ချစ်သူများနေ့ အကြောင်း မသိသေးရင် နိပ်ကြည့်ပါ အများသိအောင် share ပေးနော် 💭💭💭💭


ချစ်သူများနေ့ အကြောင်း 💭💭💭💭💭💭💭 ✍🏻️👩‍❤️‍💋‍👩 ရောမပြည်က အချစ်အကြောင်းကတော့ ချစ်သူများနေ့ ဖြစ်ပေါ်ခြင်း၏ သမိုင်းအစပါ။ ရောမမြိုဘုရင်တစ်ပါး လက်ထက်မှာ စစ်တိုက်ထွက်ကြတဲ့ စစ်သည်တော်တွေဟာ ချစ်သူရည်းစား ဇနီးမယားတွေကို တမ်းတအမှတ်ရမူများကြောင့် စစ်ပွဲတိုင်းအမြဲရူံးနှိမ့်ခဲ့ကြပါတယ်။ ဒီအကြောင်း ဘုရင်ကြီးသိတော့ ရောမမြို့မှာ ချစ်သူရည်းစား မဖြစ်စေရ အစဉ်အလာအားဖြင့် လက်ထက်ထိမ်းမြားခြင်း အမှုကို ပြုလုပ်ပေးကြသော ဘုန်းတော်ကြီးများအားလည်း လုံးဝမပြုလုပ်ပေးရဟု ပြင်းပြင်းထန်ထန် အမိန့်ထုပ်ခဲ့ပါတယ်။ နှလုံးသားရဲရင့်သည့် ချစ်သူနှစ်ဦးသည် သူတို့၏ အချစ်ကို နေ့တစ်နေ့အတွက် မရည်စူးပါ။ ချစ်တက်သူတွေ အမြဲရှင်သန်ဖို့ ဘုန်းတော်ကြီး Valentine ကို လက်ထပ်ပေးရန် တောင်းဆိုခဲ့ကြသည်။ ဘုန်းတော်ကြီး Valentineသည် ချစ်သူတို့၏ ဘဝ ချစ်ခြင်းနိယာမကို နားလည်စာနာတက်သူမို့ မိမိအသက်ကို ပဓာနမထားပဲ လက်ထက်ပေးလိုက်ပါသည်။ ထိုအကြောင်းကို ဘုရင်သိသောအခါ ထိုနေ့ ဖေဖေါ်ဝါရီ (၁၄)ရက်တွင် ဘုန်းတော်ကြီးကို အဆုံးစီရင်လိုက်ပါတယ်။ ချစ်သူများအတွက် အသက်ပေးသွားခဲ့သော ဘုန်းတော်ကြီး Valentine ကို ဂုဏ်ပြုသောအားဖြင့် Valentine’ Day (သို့မဟုတ်) ချစ်သူများနေ့ဟု့ ပေါ်ပေါက်ခဲ့ရခြင်း ဖြစ်ပါတယ်။ လူအချို့ရဲ့ ယုံကြည်မှုအရ Valentine's Day ကို ဖေဖော်ဝါရီ လလယ်မှာ ကျင်းပခဲ့ကြတာ အေဒီ ၂၇၀ ၀န်းကျင်ကတည်းက ဖြစ်ပါတယ်။ Valentineဆိုတဲ့ ဘုန်းတော်ကြီးကို အစွဲပြုပြီးသတ်မှတ်ခဲ့သော်လည်း မေတ္တာ စေတနာ ကရုဏာရှေ့ထားပြီး ချစ်ကြသောနေ့လို့သာ ခံယူသင့်ပါတယ်။ globalization ခေါ်တဲ့ကမ္ဘာကြီးက ဖွင့်ဖြိုးတိုးတက်လာတဲ့ ယနေ့ခေတ် ကျမတို့မြန်မာနိုင်ငံ လူငယ်တွေကြားမှာ အနောက်နိုင်ငံကယဉ်ကျေးမှုတွေကို ကျင့်သုံးလာကြတယ်။ living together ဆိုတာမျိုးတွေကျူးလွန်ဖို့ ဝန်မလေးကြတော့ဘူးဆိုတာ တွေ့လာရတယ်။ ညီငယ် ညီမငယ်များကို အသိပေးချင်တာကတော့ Valentine’ Dayဆိုတဲ့နေ့မှာ ကိလေသာအချစ်မဟုတ်ပဲနဲ့ မေတ္တာအချစ်ဆိုတာနဲ့ပဲ ဖြတ်သန်းစေချင်ပါတယ်။ အစ်မကမောင်ကို မေတ္တာစိတ်နဲ့ အမှတ်တရလက်ဆောင်ပေးတာ၊ မောင်ကညီမကို မေတ္တာလက်ဆောင်ပေးတာ၊ အမေကိုလက်ဆောင်ပေးတာ၊အဖေကိုလက်ဆောင်ပေးတာ၊သူငယ်ချင်း အချင်းချင်းမေတ္တာလက်ဆောင်ပေးတာ၊ကိုယ့်ချစ်သူကိုလည်း အမှတ်တရပစ္စည်းတစ်ခုခုလက်ဆောင်ပေးတာမျိုးတွေပဲ ဖြစ်စေချင်ပါတယ်။ ကိုယ့်ကျင့်တရား ညစ်နွမ်းစေမဲ့ အပြုမူမျိုးတော့ မလိုက်စားစေချင်ပါဘူး။ အဖြူရောင် အဝတ်တစ်ထည်က တစ်ခါညစ်နွမ်းသွားရင် လူလိုချင်မှုနည်းပါးသွားတတ်ပါတယ်။ နှစ်ကြိမ်ဆိုပိုလို့ လူလိုချင်မှုနည်းသွားတတ်သလို အကြိမ်ရေများလာရင်တော့ လူအသုံးမချပဲ စွန့်ပစ်ခံအခြေနေကို ရောက်သွားစေနိုင်ပါတယ်။ ပစ္စည်းဥစ္စာဆုံးရှုံးတာက အောက်တန်းမကျပါဘူး၊ ကိုယ်ကျင့်တရားဆုံးရှုံးသွားရင်သာ အောက်တန်းကျစေတာပါ။ ဒါကြောင့် Valentine's Dayနေ့ကို မေတ္တာလက်ဆောင်တွေပေးဝေကြရင်း ဖြတ်သန်းနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။ Credit*nanwaiwaimyint

No comments

Powered by Blogger.