ကားထဲတွင် အလုံပိတ်ပြီး အချစ်လွန်သည့် စုံတွဲ အောက်ဆီဂျင်ပြတ်ပြီး သေဆုံး



ကားထဲတွင် အလုံပိတ်ပြီး အချစ်လွန်သည့် စုံတွဲ အောက်ဆီဂျင်ပြတ်ပြီး သေဆုံး ကားပေါ်မှာ မှန်ချကာ လေအေးပေးစက်ဖွင့်ပြီး ချစ်တင်းနှောခဲ့ကြတဲ့ လူငယ်စုံတွဲတစ်တွဲဟာ ဓာတ်ငွေ့ အဆိပ်သင့်ပြီး သေဆုံးသွားခဲ့ကြကြောင်း သိရပါတယ်။ ဆရာဝန်တွေရဲ စစ်ဆေးချက်အရ အဆိုပါစုံတွဲဟာ ကာဘွန်မိုအောက်ဆိုက် အဆိပ်သင့်ပြီး အသက်ရှုမရ ဖြစ်ကာ အောက်ဆီဂျင်ပြတ်ပြီး သေဆုံးခဲ့တာလို့  ဆိုပါတယ်။ သူတို့နှစ်ဦးဟာ ကားဂိုဒေါင်တစ်ခုအတွင်းမှာ ဂိုဒေါင်တံခါးပိတ်ကာ အချစ်လွန်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။ သူတို့ကိုယ်တိုင် ရည်ရွယ်ချက် ရှိရှိနဲ့ ဒီနေရာကို ရွေးချယ်ခဲ့တာဖြစ်လို့ ရုတ်တရက် အပြင်က လူတွေ မမြင်နိုင်ခဲ့ပြီး အထဲကို ဖောက်ဖျက်ဝင်ရောက်ခဲ့ရပါတယ်။အာတင်းဆိုသူ လူငယ်လေးက အသက် ၁၈ နှစ်အရွယ်သာရှိသေးပြီး တစ်နေ့မှာ ဝပ်ရှော့ဖွင့်ဖို့ ရည်မှန်းထားသူပါ။ သူ့ရဲ့ချစ်သူ ကောင်မလေး အန်နာနဲ့ သူတို့ဟာ လွန်ခဲ့တဲ့ လအနည်းငယ်တုန်းက တွေ့ခဲ့ကြတာဖြစ်ပါတယ်။ သူတို့ စုံတွဲဟာ တစ်ယောက်လက်မောင်းပေါ် တစ်ယောက် ပုံကျပြီး သေဆုံးနေခဲ့တာလို့ ဆိုပါတယ်။ လူမှုကွန်ယက်မှာ ဒီအကြောင်းက လူပြောများနေပြီး ဒီလိုသေဆုံးသွားတာဟာ ကောင်းသော သေဆုံးခြင်းဖြစ်တယ်လို့လည်း မှတ်ချက်ပေးနေကြပါတယ်။ အကြောင်းကတော့ သူတို့ဟာ အရင်အိပ်ပျော်သွားပြီး သေဆုံးသွားတာဖြစ်တာကြောင့် ဝေဒနာ မခံစားရလို့ ဖြစ်ပါတယ်။ Source : Mirror duwun
Powered by Blogger.