အပြာကား ကြည့်လွန်းသူတွေက ဘာသာတရား ကိုင်းရှိုင်းသူတွေ ဖြစ်လာနိုင်ဟုဆို
အပြာကား ကြည့်လွန်းသူတွေက ဘာသာတရား ကိုင်းရှိုင်းသူတွေ ဖြစ်လာနိုင်ဟုဆို သုတေသနရလဒ်တွေအရပါ Oklahoma တက္ကသိုလ် လူမှုဗေဒ ပါမောက္ခ Samuel Perry ရဲ. ခြောက်နှစ်ကြာ လေ့လာမှု မှတ်တမ်းတွေအရ တစ်ပတ်ကို တစ်ကြိမ်မက အပြာကား ကြည့်ရှုတွေဟာ ဘာသာရေးကိုင်းရှိုင်းသူတွေ ဖြစ်လာနိုင်ကြောင်း သိရပါတယ်။ ဒီမှတ်တမ်းမှာ အမေရိကန် ၁၃၀၀ ကို အခြေတည်ပြီး လေ့လာ ခဲ့တာ ဖြစ်ပါတယ်။ ဒေါက်တာက အင်တာဗျူးတစ်ခုမှာ ပုံမှန်ထက် အပြာကားကြည့်ရှုမှုနှုန်း များသူတွေဟာ ဘာသာတရား ကိုင်းရှိုင်းလာဖို့ ဖြစ်နိုင်ခြေ ပိုများလေပါပဲ လို့ ဆိုခဲ့ပါတယ် ။ ဒီမှတ်တမ်းကို ယခုနှစ်ရဲ. ဧပြီလထုတ် Sex Research ဂျာနယ်မှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။