ဟစ်တလာ ဇနီး၏ အတွင်းခံ ပေါင် သုံးထောင်နီးပါးဖြင့် လေလံတင်ရောင်းချ
ဟီတလာ၏ ဇနီးဖြစ်သူ အီဗာဘရွန်း ဝတ်ဆင်ခဲ့သည့် အတွင်းခံအား ပေါင် ၃၀၀၀ နီးပါးဖြင့် လေလံတင် ရောင်းချခဲ့ရသည်။ မဲလ်ဗရန်းရှိ Philip Serrell လေလံရုံးတွင် တင်ထားရောင်းချရာ၌ ပေါင် ၄၀၀ ဝန်းကျင် ရရှိမည် မျှော်လင့်ထားရာမှ ပေါင်း ၂၉၀၀ ဖြင့် ရောင်းထွက်သွားခြင်းဖြစ်သည်။ ရွှေလက်စွပ်တစ်ကွင်း၊ မှန်တပ်ငွေသေတ္တာငယ်နှင့် ငွေဘူးခွံဖြင့် နှုတ်ခမ်းနီတောင့်တို့ကိုလည်း ယင်းလေလံပွဲတွင် ရောင်းချနိုင်ခဲ့သည်။ အားလုံးကို ပစ္စည်းစုဆောင်းသူတစ်ဦးတည်းက ဝယ်ယူခြင်းလည်းဖြစ်သည်။ ရောင်းချရသည့် အတွင်းခံတွင် အီဗာဘရွန်း၏ လက်မှတ်တိုပါ ရေးထိုးပါရှိပြီး ဇာနားကွပ်အတွင်းခံဖြစ်သည်။ ရွှေလက်စွပ်မှာ မဟူရာဖလားကို ပတ္တမြားခြောက်ပွင့်ရံလျက် တပ်ဆင်ထားသည့် လက်စွပ်ဖြစ်ပြီး ပေါင် ၁၂၅၀ ဖြင့် ရောင်းချရကာ အီဗာဘရွန်း၏ နာမည်အတိုကောက်ပါသည့် ငွေဘူးခွံ နှုတ်ခမ်းနီတောင့်ကို ပေါင် ၃၆၀ ဖြင့် ရောင်းချနိုင်ခဲ့ခြင်းဖြစ်သည်။ ထိုပြင် အီဗာဘရွန်း၏ အဖြူအမည်းဓာတ်ပုံများနှင့် ဟစ်တလာနှင့် တွဲရိုက်ထားသည့် ဓာတ်ပုံများကိုလည်း ပေါင် ၁၀၀ ဖြင့် ရောင်းချခဲ့ရသည်။ လေလံဆွဲ ဝယ်ယူသွားသူမှာ ဗြိတိန်နိုင်ငံက ပစ္စည်းစုဆောင်းသူတစ်ဦးဖြစ်ကြောင်း လေလံရုံးက ပြောခဲ့သည်။ Mizzima