ပယောဂ ပူးတယ်ဆိုတဲ့ မှော်ဘီက စက်ရုံကို လုံခြုံရေးချထား


ပယောဂ ပူးတယ်ဆိုတဲ့ မှော်ဘီက စက်ရုံကို လုံခြုံရေးချထား မှော်ဘီမြို့နယ်က အထည်ချုပ်စက်ရုံတစ်ရုံမှာ အမျိုးသမီးတစ်ဦး အမှောင့်ပယောဂဝင်ရောက်ပူးကပ်ခဲ့တာကြောင့် အဆိုပါစက်ရုံကို ရဲတပ်ဖွဲ့က လုံခြုံရေးရယူပေးထားတယ်လို့ သိရပါတယ်။ လှည်းငုတ်ချောင်းကျေးရွာ ဝမ်ဟီဂါးမန့် အထည်ချုပ်စက်ရုံမှ  အမျိုးသမီးတစ်ဦးကို အောက်တိုဘာ ၃၁ ရက်က အမှောင့်ပယောဂ ဝင်ရောက်ပူးကပ်ခဲ့တာဖြစ်ပြီး ဝိညာဉ်ပူးကပ်သူက အလှူပြုလုပ်ပေးဖို့ တောင်းဆိုထားတယ်လို့ မှော်ဘီရဲစခန်းမှ ဒုရဲမှူးတင့်နိုင်က ပြောကြားထားပါတယ်။ ဝင်ရောက်ပူးချိန်မှာ လန့်ပြေးသူတွေနဲ့ မူးမေ့လဲသူတွေလည်း ရှိပြီး လုံခြုံရေးကို စက်ရုံဖွင့်ချိန်၊ ပိတ်ချိန်နဲ့ ညပိုင်း တွေမှာ ကင်းလှည့်ဆောင်ရွက် ပေးနေတယ်လို့လည်း သိရပါတယ်။ ဝင်ရောက်ပူးကပ်ခဲ့သူဟာ လွန်ခဲ့တဲ့ ရှစ်နှစ်ခန့်က ဆိုင်ကယ်တိုက်မိခဲ့ပြီး စက်ရုံဝင်းရဲ့ ထောင့်တစ်နေရာမှာ လဲကျသေဆုံးခဲ့ကာ မကျွတ်လွတ်တာကြောင့် အမျှဝေအလှူပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်တယ်လို့ 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။ Photos & Source: 7Day Daily
Powered by Blogger.