ကောင်မလေးကို ဒီလိုတွေ သွားမလုပ်လိုက်ပါနဲ့..


ချစ်သူရည်းစားဘဝဆိုတာ ရင်ခုန်ကြည်နူးဖွယ် အငွေ့အသက်၊ တိမ်းညွှတ်မက်မောဖွယ် အထိအတွေ့၊ လွမ်းဆွတ်တမ်းတဖွယ် အနမ်းတွေနဲ့ အခြေခံတည်ဆောက်ထားတာပါ။ ကိုယ့်ချစ်သူကို ခဏခဏကြည့်ချင်လွန်းလို့ ဓာတ်ပုံလေးကိုတောင် Wallpaper အခိုက်အတန့်ဆိုတာ တကယ်ချစ်ရတဲ့ချစ်သူတွေမှာ ရှိပါတယ်။ တကယ်တမ်း ချစ်ရတဲ့ရည်းစားတိုင်း ပျော်ရွှင်ဖွယ်ချစ်ခရီးလမ်းမှာ အဆင်ပြေချောမွေ့နိုင်စေဖို့ မပြုလုပ်သင့်တဲ့ အချက်တွေကို ဖော်ပြလိုက်ပါတယ်။ ၁။ မငေါက်ပါနဲ့။ မိန်းကလေးတွေဟာ ကိုယ့်ရည်းစားက လူအများရှေ့မှာ ယုယုယယဆက်ဆံတယ်ဆိုရင် ပီတိဖြစ်လို့မဆုံးပါဘူး။ လူ့ရှေ့မှာ နဖူးလေးကို နမ်းတာပဲဖြစ်ဖြစ်၊ ချွေးလေးကို သုတ်ပေးတာပဲဖြစ်ဖြစ်၊ ဆံနွယ်လေးကို နမ်းပေးတာမျိုးဆိုရင် ကိုယ့်ရည်းစားက ဂရုစိုက်ပါလားဆိုပြီး ကြည်နူးတတ်ကြပါတယ်။ အဲဒီတော့ ကိုယ့်ကောင်မလေးကို လူရှေ့သူရှေ့ရောက်ရင် ကြင်ကြင်နာနာဆက်ဆံပါ၊ ဂရုစိုက်ပြပါ။ အော်ငေါက်တာတွေ၊ ဆူပူတာတွေ၊ ကြိမ်းမောင်းတာတွေ မလုပ်ပါနဲ့။ ဘယ်လိုကြီးမားတဲ့ ပြဿနာမျိုးပဲဖြစ်ပါစေ၊ လူ့ရှေ့မှာ အော်ဟစ်ပြောတာမျိုးမလုပ်ဘဲနဲ့ နှစ်ယောက်ချင်းရင်ဆိုင်တွေ့တော့မှ ပြေပြေလည်လည် ညှိနှိုင်းသင့်ပါတယ်။ ၂။ ကိုယ်ထိလက်ရောက် မလုပ်ပါနဲ့။ ကိုယ့်ကောင်မလေးကို လူ့ရှေ့သူ့ရှေ့မှာ အော်ငေါက်တာတွေ၊ ဆူပူတာတွေ လုပ်တာကို လွန်လှပါပြီ။ အားနွဲ့တဲ့ မိန်းမသားကို ကိုယ်ထိလက်ရောက် ရိုက်တာတွေ၊ ထိုးတာတွေ၊ ကန်တာတွေ လုံးဝမလုပ်ပါနဲ့။ မိန်းကလေးတစ်ယောက်ရဲ့ အရှက်တရားဟာ အမုန်းအဖြစ်အသွင်ပြောင်းသွားမယ်ဆိုရင် ငိုပွဲနဲ့ အဆုံးသတ်ပါလိမ့်မယ်။ ကိုယ်ချစ်တဲ့ ရည်းစားကို ယုယုယယထွေးပွေ့ပြီး ပြဿနာတစ်စုံတစ်ရာဖြစ်ခဲ့ရင်တော့ ခေါင်းချင်းဆိုင် ဖြေရှင်းတဲ့နည်းလမ်းဟာ အကောင်းဆုံးဖြစ်မှာပါ။ ၃။ စကားအရမ်းကြီး မပြောပါနဲ့။ ရည်းစားဘဝ ချိန်းတွေ့တဲ့အချိန်မှာ ကိုယ့်ဘက်ကနေပြီး ကရားရေလွှတ် ဆက်တိုက်ပြောနေတဲ့ပုံစံမျိုး မလုပ်ပါနဲ့။ ကိုယ့်ရည်းစား ဘာပြောမလဲဆိုတာ အပြန်အလှန်နားထောင်ပေးပြီး သူ့ခံစားချက်ကို နားလည်ပေးသင့်ပါတယ်။ ကိုယ့်ဆန္ဒကို ထုတ်ဖော်ပြေနေတာထက် သူတစ်ပါးရဲ့ခံစားချက်ကို အသာလေး နားထောင်သင့်ပါတယ်။ ပြီးတော့လည်း ကိုယ့်ရည်းစားရဲ့အခက်အခဲတွေကို နားလည်ခံစားပေးပြီး ဘယ်လိုရင်ဆိုင်ဖြေရှင်းသင့်တာကို တိုင်ပင်သင့်ပါတယ်။ You May Like : အပျော်တွဲတာလား ၊ တကယ်လက်ထပ်မှာလားဆိုတာ ဒီအချက်တွေနဲ့ ဆုံးဖြတ်ပါ ၄။ အရမ်းကြီး မထိန်းချုပ်ပါနဲ့။ ရည်းစားဘဝမှာ ကိုယ်လည်း ကိုယ့်လွတ်လပ်ခွင့်နဲ့ကိုယ်၊ သူလည်း သူ့လွတ်လပ်ခွင့်နဲ့သူ အဲလိုပဲ ဖြစ်သင့်ပါတယ်။ တချို့ရည်းစားစုံတွဲတွေဟာ အလွန်အမင်း ထိန်းချုပ်လွန်းတဲ့အတွက် စိတ်မသက်မသာဖြစ်ရတတ်ပါတယ်။ ပြီးတော့လည်း “ ဘယ်နေရာသွားရင် သွားပြန်ပြီ ၊ ဘာလုပ်ရင် လုပ်ပြန်ပြီ” စသဖြင့် အပြစ်ရှာပြောနေမယ်ဆိုရင်တော့ အလုပ်ဖြစ်မှာမဟုတ်ပါဘူး။ Relationship နဲ့ Individual Right ကွဲပြားပါစေ။ ၅။ ကျရှုံးချိန်မှာ မထားခဲ့ပါနဲ့။ ဒီအချက်ကလည်း သမီးရည်းစားဘဝမှာ အခရာကျတဲ့ အချက်ပါ။ ကိုယ့်ရည်းစား အောင်မြင်တဲ့အချိန်တုန်းက တွဲနေပြီး အနှုတ်လက္ခဏာပြနေပြီဆိုရင် နှုတ်ဆက်လက်ပြသွားတဲ့သူတွေ ဒုနဲ့ဒေးရှိကြပါတယ်။ ချစ်သူရည်းဘဝဆိုတာ အခက်အခဲတိုင်းကို မောင်တစ်ထမ်း၊ မယ်တစ်ရွက်ရင်ဆိုင်ဖြေရှင်းပြီး လျှောက်လှမ်းသင့်ပါတယ်။ ကိုယ့်ရည်းစားဘယ်လိုပဲ အခက်အခဲတွေ တွေ့ကြုံနေပါစေ၊ ခွဲမသွားဘဲနဲ့ သေတဖန် သက်တစ်ဆုံး လက်တွဲသင့်ပါတယ်။ ၆။ အခွင့်အရေး အရမ်းမတောင်းပါနဲ့။ အရိပ်ပြရင် အကောင်ထင်ပါစေ ၊ အရိပ်ပြရင် မဲမဲကြီးလို့ မပြောရဘူးနော်။ ဒီလောက်ပြောရင် ယောက်ျားလေးတိုင်း သိကြမယ်ထင်ပါတယ်။ ကိုယ့်ရည်းစားက ပေးချင်မှန်းမသိ၊ မပေးချင်မှန်းမသိ ဇွတ်မကြမ်းပါနဲ့။ သူ့ဘက်က ကျေကျေနပ်နပ်ပေးလာတဲ့အထိ စိတ်ရှည်ရှည်နဲ့ စောင့်ပါလေ။ ရည်းစားနဲ့ဇနီးဆိုတဲ့ ဝေါဟာရကို ကွဲပြားပါစေ။ ကျော်စိုးအောင် (အခရာ)
Powered by Blogger.