လူ၂၃ဦးပါသော ရန်ကုန် မန်းလေးအမြန်လမ်းတွင် ကားမီးလောင်မူ့ဖြစ်ပွား




===================================== တောင်ငူ၊ မတ် ၁၁ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၈၀ အနီးတွင် မတ်လ ၁၀ ရက်နေ့ ည ၁၁ နာရီခွဲခန့်က ရန်ကုန်မှ နေပြည်တော်သို့ မောင်းနှင်လာသည့် ဘုရားဖူးခရီးသည်များ လိုက်ပါလာသည့် ဟွန်ဒိုင်းအမျိုးအစား မီနီဘတ်စ်တစ်စီး မီးလောင်ပျက်ဆီးခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။ “ယာဉ်ပေါ်မှာ ယာဉ်မောင်းအပါအဝင် ကျားမ စုစုပေါင်း ၂၃ ဦးပါတယ်။ လူထိခိုက်ဒဏ်ရာ ရရှိတာမျိုး မရှိပေမယ့် ကားကတစ်စီးလုံး မီးလောင်ပျက်စီးသွားတယ်” ဟု အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိကြီးတစ်ဦးက ပြောကြားသည်။ R-15 ဓာတ်ပုံ-YNW The Voice

credit; https://m.facebook.com/groups/531183250352413?view=permalink&id=933088670161867

No comments

Powered by Blogger.