ဤအရာကို_အကိတ်ဟုခေါ်သည် နိပ်ကြည့်ရန်


ကျွန်တော့်ချစ်သူလေးကို တွေ့ချင်လို့ မတော်ရသေးတဲ့ ယောက္ခမလောင်းကြီး အိမ်ကို အလည်သွားခဲ့ပါတယ်။ ချစ်သူရဲ့အပြုံးမျက်နှာလေး မမြင်ရခင် ဘယ်တုန်းကတည်းက ကျွန်တော့်ကို မတည့်နေမှန်းမသိတဲ့ ယောက္ခမလောင်းကြီးက အခန့်သားထိုင်နေလေရဲ့။ " ရွှေရည် - -ရွှေရည်ရေ - -ရွှေရည် " " ဟိတ်ကောင် - - သူ့အဖေ ငါတစ်ယောက်လုံးထိုင်နေတာ မမြင်ဘူးလား " " မြင်တယ်လေ ကျွန်တော်မြင်ချင်တာ ဦးမှ မဟုတ်တာ " " အေး - - ကောင်းသားပဲကွ ဘာ - - - " " ဟီး နောက်တာပါ သူဘယ်သွားလဲဟင် " " ရှိတယ် အထဲမှာ ခဏစောင့် " အသံကလည်း မာလိုက်တာ မသိရင် ကိုယ်ကပဲ အကြွေးယူထားပြီးတော့ ပြန်မဆပ်သလိုလို လေသံကတော့ ဟွန်း - - ငါနော်။ " ဟာ ရွှေရည်ပိုးလေး - - ညီမလေး လာပါဦး အကိုကြီးဆီကို ဘာလဲ ဆော့နေတာလား အရုပ်တွေနဲ့ " " ဟုတ် အကိုကြီး " ချစ်သူလေးရဲ့ ညီမအငယ်ဆုံးလေးဆိုတော့ အပီ ချုပ်ထားရမယ် ငါကွ - - ။ "ကိုကြီးကို မေးရဦးမယ် သူများတွေပြောပြောနေတဲ့ အကိတ်ကြီးဆိုတာ ဘာလဲဟင် " သေဟ ဒီသောက်ကလေး ဘာတွေ မေးနေတာပါလိမ့်။ ယောက္ခမကြီးကလည်း ရှိသေးတာကို ငါနော် - - ။ " ဟိုလေ အကိတ်ကြီးဆိုတာက ဘိုပြောရမလဲပေါ့နော် အဲ ရှယ်နေတာကို ပြောတာပေါ့ " "ရှယ်နေတာပဲ ဆိုတာက ဘာလဲဟင် " " အမ် " "ရှယ်ပဲဆိုတာက မိုက်တယ်ဟ လို့ပြောတာ " " မိုက်တယ်ဟ ဆိုတာကကော ဘာလဲဟင် " " အဲ - - အဲ့တာကလည်း ဟို တင်းတာကိုပြောတာပေါ့ " " တင်းတာ ဟုတ်လား ရှင်းပြကွာ - - ကိုကြီး " " သူကလား လန်းတာကို ပြောတာပေါ့။ လန်းတယ်ဆိုတာကလည်း sexy ကျတာကို ခေါ်တာလေ " " ဘယ်လို sexy ကျတာလဲဟင် " " sexy ကျတယ်ဆိုတာ တင်တွေ ရင်တွေ - - " "ဟိတ်ကောင် - - ငါ နားထောင်နေတာ အကောင်းမှတ်နေလား " " ငါ့သမီးလေး ငယ်ငယ်လေး ရှိသေးတာကို မဟုတ်တာတွေ သင်ပေးနေတဲ့ကောင်ကတော့ " " ငါ့လက်သီး အကိတ်ကြီးနဲ့ တွေ့ပီပဲ " " ခွပ် " "ဖုန်း " " အုန်း " " သေပါပြီဗျ " " မေးလို့လည်း သားက ဖြေရသေးတယ် " " တန်ပါတယ်ဗျာလို့ ဟင့် - - ဟင့် - - ဟီး - " ဟိန်းလင်းဇော် (Mechanical) Photo credit

No comments

Powered by Blogger.