မျက်စိမမြင်သောကောင်လေးက လက်ထပ်သည်ဆိုသည်က ဒီလိုပါ








မျက်လုံးချင်းဆုံ ရင်ခုန်မိမှ အချစ်လား ------------------------------------------ ထီးချိုင့်မြို့နယ် ကြက်သွန်းခင်းကျေးရွာ က မောင်ကြယ်စင်ထွန်း(ခ) ကိုထွန်း နဲ့ ဘုတလင် မြို့နယ် သခွတ္တ စံပြကျေးရွာရွာ က အထက်တန်းပြ ဆရာမ မထွန်းမာအေး (B.Sc B.Ed) တို့ ချစ်သူ နှစ်ဦး ဟာ ဖုန်းအဆက်သွယ်နဲ့ (၁) နှစ်ကျော် ချစ် ကြိုက်ခဲ့ကြပြီး (၂၁.၄.၂၀၁၇) ဒီကနေ့မှာ လက်ထပ်လိုက်ကြပါပြီ ။ ကောင်လေးက မျက်စိနှစ်ကွင်း အလင်းမရရှာပါဘူး ။ အချစ်မှာ မျက်စိမရှိ ဆိုတဲ့ ဆိုရိုးစကားလိုပါဘဲ ။ အချစ်ကို မျက်စိနဲ့ မမြင်ရပေမဲ့ နှလုံးသားရဲ့ ရင်ခုံသံကို စိတ်နဲ့ ခံစားမိသွားကြတာပါ ။ အင်တာနက် ခေတ်မှာ ဘာမဆို မဖြစ်နိုင်တဲ့အရာ မရှိဘူးဆိုတာ ဒီ ချစ်သူနှစ်ဦး က ဖော်ထုတ် ပြသလိုက်တာပါဘဲ . . . . (သူတို့ နှစ်ဦးရဲ့ ဆုံဆည်းမှုလေးကို အိုအောင် မင်း အောင် ပေါင်းဖက်နိုင်ကြပါစေကြောင်း ဂုဏ်ပြုပေး လိုက်ကြရအောင်လား) မြင့်လွင်

No comments

Powered by Blogger.