မြောက်ကိုရီယား ထောက်လှမ်းရေးတွေရဲ့  လုပ်ရပ်တွေလား ?


မြောက်ကိုရီယား ထောက်လှမ်းရေးတွေရဲ့  လုပ်ရပ်တွေလား ၁၅-၂-၂၀၁၇ ကင်ကျုံနမ်ဟာ မလေးရှားနိုင်ငံ ကွာလမ်လမ်ပူလေဆိပ်မှာ တရုတ်နိုင်ငံ Macauကို သွားမလို့  လေယာဉ်စောင့်နေတဲ့အချိန်မှာ အမျိုးသမီး တစ်ဦးက A toxic spray အဆိပ်စပရေး ဖေါင်တိန်သုံးပြီး ကင်ကျုံနမ် Kim Jong Namရဲ့ မျက်နှာကို ပက်လိုက်တာဖြစ်ပါတယ်။ ယခုဖြစ်ရပ်မှာ အမျိုးသမီးနှစ်ဦးကို သုံးထားပါတယ်၊ မလေးအစိုးရကတော့ တရားဝင်ထုတ်ပြန်တာမရှိသေးပါဘူး။ toxic အဆိပ်ရူမိပြီး သုံးစက္ကန့် အတွင်း ကင်ကျုံနမ် (မြောက်ခေါင်းဆောင်ရဲ့ အဖေတူအမေကွဲအကို)ဟာ လဲကျသွားပြီး ဆေးရုံမှာသေဆုံးသွားတာပါ။ ခုလိုလုပ်ရပ်တွေဟာ မြောက်ကိုရီးယားက ထောက်လှမ်းရေးေ တွလေ့ ရှိသုံးနေတဲ့နည်းတွေနဲ့ တစ်ပုံစံထဲဖြစ်တယ်၊၂၀၁၁ ခုနှစ်က မြောက် ကိုရီယားက ဒီမိုကရေစီ နဲ့  လူ့ အခွင့်အရေး တက်ကြွလှုပ် ရှားသူ Park Sang-hak ကို လည်း အစာထဲမှာ အဆိပ်ခတ်သတ်ခဲ့တုံးကဖြစ်ရပ်မှာခုလို ဖေါင်တိန် စပရေးနဲ့  အစာထဲမှာဖြန်းပေး ခဲ့ပါတယ်။ အဖေဖြစ်သူ ကင်ကျုံအီး (သေဆုံး)လက်ထက်ကလည်း နိုင်ငံတကာကို လက်ရွေးစဉ် ထောက်လှမ်းရေးတွေစေလွတ်ပြီးလုပ်ကြံခိုင်းတဲ့ဖြစ်ရပ်တွေရှိခဲ့ပါတယ်။ တောင်ကိုရီယား ခေါင်ဆောင် ချွန်းဒူးဝန်ရဲ့  ရန်ကုန်ခရီးစဉ်မှာ (၁၉၈၃ ) မြောက်ကိုရီးယာ သူလှို့  (ဇင်ပို-ကင်မင်ချူး) တွေလွတ်ပြီး အာဇာနီကုန်းကိုဗုံးခွဲခဲ့လို့  တောင်ကိုရီးယားထိပ်တန်းခေါင်းဆောင်တွေ(၁၇ယောက်သေ ၁၄ယောက် ဒဏ်ရာရ) သေဆုံးခဲ့ပါတယ်။ ၁၉၈၇ ခုနှစ်တုံးကတခါ တောင်ကိုရီးယားလေယာဉ် Korean Air Flight 858ကိုလေပေါ်မှာဖေါက်ခွဲခဲ့သူတွေဟာလည်း(၁၁၅ယောက်သေဆုံး) မြောက်ကိုရီးယား ထောက်လှမ်းရေးတွေဖြစ်ပါတယ်။ ယခုသေဆုံးခဲ့တဲ့ ကင်ကျုံနမ်ဟာ အာဏာရှင် ကင်ကျုံအီးရဲ့ သားအရင်း မင်းသားတပါးဖြစ်နေလို့ တချိန်မှာ ခေါင်းဆောင်ရာနေရာကို လုမှာစိုးရိမ်နေတဲ့ညီဖြစ်သူ မြောက်ခေါင်းဆောင် သတ်ခိုင်းတာ ဟုတ်မဟုတ်ကို မကြာခင် သိရတော့မှာပါ။ #SAW straitstimes.com




No comments

Powered by Blogger.