မီးနီဖြတ်မောင်းသည့် လူနာတင်ယာဉ်နှင့် ပြိုင်ကားတစီး ကြောက်မက်ဖွယ်တိုက်မိ (ရုပ်သံ)


ရုရှားနိုင်ငံအနောက်ပိုင်း လမ်းမတခုပေါ်မှာ ပြိုင်ကားတစီးနဲ့ လူနာတင်ကားတစီး ဟာ ထိတ်လန့်စရာကောင်းလောက်အောင် ပြင်းပြင်းထန်ထန်တိုက်မိခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ ရာရိုဆလက်ဗ်အော့ဗ်လပ်စ်တ်ဒေသတွင်းက ရီဘင်စကီမြို့ မှာ ဖြစ်ခဲ့တာလို့ မေရာသတင်းတပုဒ်မှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က ဖော်ပြပါတယ်။ လူနာတင်ကားဟာ မီးပွိုင့်မီးနီမိနေချိန်မှာ အမှုမဲ့အမှတ်မဲ့ဖြတ်မောင်းခဲ့တာဖြစ်ပြီး အဲဒီအချိန်မှာ လမ်းတဖက်မှ အရှိန်နဲ့မောင်းနှင်လာတဲ့ ပြိုင်ကားက ဖြတ်တိုက်ခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။ လူနာတင်ယာဉ်နောက်ပိုင်းက လိုက်ပါလာတဲ့ ဆရာဝန်တဦးနဲ့ အကူဝန်ထမ်းဟာ ဆေးပစ္စည်းတွေနဲ့အတူ လေထဲကို လွင့်ထွက်သွားခဲ့ကြတာကို ထိတ်လန့်စဖွယ်တွေ့မြင် ရပါတယ်။ လက်ရှိမှာတော့ လူနာတင်ကားပေါ်က လွင့်ထွက်သွားခဲ့တဲ့ အသက် ၃၈ နှစ်အ ရွယ် ဆရာဝန်၊ အသက် ၂၅ နှစ်အရွယ် အကူဝန်ထမ်းနဲ့ အသက် ၁၉ နှစ်အရွယ် ပြိုင်ကားမောင်းသမားတို့ကို အရေးပေါ်ဆေးကုသဖို့ ဆေးရုံကို ပို့ဆောင်ထားခဲ့ရတာပါ။ ထိခိုက်ဒဏ်ရာရှိတဲ့ အခြေအနေနဲ့ အဖြစ်အပျက်အသေးစိတ်ကို မသိရသေးဘဲ ထုတ်ပြန်နိုင်ခြင်း မရှိသေးဘူးလို့ သတင်းမှာ ဖော်ပြပါတယ်။ credit;dvb

No comments

Powered by Blogger.