၂၀၁၇အတွက် လူတိုင်းကြည့်သင့် ဖက်သင့်သော တနှစ်စာဟောစာတန်းကြီး


copy မိတ်ဆွေများအားလုံးအတွက် (၁)နှစ်စာ ဟောစာတမ်းကြီး . . ပုပ္ပါးစောရဟန်းမင်းကို အကြောင်းပြုပြီးရေးထိုးသော မြန်မာသက္ကရာဇ် ၁၃၇၉ ခုနှစ်တွင် ….. ခရီးသွားလုပ်ငန်း၊ဟော်တယ်လုပ်ငန်း၊ရေကြောင်းခရီးနှင့်ပက်သက်သောလုပ်ငန်း၊ရေထွက်ကုန်လုပ်ငန်း ၊ သင်္ဘောသားနှင့်ပက်သက်သောလုပ်ငန်း ၊ သတ္တုတူးဖော်ရေးလုပ်ငန်း၊သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ကုန်သည်ကြီးအလုပ်၊ပွဲစားအလုပ်၊အသံကိုအသုံးချရသောအလုပ်၊စကားပြောရသောအလုပ်၊လှုပ်ရှားရသောအလုပ်၊သစ်၊သံ၊သွပ်၊သစ်သီး၊သီးနှံ လုပ်ငန်းများ …။ ပညာကိုအသုံးချရသောအလုပ်၊ပညာရေးအလုပ်၊ဆရာအလုပ်၊မြေ၊ဖုန်း၊မုန့်၊ပဲ၊ပြောင်း၊ဖယောင်း၊ပန်းချီ၊ပန်းပု၊ပန်းထိမ် လုပ်ငန်းများ ….။ အလှအပ၊အနုပညာ၊လက်မှုပညာ၊ရွှေ၊ရတနာ၊ရေနံ၊ရေလုပ်ငန်း၊ရေသန့်၊လက်ဖက်ရည်၊အအေး၊အဖျော်ယမကာ၊ဘီယာ၊ယုံစုံ လုပ်ငန်းများ …. အထူးအကျိုးပေးအောင်မြင်လတ္တံ့။မိမိတို့ရည်မှန်းထားသည်ထက် ပိုမိုအောင်မြင်လတ္တံ့။လွတ်လပ်ပေါ့ပါးစွာ ဆောင်ရွက်သင့်အံ့။ . ဆန်၊စပါး၊ဆီ၊ဆေး၊ဆား၊စိန်၊စက်မှုလက်မှု၊စားသောက်ကုန်၊စားသောက်ဆိုင်၊စတိုးဆိုင်၊စက်ချုပ်၊စိုက်ပျိုးရေး၊စာပေ၊စာရေးကိရိယာ၊စပ်တူရှယ်ယာ လုပ်ငန်းများ …။ ငွေ၊ခြံ၊ကား၊ကျောက်မျက်၊ကုန်သည်လေး၊ကွန်ပြူတာ၊ကွမ်းသီးကွမ်းယာပစ္စည်း၊ကုန်ခြောက်၊ကုန်စုံ၊ကြက်ဥ၊ကြက်သား၊ကြက်မွေးမြူရေး၊ငါးပိ၊ငါးခြာက်၊ငါးမွေးမြူရေး လုပ်ငန်းများ …. အလယ်အလတ် ပုံမှန်တန်းတွင်သာရှိနေလတ္တံ့။မိမိရည်မှန်းထားသလောက်သာအောင်မြင်အံ့။ လူအားစိုက်ထုတ်ပြီး များများကြိုးစားအားထုတ်သင့်အံ့။ . အိုးအိမ်၊အဆောက်အဦး၊ဆောက်လုပ်ရေး၊အုတ်၊သဲ၊ကျောက်၊အိမ်ဆောက်ပစ္စည်း၊အိမ်ထောင်ပရိဘောဂ၊အုပ်ချုပ်ရေး၊ဥပဒေ၊အိမ်ခြံ၊မြေအကျိုးဆောင် လုပ်ငန်းများ ….။ အထည်အလိပ်၊ထီး၊ဖိနပ်၊နာရီ၊ဦးထုပ်၊လူမျိုးခြား၊နိုင်ငံခြား၊မီး၊လျှပ်စစ်၊အပူ၊ဓါတ်ငွေ့၊ဒီဇယ်၊နွားနို့၊ဒိန်ချဉ်၊နို့ဆီ၊ဓါတ်ပုံ၊ထီလုပ်ငန်း၊ထုံးလုပ်ငန်း စသည့်လုပ်ငန်းများ … ထစ်ငေါ့၊လွဲချော်ခြင်း၊ထိခိုက်ဆုံးရှုံးခြင်း၊စိတ်ပူပန်ရခြင်းများဖြစ်တတ်သည့်အတွက် အစစအရာရာသတိထားပြီး လုပ်ဆောင်သင့်အံ့။ . . . တနင်္ဂနွေသားသမီးများ . လူရောစိတ်ပါ တည်ငြိမ်စွာဖြင့် လုပ်ငန်းဆောင်တာရည်ရွယ်ချက်များကို ကြိုးစားဆောင်ရွက်လျှင် အောင်မြင်လတ္တံ့။ အလုပ်နေရာ၊အိမ်နေရာ၊အတွေးအခေါ်အယူအဆ၊ဘ၀ခံယူချက်များ အပြောင်းအလဲဖြစ်အံ့။ ဆန့်ကျင့်ဘက်လိင်များထံမှ အကူအညီကောင်းများရလတ္တံ့။ အဖက်ဖက်တွင် အလွန်အမင်းလည်းကောင်းနိုင်သလို၊အလွန်အမင်းလည်းညံ့သွားလတ္တံ့။ . အချစ်ရေး၊အိမ်ထောင်ရေး စိတ်ညစ်စရာ အရှုပ်အရှင်းပြဿနာများကြုံရတွေတတ်။မိမိချစ်သူ ၊ မိမိအိမ်ထောင်ဖက်၏ အထင်မြင်လွဲမှားခြင်းကိုခံရတတ်ခြင်း။အပျို၊လူပျိုများ မလွပ်လပ်သူများနှင့်ငြိစွန်းလွယ်တတ်သည့်အတွက် သတိပြုအံ့။ . အထူးလိုက်နာရန်။ ။ဘာသာရေးများများပိုလုပ်ပါ။မေတ္တာများများပို့ပါ။သည်းခံစိတ်မွေးပါ။စိတ်လိုက်မာန်ပါ တဇွတ်ထိုး ပြောဆိုလုပ်ကိုင် ဆုံးဖြတ်တာတွေကိုရှောင်ကျဉ်ပါ။ . အထူးယတြာ။ ။တနင်္ဂနွေနေ့ည၀တ်အိပ်ထားသော အ၀တ်ဟောင်းတစ်စုံကို နောက်နေ့မနက်စော လမ်းတွင်သွားစွန့်ပါ။ (ငါ့မှာရှိနေတဲ့မကောင်းတဲ့အခိုက်အညံ့တွေအားလုံး ပါသွားပါစေလို့ဆုတောင်းပါ) (၂)လတစ်ခါလုပ်ပါ။အကြောင်းကိစ္စပေါ်လျှင်ထပ်လုပ်ပါ။ . ယတြာ။ ။ မည်သည့်နေ့တွင်မဆို မနက် (၆)နာရီ (၅၀)မိနစ်တိတိတွင် သပြေ(၆)ညွန့်၊ပေါင်မုန့်(၅)ချပ်၊ကော်ဖီ(၂)ခွက် ကို မိမိနေအိမ်ဘုရားတွင် မကြာခဏလှူဒါန်းဆုတောင်းခြင်းဖြင့် တစ်နှစ်တာလုံး အခိုက်အညံ့များ ကင်းစင်ကြေပျောက်ပြီး အကြံအစည်များအောင်မြင်လတ္တံ့။(အကြောင်းရှိတိုင်း မကြာခဏပြုလုပ်နိုင်သည်) . . . တနင်္လာသားသမီးများ . အတိတ်ကံကိုအကြောင်းပြုပြီး ငွေအစုလိုက်အပုံလိုက်ရခြင်း၊ထီဆုကြီးပေါက်ခြင်း၊ခြံ၊ကား၊ကျောက် ကောင်းသောဝင်ခြင်းတွင်ရှိလတ္တံ့။ အချစ်ရေးမေတ္တာရေးကံကောင်းခြင်း၊မျက်နှာပွင့် စန်းပွင့်ခြင်း၊ငွေကြေးဥစ္စာပစ္စည်းများ စုဆောင်းတိုးပွားခြင်းတို့ကြုံရလတ္တံ့။ မိမိမသိခဲ့သော အတိတ်ကံ အကောင်းအဆိုး နှစ်မျိုးစလုံး၏ အကျိုးကို တွေ့ကြုံခံစားရလတ္တံ့။ . အပျိုလူပျိုများ အတိတ်ဘ၀က ဆုတောင်းရှိခဲ့ဖူးသော အချစ်ဟောင်း အဆက်ဟောင်းများနှင့် ပြန်လည်ဆုံတွေ့ရလတ္တံ့။ မိမိကိုစိတ်ဝင်စား ချစ်ကြိုက်နေသူများ အများအပြားပေါ်လာလတ္တံ့။ မိမိချစ်သူ ၊ မိမိအိမ်ထောင်ဖက်၏ သ၀န်တိုခြင်းကို ခံရအံ့။ အိမ်ထောင်ဖက်ကိုအကြောင်းပြု၍ ငွေကြေးစီးပွားဥစ္စာများ တိုးပွားလတ္တံ့။ . ယတြာ။ ။မည်သည့်နေ့တွင်မဆို မနက်(၇)နာရီ(၆)မိနစ်တိတိတွင် နှင်းဆီ(၇)ပွင့်၊သပြေ(၆)ညွန့်၊ဆီအစိမ်းဆမ်းထားသော ဆွမ်းပူပူ(၃)ပန်းကန် ကို မိမိနေအိမ်ဘုရားတွင် မကြာခဏ လှူဒါန်းဆုတောင်းခြင်းဖြင့် တစ်နှစ်တာလုံး အခိုက်အညံ့များ ကင်းစင်ကြေပျောက်ပြီး အကြံအစည်များအောင်မြင်လတ္တံ့။(အကြောင်းရှိတိုင်း မကြာခဏပြုလုပ်နိုင်သည်) . . . အင်္ဂါသားသမီးများ . ကျန်းမာရေးချူခြာခြင်း၊ဆေးရုံဆေးခန်းများနှင့်ပက်သက်ရခြင်း၊ဘာမှန်းမသိ ရောဂါရှာမရပဲ တရှောင်ရှောင်ဖြစ်ခြင်း၊အစားမှားဆေးမှားဖြစ်ခြင်း၊စကားပြောငြင်းခုန်ရခြင်း၊ခိုက်ရန်ဖြစ်ပွားတတ်ခြင်း၊စကားပြောကျွံခြင်း လွန်ခြင်း ၊ စက်ပစ္စည်း ၊ စာရွက်စာတမ်း ၊စပ်တူရှယ်ယာကိစ္စများနှင့်ပက်သက်ပြီး စိတ်ညစ်ရတတ်ခြင်း တို့ကြုံရအံ့။ စိတ်ကူးအကြံအစည် ရည်ရွယ်ချက်များကို စွန့်စွန့်စားစား ကြိုးစားဆောင်ရွက်လျှင် အောင်မြင်လတ္တံ့။ အိပ်ယာပြောင်းအိပ်ခြင်း၊ခရီးထွက်ခြင်း စသည့် လှုပ်လှုပ်ရှားရှားနေထိုင်ဆောင်ရွက်ပါက ကံကောင်းလတ္တံ့။ . အချစ်ရေး ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ဖြင့် ဂဏာမငြိမ်ဖြစ်တတ်ခြင်း ၊ စိတ်အပြောင်းအလဲမြန်ခြင်း ၊ ချစ်သူပါပြောင်းသွားတတ်ခြင်း တို့ကြုံရလတ္တံ့။ အိမ်ထောင်ရေး မကြာခဏဆိုသလို ခွဲခွာနေလျှင် အညံ့များပြေပျောက်ပြီး အိမ်ထောင်ရေးသုခများခံစားရလတ္တံ့။ . အခက်အခဲကြီးကြီးမားမားရှိလျှင် အထူးပြုလုပ်သင့်သော ယတြာ … အင်္ဂါနေ့ည၀တ်အိပ်ထားသော အ၀တ်ဟောင်းတစ်စုံကို နောက်နေ့မနက်စော လမ်းတွင်သွားစွန့်ပါ။ (ငါ့မှာရှိနေတဲ့မကောင်းတဲ့အခိုက်အညံ့တွေအားလုံး ပါသွားပါစေလို့ဆုတောင်းပါ) (၂)လတစ်ခါလုပ်ပါ။အရေးအကြောင်းကိစ္စပေါ်လျှင်ထပ်လုပ်ပါ။ . ယတြာ။ ။မည့်သည့်နေ့တွင်မဆို မနက်(၇)နာရီ(၁၀)မိနစ်တိတိတွင် အုန်း(၆)ညွန့်၊နှင်းဆီ(၇)ပွင့်၊လက်ဖက်ရည်(၄)ခွက်ကို နေအိမ်ဘုရားတွင် လှူဒါန်းဆုတောင်းခြင်းဖြင့်တစ်နှစ်တာလုံး အခိုက်အညံ့များ ကင်းစင်ကြေပျောက်ပြီး အကြံအစည်များအောင်မြင်လတ္တံ့။(အကြောင်းရှိတိုင်း မကြာခဏပြုလုပ်နိုင်သည်) . . . ဗုဒဟူးသားသမီးများ . ဘ၀တစ်ဆင့်ချိုးပြောင်းလဲမြင့်တက်သွားအံ့။စီးပွားတက်အံ့။ ကြီးပွားတိုးတက်အောင်မြင်ချမ်းသာမည့် အခွင့်အလမ်းကောင်း ၊ အခြေအနေကောင်း ၊ အဆက်အသွယ်ကောင်း ၊ အကြံကောင်းဥာဏ်ကောင်း ၊ မိတ်ကောင်းဆွေကောင်းများရလတ္တံ့။ကောင်းသောအကြံအစည်ရည်ရွယ်ချက်များအောင်မြင်လတ္တံ့။နာမည်ဂုဏ်သတင်းကျောဇောထင်ရှားအံ့။အကောင်းပြော ချီးမွမ်းခံရလတ္တံ့။တရားထူးအသိထူးရအံ့။ရာထူးတိုးလစာတိုးခြင်း၊အလုပ်နေရာကောင်းရရှိခြင်းများကြုံလတ္တံ့။ . အပျို၊လူပျိုများ မိမိကိုကြင်နာတတ်သူ မိမိကိုတန်ဖိုးထားသူများနှင့်ချစ်သူဖြစ်ရတတ်။ မိမိထက်အဆင့်အတန်းမြင့်မားသူ ချမ်းသာသူများနှင့် ဖူးစာဆုံ အိမ်ထောင်ကျလတ္တံ့။အိမ်ထောင်ရေး အိမ်ထောင်ဖက်၏ ဂရုစိုက်ခြင်း၊အလိုလိုက်ခြင်း၊ကောင်းကျိုးပြုခြင်းကို ခံရလတ္တံ့။ . ယတြာ။ ။မည့်သည့်နေ့တွင်မဆို မနက်(၅)နာရီ (၁၀)မိနစ် တိတိတွင် အုန်း(၆)ညွန့်၊ပန်းအ၀ါ(၅)ပွင့် ၊ ကော်ဖီ(၂)ခွက် ၊ ကိတ်မုန့်(၂)ချပ်ကို မိမိနေအိမ်ဘုရားတွင် လှူဒါန်းဆုတောင်းခြင်းဖြင့် တစ်နှစ်တာလုံး အခိုက်အညံ့များ ကင်းစင်ကြေပျောက်ပြီး အကြံအစည်များအောင်မြင်လတ္တံ့။(အကြောင်းရှိတိုင်း မကြာခဏပြုလုပ်နိုင်သည်) . . . ကြာသပတေးသားသမီးများ . ကံကောင်းအံ့။ ဘုန်းတန်ခိုးကြီးခြင်း၊သြဇာအာဏာထက်မြက်ခြင်း၊ အကြံအစည်ရည်ရွယ်ချက်များအောင်မြင်ခြင်း ၊ မင်းစိုးရာဇာကူညီမစခြင်း၊ပက်သက်ရခြင်း ၊ အလုပ်တိုင်းနေရာတိုင်းမှာ ရန်အတိုက်အခံ အပြိုင်အဆိုင်များပေါများပြီး ၄င်းတို့အပေါ် ကံအသာစီး အနိုင်ရရှိခြင်း၊ အခြွေအရံပေါများခြင်း ၊ မိမိကိုကြည်ညိုလေးစားချစ်ခင်သူများပေါများခြင်း၊အပျို၊လူပျိုများ လူလိမ်ခံရတတ်ခြင်း ၊ အဖိုးတန်ပစ္စည်းများလက်ဆောင်ရခြင်း တို့ ကြုံရလတ္တံ့။ . အချစ်ရေးကံကောင်းနေသော်လည်း မိန်းမလည် ယောင်္ကျားရှုပ်များနှင့်တွေ့ရတတ်ခြင်းကို သတိပြုအံ့။အိမ်ထောင်ရေး ပွင့်လင်းမြင်သာမှုအားနည်းပြီး ဖုံးကွယ်ဟန်ဆောင်မှုတွေ များနေအံ့။ . ယတြာ။ ။မည့်သည့်နေ့တွင်မဆို မနက်(၆)နာရီ (၂၀) မိနစ်တိတိတွင် ဇော်စိမ်း(၃)ညွန့်၊ ကံကော်(၂)ညွန့် သစ်သီး(၆)လုံးကို မိမိနေအိမ်ဘုရားတွင် လှူဒါန်းဆုတောင်းခြင်းဖြင့် တစ်နှစ်တာလုံး အခိုက်အညံ့များ ကင်းစင်ကြေပျောက်ပြီး အကြံအစည်များအောင်မြင်လတ္တံ့။(အကြောင်းရှိတိုင်း မကြာခဏပြုလုပ်နိုင်သည်) . . . သောကြာသားသမီးများ . ကံဇာတာပွင့်လန်းတိုးတက်အံ့။လုပ်သမျှ ကြံသမျှ အောင်မြင်ထမြောက်လတ္တံ့။ အကြံအစည် ရည်ရွယ်ချက်များကို မြန်ြမန်ဆန်ဆန် အကောင်အထည်ဖော်ဆောင်ရွက်သင့်အံ့။စီးပွားလုပ်ငန်းများကို အင်နှင့်အားနှင့်တိုးချဲ့သင့်အံ့။ စုတ်ရော လာဘ်ရောပွင့်နေအံ့။ ပြည်တွင်းပြည်ပခရီးကိစ္စများအောင်မြင်ခြင်း ၊ နာမည်ဂုဏ်သတင်း ထင်ပေါ်ကျောဇောခြင်း ၊ အကောင်းပြောချီးမွမ်းခံရခြင်း ၊ သက်ရှိသက်မဲ့အားလုံး နှင့် ကံတရား၏ မျက်နှာသာပေးခြင်းကို ခံရခြင်း ၊ ဆွေမျိုးသားချင်းတို့၏ ကူညီမစခြင်းခံရခြင်း ၊ လူအများ ပရိတ်သတ်နှင့် လုပ်ဆောင်ရသောအလုပ်များတွင် ကြီးကြီးကျယ်ကျယ်အောင်မြင်ခြင်း တို့ မုချကြုံတွေ့ရလတ္တံ့။ . အပျိုလူပျိုများ မျက်နှာပွင့်လန်းပြီး စိတ်ဝင်စားသူများ ၀ိုင်းဝိုင်းလည်နေအံ့။အိမ်ထောင်ရှိသူများ အိမ်ထောင်ရေးကံကောင်းနေသော်လည်း ကိုယ်ကျင့်တရားကို အထူးဂရုစိုက်ထိမ်းသိမ်းသင့်။ . ယတြာ။ ။မည့်သည့်နေ့တွင်မဆို မနက်(၇)နာရီတိတိတွင် ရွက်လှ(၄)ညွန့်၊ ဇော်စိမ်း(၃)ညွန့် နွားနို့(၁)ခွက်ကို မိမိနေအိမ်ဘုရားတွင် လှူဒါန်းဆုတောင်းခြင်းဖြင့် တစ်နှစ်တာလုံး အခိုက်အညံ့များ ကင်းစင်ကြေပျောက်ပြီး အကြံအစည်များအောင်မြင်လတ္တံ့။(အကြောင်းရှိတိုင်း မကြာခဏပြုလုပ်နိုင်သည်) . . . စနေသားသမီးများ . ဘ၀တစ်ခုလုံးအတွက် ကြီးမားသောအပြောင်းအလဲများကြုံတွေ့ရလတ္တံ့။ အလုပ်နေရာ၊အိမ်နေရာအပြောင်းအလဲများကြုံရလတ္တံ့။ မိမိ၏ ဘ၀ခံယူချက်များ ၊ အတွေးအခေါ်အယူအဆများ ၊ ကိုယ်ကျင့်တရားများ ၊ လုပ်နည်းလုပ်ဟန်များလည်း ပြောင်းလဲအံ့။ အမှန်ဘက်ကနေ စကားပြောငြင်းခုန်ရခြင်း ၊ ဆေးရုံဆေးခန်း၊အမှုအချုပ်၊ထောင်ဂတ်များနှင့်ပက်သက်ရခြင်း၊အနားဝန်းကျင်တွင် မီးလန့်ရှော့ဖြစ်ကြုံရတတ်ခြင်း ၊ သူများပြဿနာကြားဝင် ခေါင်းခံဖြေရှင်းပေးရခြင်းတို့ ကြုံရလတ္တံ့။ . အပျိုလူပျိုများ အချစ်ရေးတွင် မကြာခဏဆိုသလို စကားပြောငြင်းခုန်ဖြေရှင်းရခြင်း ၊ ပူပန်သောကရောက်ရခြင်း တို့ကြုံရအံ့။ အိမ်ထောင်ရှိသူများ မကြာခဏဆိုသလို အသေးအဖွဲကိစ္စလေးမှအစ ကတောက်ကဆဖြစ်ရခြင်း တို့ ကြုံတွေ့ရလတ္တံ့။ . အထူးလိုက်နာရန် … ကောင်းသောအပြောင်းအလဲများဖြစ်ရန် ဘာသာရေးပိုလုပ်သင့်၊မေတ္တာစိတ်မွေးသင့်၊မကြာခဏအိပ်ယာပြောင်းအိပ်သင့်။ခရီးခဏခဏထွက်သင့်။ . အခက်အခဲကြီးကြီးမားမားများ ကြုံတွေ့ရပါလျှင် …. စနေနေ့ည၀တ်အိပ်ထားသော အ၀တ်ဟောင်းတစ်စုံကို နောက်နေ့မနက်စော လမ်းတွင်သွားစွန့်ပါ။ (ငါ့မှာရှိနေတဲ့မကောင်းတဲ့အခိုက်အညံ့တွေအားလုံး ပါသွားပါစေလို့ဆုတောင်းပါ) (၂)လတစ်ခါလုပ်ပါ။အရေးအကြောင်းကိစ္စပေါ်လျှင်ထပ်လုပ်ပါ။ . ယတြာ။ ။မည့်သည့်နေ့တွင်မဆို မနက်(၅)နာရီ(၄၀)မိနစ်တိတိတွင် ရွက်လှ(၄)ညွန့်၊ အုန်း(၆)ညွန့် ပေါင်မုန့်(၅)ချပ်ကို မိမိနေအိမ်ဘုရားတွင် လှူဒါန်းဆုတောင်းခြင်းဖြင့် တစ်နှစ်တာလုံး အခိုက်အညံ့များ ကင်းစင်ကြေပျောက်ပြီး အကြံအစည်များအောင်မြင်လတ္တံ့။(အကြောင်းရှိတိုင်း မကြာခဏပြုလုပ်နိုင်သည်) . . . အကျွန်ုပ်၏ ဣဌသဘောဆောင်သည့် ကောင်းသောဟောချက်များ သွေးထွက်အောင်မှန်ကန်၍ ၊ အနိဌသဘောဆောင်သည့် မကောင်းသောဟောချက်များ တက်တက်စင်အောင် လွဲမှားပါစေသတည်း။ …. ။ . မင်းသိမ်းခိုင် (ရွှေရမ်းထူးလင်း) . နှစ်ဟောင်းကုန်၍ နှစ်သစ်ကိုကြိုလင့်သော နှစ်သစ်ကူးအခါသမယ၏ စိတ်လှုပ်ရှား ရင်ခုန်ဖွယ်ကောင်းလှသော ဧပြီလ၏နေ့ရက်များ

No comments

Powered by Blogger.