လူပျိုကြီးတွေကို ငွေတစ်သောင်းပေးရင် ကလေးမွေးတဲ့နေရာ ပြမယ်တဲ့..

ကားပေါ်မှာ လူပျိုကြီးနဲ့ကောင်မလေး အတူတူဆုံတော့ ကောင်မလေးက သူ့ခြေသလုံးဝင်းဝင်းလေးကို မမြင် မြင်အောင်ပြတယ်။ အဲဒီမှာ လူပျိုကြီးက အတင့်ရဲပြီး ... " နင့်စကပ်ကို အပေါ်နည်းနည်းတင်ပေးရင် ပိုက်ဆံ တစ်သောင်းပေးမယ် " ဆိုတော့ .... ကောင်မလေးက ပိုက်ဆံကို တခါတည်းတောင်းပြီး စကပ်ကို အပေါ်တင်ပေးတယ်။ နောက် ...ညု တုတုနဲ့ကြည့်ပြီး ကောင်မလေးက .... " ရှင် နောက်ထပ်တစ်သောင်းထပ်ပေးရင် ... ရှင့်ကို ကလေးမွေးတဲ့နေရာ ပြမယ် " " ဟာ " .... လူပျိုကြီး တံထွေးသီးသွားတယ်။ ပိုက်ဆံ တစ်သောင်းကိုလည်း လျှောလျှောလျူ လျူ ထုတ်ပေးလိုက်တယ်။ ကောင်မလေးက ကားရဲ့ညာဘက်ခြမ်းကို လက်ညိုး ထိုးပြလိုက်တယ်။ " တွေ့လား... ရန်ကုန်အမျိုးသမီး ဆေးရုံကြီး " ...
Powered by Blogger.