ကြက်ဖကြီးဆိုတာ သူလား? ထောင်နှစ်နှစ်တဲ့ဗျာ။ အပြည့်အစုံဖတ်ရန်နှိပ်ပါ။




ဖေ့စ်ဘွတ်မှာ ကြက်ဖကြီးဆိုပြီး စွပ်စွဲခံရသူ ကိုလှဖုန်း ကို နိုင်ငံတော်အကြည်ညိုပျက်အောင် လုပ်ဆောင်မှု အပါအဝင် ဆက်သွယ်ရေး ပုဒ်မ ၆၆ (ဃ) နဲ့ ထောင်ဒဏ် ၂ နှစ်ကျခံရန် မရမ်းကုန်းမြို့နယ် တရားရုံးက ဒီကနေ့ အမိန့်ချမှတ်လိုက်ပါတယ်။ ကိုလှဖုန်းဟာ ကြက်ဖကြီး အကောင့်အသုံးပြုပြီး အင်တာနက်အွန်လိုင်းစာမျက်နှာမှာ တပ်မတော်ကို ဝေဖန်ရေးသားပြောဆိုတဲ့အတွက် အခုလို အမိန့်ချမှတ်လိုက်တာဖြစ်ပါတယ်။ သူဟာ ကြက်ဖကြီးအကောင့်ပိုင်ရှင် မဟုတ်သလို အခု အမိန့်ချမှတ်တာဟာလည်း မတရားစွပ်စွဲပြီး အမိန့်ချမှတ်ခံရတာဖြစ်တယ်လို့ တရားရုံးအထွက်မှာ ကိုလှဖုန်း က ပြောပါတယ်။ ဒီအမှုကို အထက်တရားရုံးမှာ ဆက်လက်အယူခံဝင်သွားမယ်လို့ သိရပါတယ်။ Photo: Kyaw Zaw Win, Htet Arkar/RFA Source : RFA Burmese
Powered by Blogger.