ခြံဝင်းတံခါးကိုဖြတ်ပြီး Click ဆိုင်ကယ် ၂ စီးကိုခိုးယူသွားတဲ့ မန္တလေးမြို့က ဖောက်ထွင်းဝိဇ္ဇာ CCTV ကင်မရာမှ ရိုက်ကူးရရှိ

          
၂၅ ရက်နေ့မနက် ၂ နာရီလောက်က ဝင်းတံခါးကိုဖျက်ပြီး Click ဆိုင်ကယ် ၂ စီးကိုခိုးသွားပါတယ် Solex သော့ကိုဖွင့်တာကျွမ်းကျင်ပါတယ် ကျွန်တော်တို့အိမ်ဆို ချောင်ကျတဲ့နေရာတော့မဟုတ်ပါဘူး မြို့တော်ခန်းမနဲ့ ကပ်ရက်လေ ပြန်ထွက်သွားတဲ့အချိန်မှာလဲ မျက်နှာချင်းဆိုင်က မြို့တော်ခန်းမရုံးရဲ့မီးရောင်အောက်မှာ သော့ကိုအေးအေးဆေးဆေးသွားဖျက်နေကြတာပါ ဒီနေရာမှာ ကျွန်တော်မမွေးခင်ကထဲကနေလာတာလို့ပြောလို့ရတယ် ဒီအသက်အရွယ်အထိ တစ်ခါမှမကြုံဖူးဘူး ဘယ်သူ့ကိုမှအပြစ်မတင်လိုတော့ပါဘူး ကိုယ့်ကံမကောင်းတာလို့ဘဲမှတ်ပါတယ် ==================#================== မန္တလေးမြို့ကလူတွေ သတိထားကြပါ ကိုယ့် အိမ်လုံခြုံရေး ကိုယ့်ဟာကိုဂရုစိုက်ကြပါ ၁. ကိုက်တတ်တဲ့ ခွေးမွေးထားပါ ၂. CCTV ကိုအမျိုးအစားကောင်းတာတပ်ထားပါ ၃. မိသားစုဝင်တိုင်း တစ်ယောက်တစ်လှည့် ညမအိပ်ဘဲအလှည့်ကျကင်းစောင့်အိပ်ကြပါ ၄. အိမ်ထဲမှာ တုတ်/ ဓားလက်နက်ဆောင်ထားခွင့်မရှိပါ ၅. အိမ်အနီးနားဝန်းကျင်မှာမသင်္ကာစရာတစ်ခုခုတွေ့ပါက ရဲစခန်းကိုအကြောင်းကြားပါ ( လာတာ မလာတာသူတို့အပိုင်းပေါ့လေ) ������ ၆. အိမ်မှာရှိတဲ့ယောင်္ကျားလေးတိုင်းအရွယ်ရောက်တာနဲ့သိုင်း / ကရာတေး ကိုယ်ခံပညာတစ်ခုခုကို ခါးပါတ်နက်အဆင့်လောက်အထိအနဲဆုံးရောက်အောင်သင်ထားကြပါ ၇. အကယ်၍မိခဲ့ရင် ဘာမှမလုပ်ဘဲ ရဲစခန်းကိုအမြန်ဆုံးအကြောင်းကြားပါ (အဲ့ဒီအချိန်ပါလာတဲ့လက်နက်နဲ့ထိုးသွားလဲအသေခံလိုက်ကြပါ) #ကျွန်တော်တို့နေခဲ့တဲ့မန္တလေးမြို့ကြီးမလုံခြုံတော့ပါ ဟိုနေ့က friend only မို့ share လို့မရတဲ့လူတွေ share နိုင်ပါတယ် သဗ္ဗေသတ္တာ ကမ္မသကာ ဟူ၍ လူမှုကွန်ယက်ပေါ်သို့ Thet Khaine Soe အကောင့်ပိုင်ရှင်မှ တင်ထားပါသည်။
Powered by Blogger.