သတင်းထောက်ကိုစိုးမိုးသတ်ဖြတ်ခံရမှုအကျဉ်း


 (13 - 12 - 2016) နံနက် (00:22) အချိန် အောင်ချမ်းသာနှင့်မြို့သစ်အကြား ခမရ (16) အနီး ပြည်ထောင်စုလမ်းမကြီးဘေး၌ ပွန်းပဲ့ဒဏ်ရာတစုံတရာမရှိသော လဲကျနေသောဆိုင်ကယ်နှင့် ၅၁ ပေ အကွာတွင် ကိုစိုးမိုး၏အလောင်းကို မှောက်လျက်အနေအထားဖြင့် ခရီးသွားမုံရွာမြို့ခံတစ်ဦးမှ စတင်တွေ့ရှိခဲ့ပြီး ရဲစခန်းနှင့် သတင်းထောက်များကို သတင်းပို့ခဲ့သည်။ #တွေ့ရှိရသောဒဏ်ရာများ ဦးခေါင်းဝဲယာနှစ်ဖက်စလုံး မာကျောလေးလံသောဒဏ်ရာ ၂ ချက် ဝဲဖက်နှဖူးတွင် မာကျောလေးလံဒဏ်ရာတစ်ချက် မျက်နှာဖူးယောင်ဒဏ်ရာများ #ထူးခြားချက် ကျန်သည့်ကိုယ်အင်္ဂါအစိတ်အပိုင်းများ ပွန်းပဲ့ဒဏ်ရာမရှိ အဝတ်အစားများသန့်ရှင်းနေပြီး တွန့်ကြေခြင်းမရှိ နောက်ဆုံးထွက်ခွါသည့်နေရာမှ ၂၂ မိနစ်အကြာတွင်တွေ့ရ။ #ရဲလုပ်ငန်း ကနဦးစစ်ဆေးချက်များပြီး မုံရွာမြို့မရဲစခန်းမှ အမှုကြီးအမှတ်စဉ် ၁၀ ပုဒ်မ ၃၀၄ (ပ) အမှတ် ၁၅၆၄/၂၀၁၆ ဖြင့်အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်းသိရ။ #မိသားစု ဇနီးသည်နှင့် မူလတန်းကျောင်းတက်နေသည့်သားတစ်ဦးရှိ။ Credit - Kyaw Minn Htut
Powered by Blogger.