ဖုန်းနံပါတ် 0888-888-888 အပါအ၀င် ထူးခြားထိတ်လန့်ဖွယ် ဖြစ်ရပ်မှန် အဖြစ်အပျက်များ


 သေသူဆီကစာ တစ်ရက်မှာ ရောဘတ်ဆီကို စာတစ်စောင်ရောက်လာခဲ့ပါတယ်။  ထူးခြားတာက အဲ့ဒီ့စာဟာ လွန်ခဲ့တဲ့ ၁၃နှစ်က သေဆုံးသွားခဲ့တဲ့ သူ့အစ်ကိုတိုနီဆီက စာပါ။ စာထဲမှာ တိုနီဟာ သူစိတ်ကျဝေဒနာခံစားနေရကြောင်းဝန်ခံထားပြီး သူ့ညီရောဘတ်ဆီကို မကြာခင်မှာ လာလည်မယ်လို့ ဆိုထားပါတယ်။  ရောဘတ်လည်း သူ့အစ်ကိုတိုနီရဲ့အုတ်ဂူကိုသွားပြီး အခေါင်းကို တူးဖော်လိုက်တဲ့အချိန်မှာ ထူးဆန်းစွာပဲ အခေါင်းထဲမှာ သူ့အစ်ကိုတိုနီရဲ့အလောင်းက ပျောက်ဆုံးနေပါတယ်။  ထူးခြားတဲ့ကားမတော်တဆမှု ရဲအရာရှိနှစ်ယောက်ဟာ ရဲကားနဲ့အတူ ပတ်ဝန်းကျင်ကိုစစ်ဆေးနေတုန်း သူတို့မျက်စိရှေ့မှာတင် ကားမတော်တဆမှုတစ်ခု ဖြစ်ပျက်သွားတာကို မြင်လိုက်ပါတယ်။ အပြေးအလွှားနဲ့ ကားမတော်တဆမှုဖြစ်တဲ့နေရာကို သွားရောက်တဲ့အချိန်မှာ ရုတ်ချည်းဆိုသလို အဲ့ဒီ့နေရာမှာ ဘာကားမတော်တဆဖြစ်မှုမှ ရှိမနေပါဘူး။ ဗလာပါပဲ။ ရဲအရာရှိနှစ်ဦးလည်း အလွန်အံ့သြတုန်လှုပ်သွားခဲ့ပြီး စခန်းမှာအဖြစ်အပျက်တွေကို ပြောပြတဲ့အခါ စခန်းက သက်တမ်းရင့်အရာရှိတစ်ဦးဟာ အခုလိုရှင်းပြပါတယ်။ အဲ့ဒီ့နေရာမှာ လွန်ခဲ့တဲ့ငါးနှစ်က ဒီနေ့ရဲအရာရှိနှစ်ဦးမြင်ခဲ့တဲ့ပုံစံအတိုင်း ကားမတော်တဆမှုဖြစ်ပွားခဲ့ပါတယ်။ လူတွေလည်းသေဆုံးခဲ့ပြီး နောက်ပိုင်းမှာ အလားတူကားမတော်တဆမှုပုံရိပ်တွေက ရုပ်ရှင်ပြသလို ပြန်ပြန်ပေါ်လာတတ်တယ်လို့ ဆိုပါတယ်။  ဖုန်းနံပါတ် 0888-888-888 အဲ့ဒီ့ဖုန်းနံပါတ်ကို ကိုင်ရတဲ့သူတွေဟာ ထူးခြားစွာပဲ အချိန်တိုအတွင်းမှာ သေဆုံးသွားလေ့ရှိတယ်လို့ဆိုပါတယ်။ ဖုန်းကုမ္ပဏီတွေလည်း ဒီဖုန်းနံပါတ်နဲ့ပတ်သက်ပြီး လိုက်လံစုံစမ်းပေမယ့် ဘာမှထူးခြားမှုရှိမနေပါဘူး။ ဒါပေမယ့် အဲ့ဖုန်းနံပါတ်ကို ကိုင်လိုက်မိသူတိုင်းဟာ သာမန်မဟုတ်တဲ့ သေဆုံးခြင်းမျိုးနဲ့ သေဆုံးနေစဲလို့ ဆိုပါတယ်။  ပျားတွေနဲ့အမျိုးသမီး မာဂရက်ဟာ သူမနေတဲ့အိမ်နဲ့ ၇မိုင်အကွာမှာ ပျားတွေကိုမွေးမြူရေးလှောင်အိမ်တွေနဲ့ မွေးမြူထားပါတယ်။ ၁၉၉၄ မှာတော့ မာဂရက်သေဆုံးသွားခဲ့ပြီး ထူးခြားတဲ့အဖြစ်အပျက်တစ်ခုဖြစ်လာပါတယ်။ အဲ့တာကတော့ အသုဘချတဲ့နေ့မှာ မာဂရက်တို့အိမ်ကနေ လူအစုအဝေးတွေ စထွက်တဲ့အချိန်မှာပဲ ၇မိုင်အကွာက ပျားအုံကြီးဟာ ဘယ်သူ့ကိုမှ တိုက်ခိုက်ခြင်းမပြုဘဲ ခပ်လှမ်းလှမ်းကနေ မာဂရက်အုတ်ဂူရှိတဲ့သချိင်္ုင်းအထိ ပါလာခဲ့တာပါပဲ။  ကလေးကစားတဲ့အိမ် သြစတျေးလျက မူကြိုကျောင်းတစ်ခုမှာ တစ်နေ့မှာ ကလေးငယ်တွေဟာ ကျောင်းစာသင်ပြီး ကျောင်းဝင်းထဲက ကလေးကစားတဲ့အိမ်ကလေးဆီ ဆော့ကစားဖို့ရောက်လာကြပါတယ်။ အဲ့ဒီ့အချိန်မှာပဲ ထူးထူးခြားခြား အဲ့ဒီ့အိမ်တစ်ခုလုံးဟာ လူသွေးတွေနဲ့ပြည့်နှက်နေခဲ့ပါတယ်။ ရဲတွေရဲ့အဆိုအရ လူတစ်ယောက်ဟာ အဲ့ဒီ့လောက်သွေးတွေကုန်ဆုံးသွားရင် အဲ့ဒီ့အိမ်ထဲကနေ ထွက်ပြေးနိုင်စရာအကြောင်းမရှိပါဘူး။ ပိုဆိုးတာက DNA နဲ့ သွေးကို စစ်ဆေးကြည့်တဲ့အချိန်မှာ အဲ့ဒီ့သွေးနဲ့ကိုက်ညီတဲ့သူ ဘယ်သူမှ အခုထက်ထိ ရှာလို့မတွေ့တာပါပဲ။  ထူးခြားတဲ့အချက်ပေးစကား ၁၉၄၈ ခုနှစ်မှာ အင်ဒိုနီးရှားက သင်္ဘောဆိပ်ကမ်းတစ်ခုမှာ ထွက်ခါနီးသင်္ဘောတစ်စီးရှိနေခဲ့ပါတယ်။ အဲ့ဒီ့အချိန်မှာ ထူးခြားစွာပဲ အဲ့ဒီ့သင်္ဘောရဲ့စက်ခန်းမှာရှိနေတဲ့ ကပ္ပတိန်အပါအ၀င်သင်္ဘောသားတွေအားလုံး အချက်ပေးစကားတစ်ခုကြားလိုက်ရပါတယ်။ အဲ့ဒီ့စကားကတော့ " သင်္ဘောပေါ်မှာရှိတဲ့သူတွေ ကပ္ပတိန်အပါအ၀င်အားလုံး သေဆုံးကြရလိမ့်မယ် " ဆိုတဲ့စကားပါပဲ။ ကပ္ပတိန်က သင်္ဘောဆိပ်ကမ်းကလူတွေကို ဒီစကားကြားကြောင်း လှမ်းပြောတဲ့အခါမှာ ဆိပ်ကမ်းကလူတွေလည်း အံ့သြနေခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတဲ့ အဲ့ဒီ့အချက်ပေးစကားကို ဘယ်သူမှ မပြောခဲ့ပါဘူး။ မကြာခင်မှာပဲ အဲ့ဒီ့သင်္ဘောကြီး ထွက်ခွာသွားပါတယ်။ နာရီတော်တော်ကြာပြီးတဲ့နောက်မှာတော့ ဆိပ်ကမ်းကလူတွေ အဲ့ဒီ့သင်္ဘောနောက်ကိုလိုက်သွားပြီး သွားစစ်ဆေးတဲ့အခါမှာ သင်္ဘောပေါ်ကလူအားလုံးဟာ မျက်လုံးတွေပြူးကျယ်စွာပွင့်လျက် သေဆုံးနေတာကို တွေ့ရပါတယ်။ Credit Duwun
Powered by Blogger.