ဦးကိုနီ လုပ်ကြံခံရမှု လေဆိပ်စီစီတီဗွီမှတ်တမ်းတွေ့ရှိချက် ဒုရဲမှူးကြီး ထုတ်ဖော် (ရုပ်သံ)


ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး ရှေ့နေဦးကိုနီ လုပ်ကြံပစ်သတ်ခံရပြီးနောက် လိုက်လံဖမ်းဆီးတဲ့ တက္ကစီသမား ကိုနေ၀င်းလည်း ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။ ဦးကိုနီနဲ့ ကိုနေ၀င်း လုပ်ကြံခံခဲ့ရတဲ့ အခြေနေတွေနဲ့ပတ်သက်လို့ စီစီတီဗွီမှတ်တမ်းတွေမှာ ဘာတွေ ဖော်ထုတ်တွေ့ရှိရသလဲ၊ သေနတ်သမား ကြည်လင်း ကြိုတင်ပြီး လေဆိပ်အတွင်းမှာ ထောက်လှမ်းခဲ့တဲ့ အခြေနေ၊ ပစ်ခတ်မှုအပြီး ဦးကြည်လင်းကို ဘယ်လိုဖမ်းဆီးခဲ့သလဲ စတာတွေနဲ့ပတ်သက်ပြီး အမှတ် ၅ လုံခြုံရေး ရဲတပ်ဖွဲ့ခွဲမှူး ရန်ကုန်လေဆိပ်လုံခြုံရေးတာဝန်ခံ ဒုတိယရဲမှူးကြီး တင်မင်းဦးကို ဒီဗွီဘီသတင်းထောက် စိုးယုဇော်က တွေ့ဆုံမေးမြန်းထားတာကို ရုပ်သံဗွီဒီယိုမှာ အပြည့်အစုံ ကြည့်ရှုနိုင်ပါတယ်။ “၃၁ စက္ကန့်မှာ ဦးကြည်လင်း သေနတ်ထုတ်လိုက်တာ စီစီတီဗွီမှတ်တမ်းမှာ တွေ့ရတယ်။ ၃၂ စက္ကန့်မှာ ပစ်လိုက်တယ်။ စက္ကန့်ပိုင်းလေးအတွင်းမှာတင် ချက်ခြင်း သူ့ အိတ်ထဲကနေ ထုတ်လိုက်တယ်၊ ပြီးတာနဲ့ ချက်ခြင်း ချိန်လိုက်တယ်၊ ပြီးတာနဲ့ ဒုန်းကနဲ ပစ်ပြီးတာနဲ့ တခါတည်းပဲ ပြေးနေတဲ့အချိန်မှာ ဘေးနားက ရှိနေတဲ့သူတွေကို သေနတ်နဲ့ ချိန်ပြီးတော့မှ ဘေးဖယ်ဆိုတဲ့ အနေအထားမျိုးနဲ့ သူ တခါထဲ ပြေးသွားတယ်————။” http://burmese.dvb.no/archives/188824 မေးမြန်းချက်အပြည့်စုံ ကြည့်ရှုရန်

No comments

Powered by Blogger.