ဖေ့ဘွတ်* (facebook)*နှင့် မကင်းနိုင်သူတိုင်း မဖြစ်မနေ ဖတ်သင့်သော ══════════════════════════════


═ Facebook က ထိုးတဲ့ ခေါင်းလောင်းသံ မင်းသွေးငယ် (ရာမညမြေ) ❖ ညီမလေးရေ... ❖ Fb ပေါ် တစ်စုံတရာကြောင့် မျက်ရည်စိုရွှဲ ဝမ်းနည်းနေရသလားကွာ.. ❖ Social Media ဆိုတာ ကောင်းတာတွေ အကျိုးအတွက်စံစားနိုင်ပေမယ့် မကောင်းတာတွေ အတိုးနဲ့ ခံစားဖို့မဟုတ်ဘူးလေ။ ❖ ကောင်းတာတွေ ခွဲစစ်ပြီး မကောင်းတာတွေ ဝဲပစ်ဖို့ပါ။ ❖ ညီမလေး ရဲ့ Post Like ပေးမယ့်သူ ရှားပါး အားလျော့နေသလားကွယ်.. ❖ တန်ခိုးထွားတဲ့ အရေမရ အဖတ်မရ post နဲ့ အကျိုးများမယ့် ရိုးသားတဲ့ အရေရ အဖတ်ရ post ဒီနှစ်ခုမှာ Like တန်ဖိုးက မိုးနဲ့မြေကွာပါသတဲ့။ ❖ Like တစ်ထောင်ရလို့ ဝင်ငွေ တစ်ထောင်တိုးကြေးဆို ခက်ရာခက်ဆစ် အလုပ်သစ် ရှာမယ့်သူတောင် ရှိမှာမဟုတ်ဘူး။ ❖ ညီမလေးရေ.. ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့ ကိုယ့်ဘဝ ကိုယ့်အလှကမှ ကိုယ် တကယ်ကြိုက်လို့ Like ရမှာလေ.. ❖ လောကမှာ သူ့အကြိုက်နဲ့သူ Like တိုင်း ကြိုက်ချင်မှကြိုက်သလို ကြိုက်တိုင်းလည်း Like ချင်မှ Like တာ ဒါ----ဂရုစိုက်စရာလားကွာ။ ❖ ညီမလေး မှတ်ထား ဘယ် ချီးစားလောက်မှ ပန်းဝတ်ရည်ကို မခုံမင် သလို မစင်ပုံမှာလည်း ဘယ်ပျားကမှလာမနားဘူး သူ့အကြိုက်နဲ့သူပ့ါ။ ❖ မစင်ပုံ အဖြစ်ခံပြီး လောက်ပေါင်းထောင်သောင်းကို မြှူ မှာလား ခြူ မှာလား ညီမလေး စဉ်းစားလေ။ ❖ '' Like is not life '' Comment is not command. ❖ Like ဆိုတာ ဘဝမဟုတ်ဘူး.. တကယ်တော့ လောကနိယာမရဲ့ အကောင်းအဆိုး Comment ဒဏ်ကို ခံနိုင်မှလူအစစ် ပြင်တတ် မြင်တတ်မှ အနှစ်။ ❖ ဗုဒ္ဓအလိုကျဘဝဆိုတဲ့ Post မှာ Like တစ်ချက်ရဖို့ တောင် မနည်း လူတိုင်း အားခဲ နေရကြရတာလေ ... ❖ ကြုံလာသမျှ လောကဓံ အလဲအကွဲကို အများရှေ့ဒူးထောက်ပြီး မျက်ရည်စတွေနဲ့ ထုတ်ဖော် Mention ခေါ်နေမယ့်အစား ကြိုက်နှစ်သက်ရာ သူတော်ကောင်းတရားကို ရင်ဘတ်ထဲ Save လေးလုပ်ပြီး တစ်သက်စာ သိမ်းထား အားငယ်တိုင်းပြန်ကြည့် ရမှာလေ... ❖ လူမသိ သူမသိ Chat Box ထဲက ပြောထားတဲ့ ရင်ထဲကမပါတဲ့ အကုသိုလ်တရား မဟုတ်တမ်းစကားတွေကြောင့် ❖ ကံ ကံရဲ့အကျိုး ကြံမ္မာဆိုးရဲ့ Sreenshort ရိုက် အရှက်ခွဲတာလည်းမခံရစေနဲ့ အကုသိုလ်ရဲ့ Report ထုတာလည်း မခံရစေနဲ့ ဘဝ Account လေး ပျက်မှာစိုးလို့ပါ။ ❖ ညီမလေးတောင်း တဲ့ လောကရဲ့ Comment ❖ It might be sweet or bitter ချိုချင်ချိုမယ် ခါးချင်ခါးမယ် အခါးရှိလို့ အချိုက တန်ဖိုးရှိနေတာ ခါးတာလည်း ရှားပါးအရသာတစ်မျိုး အရက်ဂျိုးတွေ မေးကြည့် စိတ်ရှိတိုင်း ဖြေပြလိမ့်မယ်.. ❖ လောကကြီးက ညီမလေးတောင်းတဲ့ သကာရည်မပေး တမာရည်လေးပဲ ကမ်းလည်း ဘာဆန်းသလဲကွယ် အဖန်ရည်လုပ်ချိုး ရောဂါပိုးတောင်သေသေး ❖ ထိုင်နေကောင်းသား ထသွားမှကျိုးမှန်းသိမှာ ကြောက်နေသလား တခြား ခြေလက်/မျက်စိ/နား ဦးနှောက်အားတွေ ကောင်းကြောင်း မောင်းထုကြွားလို့တောင် ရသေး ❖ ညီမလေးဟာ လူပျင်းလား ဘယ်လောက်ထိ မသွားချင်မလာချင်ပျင်းနေသလဲ ဒါဆို မပူနဲ့ အိမ်မြဲတဲ့ ခြံစောင့်ကောင်းတစ်ယောက် ပေါက်ပေါက်ရောက်ရောက်ဖြစ်နိုင်ပါသေးတယ် ❖ မလှမပ ရုပ်ဆိုးလွန်းလို့ ခဏခဏ ငိုနေရော့ သလား ဘယ်လောက်ထိ ရုပ်ဆိုးနိုင်သလဲ ဆိုးချင်သလောက်ဆိုး ဂရင်းနစ်စံချိန်ချိုးဖို့တော့ လိုလိမ့်မယ် မစို့မပို့ ဆိုးတာလောက်က အလုပ်မဖြစ်ဘူးလေ ညီမလေးရဲ့... ❖ ဝလွန်းလို့ စိတ်ပျက်နေမယ့်အစား သရုပ်ဆောင် ပွင့်လို အဝ ကို ခုတုန်းလုပ် ပရိသတ်ပြုံးပျော်အောင် လုပ်လိုက်ပါလား အပြုံးတွေ ရှားလာလို့ပါ ❖ ပိန်လွန်းလို့ စိတ်ညစ်နေမယ့်အစား Talent Show မှာ အရိုးပြိုင်းပြိုင်းကို ခုတုံးလုပ်ပြီး ဓါတ်မှန်ရိုက်စရာ မလိုဘဲ ခန္ဓာမှာ အရိုး(၂၀၆) ချောင်းရှိကြောင်း ပရိသတ်ထောင်သောင်းသိအောင် အတိအကျ ရေပြရင်း အားကုန်ဖျစ်လို့ ညှစ်ပြနိုင်ရင် စံချိန်အသစ် Winner အစစ် ဖြစ်ပြီပေါ့် ❖ ကိုယ့်အရေအသွေးနဲ့ကိုယ် ရွှေရင်တွေဖို ပီတိတွေတောင် ပြိုလိုရသေး ❖ ညီမလေး သိထားဖို့က ခြင်္သေ့တစ်ကောင်ဟာ ရုပ်လှဖို့မလိုဘူး အားမာန် ထုတ်ပြတတ်ဖို့ပဲ လိုတယ် ❖ ဥသြပျို ဟာလည်း အရောင်မဲညစ် Miss ရဖို့မလိုဘူး Bird Idol မှာ Vocal Power အားကောင်း ကောင်းနဲ့ ဆိုနိုင် ဖို့ပဲ လိုတယ် ❖ ဘာ----ဘာတဲ့ ငိုနေတယ် ဟုတ်လား မရေရာတဲ့ Chatbox က မသေချာတဲ့ မျှော်လင့်ချက်တွေကုဋေကုဋာ ပေးသွားတဲ့သူ့ကြောင့် ညီမလေး ငိုနေတာလား ဒါဆို ညီမလေး မှားပြီ ❖ '' တောက် '' မတန်လိုက်တာ ညီမလေးရယ် Fb is not real life လက်တွေ့ မြင်ရင်တောင် တစ်ဝက်ပဲ ယုံရမယ့်ခေတ် စိတ်ညစ်ခံတာ တန်သလားကွာ ရင်ဘတ်တွေအောင့် စိတ်ချဉ်တွေပေါက်စရာလိုလားကွာ ❖ မသေချာတဲ့ ရည်စားတစ်ထောင်နဲ့ စကားဖောင်ဖွဲ့ အချိန်ကုန်နေရင် စစ်မှန်တဲ့ လင်ကောင်တစ်ယောက် ကောက်ခနဲလွတ်သွားမယ်လေ ❖ အရင်က တစ်ခါမှ မချစ်ခဲ့ဖူးဘူး ညီမလေးကျမှ ချစ်လှပါပြီဆိုတဲ့ စကားကို ပွအောင် လှအောင်မုသားဆော်ဒါတွေ သုံးပြီး ပြောခဲ့ဖူးသူထောင်သောင်းတွေထဲက ❖ ဘယ်သူများက ဟောင်းလောင်းဖြစ်နေတဲ့ ညီမလေးအိမ်က ဆန်အိုးကို ဖြည့်ပေးခဲ့ဖူးလို့လဲ အရေးကြုံရင် သက်လုံကောင်းခဲ့ဖူးလား ပြသနာကို ကျောချင်းကပ် ရင်ဆိုင်ဖူးလား ရင်ဘတ်ချင်း ကပ်ဖို့ ပဲ ကြိုးစားနေသလား ညီမလေး သေချာစဉ်းစား ❖ တကယ်တော့ စကားလုံးတွေထဲက ဆီဦးထောပတ်ထက် အိုးကပ်ကျန်နေတဲ့ အမေ့ဆန်တစ်ဆုပ်က လက်တွေ့ဘဝမှာ ပိုတန်ဖိုးရှိတယ် ❖ ပြီးတော့ ရှိသေးတယ် ❖ ယာယီသွေးသား Crisis ကြောင့် အိပ်မက်နန်းတော်ကို မြားချိတ်မှာ တပ်ပြီး ကုတင်ပေါ်ကတာဝန်တစ်ခုကိုပဲ ကျေဖို့ အရူးချီးပန်း ကြိုးစားနေတဲ့ တဏှာရူးတွေတွေ့ရင် ညီမလေးပြောရမှာက ❖ " Sorry တာ့တာ" ပဲ ဘဝက တစ်ခါသုံးမှ မဟုတ်တာကွယ် ❖ ကဲ------ကိုင်ပေါက်လိုက်ရင် ဘာမှ ပြန်မပြောနိုင်ရှာတဲ့ သက်မဲ့ ဖုန်းထဲက အရာတွေအတွက် အိပ်ရေးလည်း အပျက်မခံနဲ့ ကြိတ်ဆွေးလည်း အတက်မခံနဲ့ စိတ်လေးလည်း အပျက်မခံနဲ့ ❖ မျက်ရည်စက်တွေက တန်ဖိုးရှိတယ် ဝမ်းနည်းလို့ ကျလာတဲ့ မျက်ရည်စက်မှာ အဖိုးအနဂ္ဃထိုက်တန်တဲ့ ပရိုတင်းတွေအများကြီးပါတယ် ညီမလေး အားယုတ်နေလိမ့်မယ် ❖ ညီမလေးသာ ရင်ဘတ်ကလေးဖိရုန်း မျက်လုံးအဖောင်းသားနဲ့ငိုနေ ဟိုတစ်ယောက်ကတော့ ပြက်လုံးအကောင်းစားနဲ့ ရီနေလောက်ပြီ ❖ ကဲ သက်ရှိဖြစ်တဲ့ ညီမလေးရေ ❖ သက်မဲ့ ဖြစ်တဲ့ ဖုန်းလေးကြောင့် မျက်ရည်တွေ ဖွေးယှက် အတွေးနက် ပေးဆပ် နေမယ့်အစား ဟာသကားလေး ငှားလို့ ဝါးခနဲ ရီလိုက်စမ်းပါကွယ် ❖ အသက်ရှည်စေချင်လွန်းလို့ပါ ► ════ ❖ Fb ကြောင့် စိတ်သောက ရောက်နေသူများသို့ ► ════ ❖ ဤ Post ကို Share ခြင်းဖြင့် Media အချစ်ကျော့ကွင်းသို့ သက်ဆင်းမည့် ရိုးသားသည့် မျက်ရည်စက်လေးများစွာကို ကယ်တင်နိုင်ကြပါ စေကြောင်း ဆုမွန်ကောင်းတောင်းလျက်.. ═══════════ credit - မင်းသွေးငယ်(ရာမညမြေ) ရောဂါဗေဒဌာန နိုင်ငံတော်နှင့် အာဆီယံအဆင့်စာပေဆုများရှင်။ photo - credit #O Apple Kg Lay

No comments

Powered by Blogger.