစ်ဖက်စီကို ထောင့်အမျိုးမျိုးမှ ကြည့်ပါ။ ၇။ လက်နှစ်ဖက်စလုံးကို ဦးခေါင်းပေါ် မြှောက်တင်လိုက်ပါ။ ရင်သားအရေပြားမသိမသာပြောင်းလဲမှုရှိ၊ မရှိကြည့်ပါ။ ၈။ ဘယ်လက်ကိုမ၍ လည်ပင်းကို နောက်ဘက်မှ ကိုင် ထားပါ။ ဘယ်ဘက်ရင်သားအောက်ပိုင်းကို ညာဘက် လက်ဖြင့် အပေါ်သို့မပြီးကြည့်ပါ။ ညာဘက်ရင်သားကို လည်း ထိုနည်းအတိုင်းကြည့်ပါ။ ၉။ လက်နှစ်ဘက်စလုံးကို မိမိခါးပေါ်သို့ တင်းတင်း ထောက်ထားပါ။ ရင်အုပ်ကြွက်သားများတောင့်တင်း လာပါမည်။ ရင်သားအရေပြား မသိမသာချိုင့်ဝင်ခြင်း၊ နို့သီးခေါင်း အပြောင်းအလဲရှိ/မရှိ ရင်သားနှစ်ဘက် စလုံးကို ကြည့်ပါ။ ၁ဝ။ လက်နှစ်ဖက်စလုံးရှေ့ကို ဆန့်တန်းပြီး မိမိခါးကို ရှေ့သို့ ကုန်းညွတ်လိုက်ပါ။ ခန္ဓာကိုယ်ကို ဘေးတိုက် အနေအထားလှည့်ထားပြီး မှန်ထဲတွင်ကြည့်ပါ။ ရင်သား နှစ်ခု စလုံးပုံမှန်ဖြစ်ပါက ရင်အုပ်မှခွာ၍ ရှေ့သို့တွဲ လောင်းကျလာပါမည်။ မတ်တတ်ရပ်၍ စမ်းသပ်နည်း ******************************** ရင်သားနှင့် ချိုင်းတို့တွင် ပုံမှန်မဟုတ်သော အလုံး၊ အကျိတ်များ ရှိမရှိ မိမိကိုယ်တိုင်မတ်တတ်ရပ်ပြီး စမ်း သပ်နိုင်သည်။ (၁)စမ်းသပ်ရမည့်နေရာမှာ ရင်သားအပေါ်ဘက် တွင် ညှပ်ရိုး အောက်နားမှစ၍ ရင်သားအောက်ဘက်၏ တစ်လက်မခန့်နေရာ အထိနှင့် အလည်တည့်တည့်နံရိုး မှစ၍ ရင်သားဘေးဘက်ရင်ခေါင်းအထိ စမ်းသပ်ရမည်။ (၂) ညာဘက်ရင်သားကို မိမိ၏ ဘယ်ဘက်လက်ဖြင့် လည်းကောင်း၊ ဘယ်ဘက်ရင်သားကို မိမိ၏ညာဘက် လက်ဖြင့်လည်းကောင်းစမ်းသပ်ပါ။ (၃) မိမိ၏လက်ညှိုး၊ လက်ခလယ်နှင့် လက်သကြွယ် သုံးချောင်းကို အသုံးပြု၍ စမ်းသပ်ပါ။ လက်မကို အသုံး မပြုပါနှင့်။ လက်ချောင်း သုံးချောင်းကို ဆန့်ထားပြီးလက်ဖဝါး အနည်းငယ်ကွေး၍ စမ်းသပ်ပါ။ လက်ချောင်းသုံးချောင်း ကိုစုထား၍ လက်ချောင်းအဖျားပိုင်းရှိ အတွင်းဘက် အသားဖြင့် စမ်းသပ်ပါ။ လက်ဖျားထိပ်ဖြင့် မစမ်းသပ် ပါနှင့်။ လက်ချောင်းသုံးချောင်းကို စက်ဝိုင်းငယ်ကလေး များသဖွယ် ဝိုင်း၍ ဝိုင်း၍ စမ်းသပ်ပါ။ ရင်သားကို နို့ သီးခေါင်းနေရာမှစ၍ ရင်သားတစ်ခုလုံးနေရာလပ်မကျန် အောင် ခရုဗွေပုံစံဝိုင်း၍ စမ်းသပ်ပါ။ မိမိ၏ လက်ချောင်း သုံးချောင်းဖြင့် လိုအပ်သည့် ဖိအားကို ဖြည်းဖြည်းချင်း တိုး၍ ညင်သာစွာစမ်းသပ်ပါ။ (၄) နို့သီးခေါင်းတစ်ဖက်စီကို ညင်သာစွာညှစ်ကြည့်ပါ။ သွေးထွက်ခြင်း၊ အရည်ကြည်ထွက်ခြင်းရှိ၊ မရှိ စစ်ဆေးပါ။ (၅) ညာဘက်ချိုင်းကို ဘယ်လက်ဖြင့်လည်းကောင်း၊ဘယ်ဘက်ချိုင်းကို ညာလက်ဖြင့်လည်းကောင်း ချိုင်း အလယ်တည့်တည့်မှ လက်ချောင်းသုံးချောင်းဖြင့် နေရာ အနှံ့စမ်းသပ်ပါ။ အိပ်လျက်စမ်းသပ်နည်း ************************** (၁) ခေါင်းကို ခေါင်းအုံးပေါ်တင်လျက် အိပ်ရာပေါ်တွင် သက်သောင့်သက်သာပက်လက်လှန် အိပ်ပါ။ (၂) မျက်နှာသုတ်ပဝါတစ်ထည်ကို ခေါက်၍ မိမိစမ်း သပ်မည့် ရင်သားအောက်တည့်တည့်ကျောပြင်အောက် တွင် ခုထားပါ။ (၃) ဘယ်ဘက်လက်မောင်းကို ကွေး၍ လက်ကို ခေါင်း အုံးအောက်တွင် ထားပါ။ ညာဘက်လက်ဖြင့် ဘယ်ဘက် ရင်သားကို စမ်းသပ်ပါ။ (၄) ခန္ဓာကိုယ်ကို ညာဘက်သို့ အနည်းငယ်စောင်း၍ အိပ်ပါ။ ညာဘက်လက်ဖြင့် ဘယ်ဘက်ရင်သားအပေါ် အပြင်ပိုင်းနေရာကို ချိုင်းနားအထိရောက်အောင် စမ်း သပ်ပါ။ (၅) ညာဘက်ရင်သားကို စမ်းသပ်နည်း ၃နှင့် ၄အတိုင်း စမ်းသပ်ပါ။ (၆)ပက်လက်လှန်ပြန်အိပ်ပါ။ ညာဘက်ချိုင်းကို ဘယ် ဘက်လက်ဖြင့်လည်းကောင်း၊ ဘယ်ဘက်ချိုင်းကို ညာ ဘက်လက်ဖြင့်လည်းကောင်း ချိုင်းအလယ်တည့်တည့် မှစ၍ လက်ချောင်းသုံးချောင်းဖြင့် နေရာအနှံ့စမ်းသပ်ပါ။ အကောင်းဆုံးစမ်းသပ်ချိန်မှာ ရာသီပေါ်သည့် နေ့မှ ရက်သတ္တပတ် အကြာဖြစ်သည်။ post to April Moe

No comments

Powered by Blogger.