ရေသ့ၾကိီး နဲ႕ ျပည့္တန္ဆာမေလး အျဖစ္အပ်က္ လူအႀကည့္မ်ား


☀ ရေသ့ၾကိီး နဲ႕ ျပည့္တန္ဆာမေလး။ ❖ တစ္ခါ က သာ၀တၱိျမိဳ႕ အစြန္႕ ေတာစပ္မွာ ရေသ့ၾကီးတစ္ပါး တဲေလးထုိးျပီး သတင္းသံုး တရားက်င့္ေနေလတယ္။ မ်ားမၾကာမွီ အဲဒီရေသ့ၾကီးေက်ာင္းသခၤန္းနဲ႕ မနီးမေ၀းမွာ ျပည့္တန္ဆာမေလးတစ္ေယာက္ ဟာ တဲေလးထုိးျပီးလာေနေလတယ္။ ❖ ရေသ့ၾကီး ေက်ာင္းသခၤန္းကေန ျမင္ေနရတဲ့ေနရာေလာက္မွာပါ။ အဲလုိပဲ ျပည့္တန္ဆာမ တဲကၾကည့္ရင္လည္ ရေသ့ၾကီး ေက်ာင္းသခၤန္းကုိျမင့္ေနရတာေပါ့ ။ ❖ မနက္တုိင္း သူမ က ရေသ့ၾကီးကုိ ဦးခ် ကန္ေတာ့တယ္။ ❖ ေနာက္ေတာ့ ရေသ့ၾကီးက ျပည့္တန္ဆာမဆီ အမ်ိဳးသားတစ္ေယာက္လာတုိင္း ေက်ာက္ခဲေလး တစ္လံုးေကာက္ထားတယ္။ အဲလုိ နဲ႕ အဲဒီ ေကာ်က္ခဲေလးေတြက ေက်ာက္ပံုေလး ျဖစ္လာတယ္ ။ ❖ ရေသ့ၾကီးကေန႕တုိင္းေတြးတယ္။ ေအာ္ ဒီကေလးမ နွယ္ ငါ့ေက်ာင္းသခၤန္းနားမွာ မွ လာျပီး တဲထိုးရတယ္လုိ႕ ကြာ ။ ငါ့ကုိ မေလးစားတာပဲ လုိ႕ ေဒါသျဖစ္တယ္။ ျပီးေတာ့ ၾကည့္ပါဦး ေယာက်ၤားေတြ တစ္ေယာက္ျပီး တစ္ေယာက္ အထဲ၀င္သြားျပီးဘယ္လိုေတြမ်ားျဖစ္ေနလဲ မသိ ။ တစ္ခါ တစ္ခါ နွစ္ေယာက္ပူးၾကီးေတာင္ ၀င္သြားတာ ။ အဲဒီ နွစ္ေယာက္နဲ႕ မ်ား ဘယ္လုိမ်ား စခန္းသြားၾကလဲမသိ ။ ဆိုျပီး ေတြးရင္း ေဒါသေတြ ေသာကေတြ ေမာဟ ေတြ ျဖစ္ေနေလရဲ႕ ။ ❖ ေသလြန္တဲ့အခါ ရေသ့ၾကီးက အပယ္က်သြားတယ္။ ျပိတၱာျဖစ္သြားတယ္။ ❖ ျပည့္တန္ဆာမ ကေတာ့ နတ္ျပည္ေရာက္သြားေလ ရဲ႕ ။ အဲဒါနဲ႕ ရေသ့ျပိတၱာၾကီးက ငရဲမင္း ကုိ မေၾကမနပ္နဲ႕ သြားေျပာေလတယ္။ ❖ "' ဒီမွာ ငရဲမင္း တရားက်င့္တဲ့ က်ဴပ္ ရေသ့ က ေတာ့ အပယ္က်ျပီး ဟုိျပည့္တန္ဆာမ က်ေတာ့ ဘာလုိ႕ နတ္ျပည္ေရာက္ရတာလဲ '' လို႕ေပါ့ ... ❖ အဲဒီမွာ ငရဲမင္း က ေျပာတာက -- ❖ '' မင္းက ရေသ့ျဖစ္ျပီး မင္းရဲ႕ စိတ္က ျပည့္တန္ဆာမ ဆီပဲ စိတ္ေရာက္ျပီး တစ္ခ်ိန္လံုး အကုသိုလ္စိတ္ျဖစ္ေနခဲ့တယ္ေလ။ တစ္ခ်ိန္လံုး ျပည့္တန္ဆာမ အေၾကာင္းပဲ ေတြးေနတယ္။ အဲဒါေၾကာင့္ အပယ္က်တာ။ ဟုိတစ္ေယာက္က်ေတာ့ မနက္တုိင္း ညတုိင္း ရေသ့ၾကီးျဖစ္တဲ့မင္းကို ကန္ေတာ့ရင္း ေအာ္ ေရေသ့ၾကီးတို႕ ဘ၀ ကံေကာင္းလုိက္တာ ၊ လွဴမည့္တမ္းမည့္သူနဲ႕ ေက်ာင္းေဆာက္ေပးမည့္သူနဲ႕ ကုိယ့္ဟာကို လြတ္လြတ္လပ္လပ္တရားက်င့္ရံုပဲ ။ ငါဘ၀မ်ားက်ေတာ့ သူမ်ားတကာနဲ႕ ေပ်ာ္ပါးမွ ထမင္းစားရတဲ့ဘ၀ ငါ့ အတိတ္ကံကလည္း ဆိုးလုိက္တာ လို႕ ကုသုိလ္ကံေကာင္းတဲ့ ရေသ့ၾကီးကုိ ကန္ေတာ့ပါတယ္။ ရေသ့ၾကီးက်န္းက်န္းမာမာ တရားက်င့္ တရားထူး ရႏိုင္ပါေစ ။ တျပည့္ေတာ္မ ကန္ေတာ့ ပါတယ္ ဘုရား လုိ႕ စိတ္ထဲက အျမဲ သတိသံေ၀ဂ ရျပီး ကန္ေတာ့ရင္း ကုသိုလ္စိတ္ေတြ ျဖစ္ေနခဲ့တာေလ ။ အဲဒီ ကုသိုလ္စိတ္ေၾကာင့္ သူမ က နတ္ျပည္ေရာက္ရတာေပါ့ ။ ရေသ့မုိက္ ရဲ႕ "" လို ေျပာလုိက္ေလေတာ့ သတည္း ။ -------------- က်ြန္ေတာ္တုိ႕ ပတ္၀န္းက်င္မွာလည္း ...... ..... ..... ..... ကုိယ္ဘယ္လို အေနအထားပဲ ေရာက္ေရာက္ ကုိယ့္စိတ္ကုိ အကုသိုလ္စိတ္ကင္းျပီး ကုသုိလ္စိတ္ေတြ မ်ားမ်ား ထားနိုင္ၾကပါေစ လို႕ ဆုေတာင္းေမတၱာ ပုိ႕သရင္း .......... credit ဆရာထြန္း ေက်ာက္ဆည္ ။ ဗုဒၶေရအိုးစင္ မွဓမၼဒါန ကူးယူမ်ွေဝပါသည္။ ★ _/\\_ သဗၺဒါနံ ဓမၼဒါနံ ဇိနာတိ၊ _/\\_ ★ #ေမတၱာျဖင့္အားလုံးျငိမ္းေအးခ်မ္းသာၾကပါေစ ... ============== Unicode... ☀ ရသေ့ကြိီး နဲ့ ပြည့်တန်ဆာမလေး။ ❖ တစ်ခါ က သာဝတ္တိမြို့ အစွန့် တောစပ်မှာ ရသေ့ကြီးတစ်ပါး တဲလေးထိုးပြီး သတင်းသုံး တရားကျင့်နေလေတယ်။ များမကြာမှီ အဲဒီရသေ့ကြီးကျောင်းသင်္ခန်းနဲ့ မနီးမဝေးမှာ ပြည့်တန်ဆာမလေးတစ်ယောက် ဟာ တဲလေးထိုးပြီးလာနေလေတယ်။ ❖ ရသေ့ကြီး ကျောင်းသင်္ခန်းကနေ မြင်နေရတဲ့နေရာလောက်မှာပါ။ အဲလိုပဲ ပြည့်တန်ဆာမ တဲကကြည့်ရင်လည် ရသေ့ကြီး ကျောင်းသင်္ခန်းကိုမြင့်နေရတာပေါ့ ။ ❖ မနက်တိုင်း သူမ က ရသေ့ကြီးကို ဦးချ ကန်တော့တယ်။ ❖ နောက်တော့ ရသေ့ကြီးက ပြည့်တန်ဆာမဆီ အမျိုးသားတစ်ယောက်လာတိုင်း ကျောက်ခဲလေး တစ်လုံးကောက်ထားတယ်။ အဲလို နဲ့ အဲဒီ ကောျက်ခဲလေးတွေက ကျောက်ပုံလေး ဖြစ်လာတယ် ။ ❖ ရသေ့ကြီးကနေ့တိုင်းတွေးတယ်။ အော် ဒီကလေးမ နှယ် ငါ့ကျောင်းသင်္ခန်းနားမှာ မှ လာပြီး တဲထိုးရတယ်လို့ ကွာ ။ ငါ့ကို မလေးစားတာပဲ လို့ ဒေါသဖြစ်တယ်။ ပြီးတော့ ကြည့်ပါဦး ယောကျင်္ားတွေ တစ်ယောက်ပြီး တစ်ယောက် အထဲဝင်သွားပြီးဘယ်လိုတွေများဖြစ်နေလဲ မသိ ။ တစ်ခါ တစ်ခါ နှစ်ယောက်ပူးကြီးတောင် ဝင်သွားတာ ။ အဲဒီ နှစ်ယောက်နဲ့ များ ဘယ်လိုများ စခန်းသွားကြလဲမသိ ။ ဆိုပြီး တွေးရင်း ဒေါသတွေ သောကတွေ မောဟ တွေ ဖြစ်နေလေရဲ့ ။ ❖ သေလွန်တဲ့အခါ ရသေ့ကြီးက အပယ်ကျသွားတယ်။ ပြိတ္တာဖြစ်သွားတယ်။ ❖ ပြည့်တန်ဆာမ ကတော့ နတ်ပြည်ရောက်သွားလေ ရဲ့ ။ အဲဒါနဲ့ ရသေ့ပြိတ္တာကြီးက ငရဲမင်း ကို မကြေမနပ်နဲ့ သွားပြောလေတယ်။ ❖ "' ဒီမှာ ငရဲမင်း တရားကျင့်တဲ့ ကျူပ် ရသေ့ က တော့ အပယ်ကျပြီး ဟိုပြည့်တန်ဆာမ ကျတော့ ဘာလို့ နတ်ပြည်ရောက်ရတာလဲ '' လို့ပေါ့ ... ❖ အဲဒီမှာ ငရဲမင်း က ပြောတာက -- ❖ '' မင်းက ရသေ့ဖြစ်ပြီး မင်းရဲ့ စိတ်က ပြည့်တန်ဆာမ ဆီပဲ စိတ်ရောက်ပြီး တစ်ချိန်လုံး အကုသိုလ်စိတ်ဖြစ်နေခဲ့တယ်လေ။ တစ်ချိန်လုံး ပြည့်တန်ဆာမ အကြောင်းပဲ တွေးနေတယ်။ အဲဒါကြောင့် အပယ်ကျတာ။ ဟိုတစ်ယောက်ကျတော့ မနက်တိုင်း ညတိုင်း ရသေ့ကြီးဖြစ်တဲ့မင်းကို ကန်တော့ရင်း အော် ရေသေ့ကြီးတို့ ဘဝ ကံကောင်းလိုက်တာ ၊ လှူမည့်တမ်းမည့်သူနဲ့ ကျောင်းဆောက်ပေးမည့်သူနဲ့ ကိုယ့်ဟာကို လွတ်လွတ်လပ်လပ်တရားကျင့်ရုံပဲ ။ ငါဘဝများကျတော့ သူများတကာနဲ့ ပျော်ပါးမှ ထမင်းစားရတဲ့ဘဝ ငါ့ အတိတ်ကံကလည်း ဆိုးလိုက်တာ လို့ ကုသိုလ်ကံကောင်းတဲ့ ရသေ့ကြီးကို ကန်တော့ပါတယ်။ ရသေ့ကြီးကျန်းကျန်းမာမာ တရားကျင့် တရားထူး ရနိုင်ပါစေ ။ တပြည့်တော်မ ကန်တော့ ပါတယ် ဘုရား လို့ စိတ်ထဲက အမြဲ သတိသံဝေဂ ရပြီး ကန်တော့ရင်း ကုသိုလ်စိတ်တွေ ဖြစ်နေခဲ့တာလေ ။ အဲဒီ ကုသိုလ်စိတ်ကြောင့် သူမ က နတ်ပြည်ရောက်ရတာပေါ့ ။ ရသေ့မိုက် ရဲ့ "" လို ပြောလိုက်လေတော့ သတည်း ။ -------------- ကျွန်တော်တို့ ပတ်ဝန်းကျင်မှာလည်း ...... ..... ..... ..... ကိုယ်ဘယ်လို အနေအထားပဲ ရောက်ရောက် ကိုယ့်စိတ်ကို အကုသိုလ်စိတ်ကင်းပြီး ကုသိုလ်စိတ်တွေ များများ ထားနိုင်ကြပါစေ လို့ ဆုတောင်းမေတ္တာ ပို့သရင်း .......... credit ဆရာထွန်း ကျောက်ဆည် ။ ဗုဒ္ဓရေအိုးစင် မှဓမ္မဒါန ကူးယူမျှဝေပါသည်။ ★ _/\\_ သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ _/\\_ ★ #မေတ္တာဖြင့်အားလုံးငြိမ်းအေးချမ်းသာကြပါစေ ...

No comments

Powered by Blogger.