ချိန်းတွေ့ကြတဲ့ စုံတွဲတွေ အချိန်နဲ့ နေရာတွေကို သတိထားကြပါ။


မနာလို၍ မဟုတ်ပါ... အသက်အန္တရာယ် စိုးရိမ်ရသည့်အတွက် ပြောရခြင်းဖြစ်သည် .. ဒီဇင်ဘာ ၁၇ ဟိုအရင်တစ်နေ့က စီးပွားရေးတက္ကသိုလ်ကျောင်းရဲ့အရှေ့ဘက် မြို့ရှောင်လမ်းဘေးအနီးက သစ်အောက်မှာ ချိန်းတွေ့နေတဲ့ စုံတွဲထံက မန္တလေးဘက်ကလာတဲ့ လူငယ်သုံးယောက်က ဓားထောက်ခြိမ်းခြောက်ပြီး စုံတွဲဆီက ရွှေထည်ပစ္စည်းနဲ့ ဆိုင်ကယ်နှစ်စီးကို လုယူထွက်ပြေးသွားတဲ့ အမှုတစ်ခုဖြစ်ခဲ့တယ်။ အဲ့ဒီ လုယက်မှုက ဖိုက်တာ လူငယ်သူံးယောက်ဟာ ပစ္စည်းလုပြီး မန္တလေးဘက်ကို ဦးတည်မောင်းနှင်ထွက်ပြေးသွားခဲ့တယ်။ အဲ့ဒါကြောင့် ရဲစခန်းအချင်းချင်း ချိတ်ဆက်ပြီး စောင့်ဖမ်းပေးဖို့ လုပ်ခဲ့ရတယ်။ နောက်တော့ အချိန် တစ်နာရီတောင် မပြည့်လိုက်ပါဘူး ..။ အဲ့ဒီ ငနဲသုံးယောက်ကို ရဲက ကွိကနဲဖမ်းလိုက်ပါတယ် ..။ ထုံးစံအတိုင်းပေါ့ .. လုယက်မှုတရားခံ မိပြီဆိုတော့ စခန်းရှေ့ထုတ်ပြီး ဓာတ်ပုံမှတ်တမ်းတွေ ရိုက်ကူးပြီး လူမှုကွန်ယက်က တဆင့် ပြန်ကြားလိုက်တဲ့အခါ အဲ့ဒီ ငနဲသုံးယောက်အနက်က ( စက်ဝိုင်းအနက်ဖြင့်ပြထားသူ) မောင်ရဲလင်းဆိုသူဟာ မိတ္ထီလာ တက္ကသိုလ်က စုံတွဲကို အခုလို ဓားထောက်ခြိမ်းခြောက်ပြီး ပစ္စည်းလုတဲ့အခါ စုံတွဲကောင်းလေး ဓားထိုးခံရလို့ အသက်ဆုံးရှုံးခဲ့ရပါတယ် ။ သူကို လူသတ် လုယက်မှုနဲ မိတ္ထီလာမြို့မရဲစခန်းက အလိုရှိနေသူတစ်ဦးဖြစ်နေပါတယ်။ စုံတွဲတွေထံက ဓားထောက်ြုခိမ်းခြောက်ပြီး ပစ္စည်းလုယက်မှုတွေ ဟိုးနားဖြစ်.. ဒီနားဖြစ်နေတဲ့အချိန်မှာ .. စုံတွဲများအနေနဲ့လည်း အရဲစွန့်ပြီး လူသူ အသွားအလာမရှိတဲ့ နေရာတွေမှာ မိုးမမြင် လေမမြင် ချိန်းမတွေ့သင့်ပါဘူး..။
အထူးသဖြင့် စုံတွဲတွေအနေနဲ့ မြိှု့ရှောင်လမ်းတို့ ကျောက္ကာဘက်က တောကျိုတောကြားတို့ မသွားသင့်ပါဘူး အသက်အန္တရာယ် အလွန်များပါတယ်..။ လူငယ်သဘာဝ ချိန်းတွေ့ရိုးမှန်လျင် ဆိပ်ကမ်းတို့ ကန်သာယာတို့ အိုးရှင်းတို့ စတဲ့ နေရာတွေကို သွားကြပါ ... အဲ့ဒီလိုမဟုတ်ဘဲ .. တောကျို တောကြား၊ ချုံကျို ချုံကြားကို သွားမယ်ဆိုခဲ့ရင်တော့ ဓားထောက်ခြိမ်းခြောက်သူတွေနဲ့ အခန့်မသင့်လို့တွေ့ကြရင် သမီးရည်စား မညားခင်ကတည်းက မုဆိုးဖိုတို့ ...မုဆိုးမတို့ ဖြစ်ကုန်ကြလိမ့်မယ် ..။ အခုလို ပြောရတာကလည်း လူငယ်တွေ အနေနဲ့ တည့်တည့်ပြောမှ ရိတ်မိတာကြောင့် တည့်တည့်ပြောရတာဖြစ်ပါတယ် .။ မနာလို၍ မဟုတ်ပါ .. ညီလေးတို့ ညီမလေးတို့အတွက် အသက်အန္တရာယ်များလို့ပြောရခြင်းဖြစ်တယ် ..။ စခန်းမှူး ရဲအုပ် ရဲအောင် #မုံရွာနယ်မြေရဲစခန်း
Powered by Blogger.