သူနာပြုဆရာမငယ် ဓါးချက်ပေါင်းများစွာ နှင့် အသက်ခံရ အပြည့်အစုံကြည့်ရန်




အမျိုးသမီးငယ် တစ်ဦး နေအိမ် ဆိုင်အတွင်း ဓားအချက်ပေါင်းများစွာဖြင့် သတ်ခံရ ================================ ဇန်နဝါရီ ၁၀ မြစ်ကြီးနားမြို့၊ကြက်ပေါင်ခြံရပ်ကွက်တွင် အမျိုးသမီး ငယ်တစ်ဦးအား နေအိမ်ဆိုင်အတွင်းသို့ဝင်၍ ဓါးဖြင့်အချက်ပေါင်းများစွာ ထိုးသတ်သွားမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ ဖြစ်စဉ်မှာ မြစ်ကြီးနားမြို့၊ကြက်ပေါင်ခြံရပ်ကွက်၊နယ်မြေ ၆ ၊မြို့ပတ်လမ်းရှိ နေအိမ် အမှတ် (---)တွင်နေထိုင်သော ဦးဒဗလျူခေါင်လတ်သည် ဇန်နဝါရီလ ၉ ရက်နေ့ နံနက် ၈ နာရီခန့်က ညီနှစ်ဦးနှင့်အတူ မြစ်ကြီးနားမြို့၊မြေမြင့်ရပ်ကွက်ရှိ ဦးလေးဖြစ်သူဖွင့်လှစ်ထားသောi ရွှေပန်းတိမ်ဆိုင်သို့ အလုပ်ဆင်းရန်သွားခဲ့ကြောင်းနှင့် ထိုသို့သွားရောက်ခဲ့ချိန်တွင် နေအိမ်အား တံခါးသော့ခတ်ထားခဲ့ကြောင်း၊၄င်းတို့၏နေအိမ်တွင် အိမ်ဈေးဆိုင်လည်းဖွင့်လှစ်ကြောင်း သိရသည်။ ရွှေပန်းတိမ်ဆိုင်သို့ရောက်ရှိချိန်တွင် ပန်းတိမ်ဆိုင်နေအိမ်တွင်နေထိုင်သော ၄င်းတို့နှင့် ညီမဝမ်းကွဲတော်စပ်သူ မလိဆန်ပန်သည် ဦးဒဗလျူခေါင်လတ်ထံမှ အိမ်သော့ယူ၍ နေအိမ်ဈေးဆိုင်အား ဖွင့်လှစ်ရောင်းချရန် သွားခဲ့သည်ဟု မြစ်ကြီးနားမြို့နယ်ရဲစခန်းမှ ရရှိသောအချက်အလက်များအရ သိရသည်။ ညနေ ၅ နာရီခန့်တွင် ဦးဒဗလျူခေါင်လတ်၏ ညီနှစ်ဦးမှာ နေအိမ်သို့ အရင်ပြန်သွားရာ နေအိမ်သို့ပြန်လည်ရောက်ရှိချိန်တွင် မလိဆန်ပန်မှာ နေအိမ်ရှိဈေးဆိုင်အတွင်းတွင် ဓါးဒဏ်ရာများဖြင့် လဲကျသေဆုံးနေကြောင်း တွေ့ရှိရသဖြင့် ဦးဒလျူခေါင်လတ်ထံ ဖုန်းဆက်အကြောင်းကြားခဲ့ရာ ဦးဒဗလျူခေါင်လတ်မှ နယ်မြေရဲစခန်းထံသို့ ဖုန်းဆက်တိုင်ကြားခဲ့ကြောင်း၊မလိဆန်ပန်မှာ ခန္ဓာကိုယ်အနှံ့အပြားတွင် ဓါးဒဏ်ရာစုစုပေါင်း ၁၉ ချက်ဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါအမှုအား မြစ်ကြီးနားနယ်မြေရဲစခန်းမှ အမှုကြီးအမှတ်စဉ် ၁/၂၀၁၇၊(ပ)၂၅/၂၀၁၇၊ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြောင်း မြစ်ကြီးနားမြို့နယ်ရဲစခန်းမှ သတင်းရရှိသည်။ သေဆုံးသူ မလိဆန်ပန်သည် ဗန်မော် သူနာပြု ကျောင်းဆင်းဖြစ်သည်။ယခင်က သူနာပြုတာဝန်ထမ်းဆောင်ခဲ့ဖူးသူတစ်ဦးဖြစ်ကြောင်း သိရပြီး ယခုအခါတွင် အဆိုပါအလုပ်ကို ဆက်လက်လုပ်ကိုင်ခြင်းမရှိတော့ကြောင်းလည်း သေဆုံးသူနှင့် နီးစပ်သူအချို့ထံမှ သိရှိရသည်။ ဝေဖြိုးအောင် #MyintkyinaNews

No comments

Powered by Blogger.