မိန်းမတွေ ဓမ္မတာလာခါနီအချိန် အင်မတန်ကြောက်စရာကောင်းတယ်နော်…



13606904_1585799455052603_7195215633376703925_n
အဲ့လိုအချိန်ဆို မိန်းကလေးတွေက အရမ်း Sensitive ဖြစ်တယ်..အလကားနေရင်းတောင်စိတ်တွေတို စိတ်တွေရှုပ်နေတာ..တခါတလေ ဒေါသတွေထွက်ပြီး အလိုလို လူသတ်ချင်နေတယ်..မိန်းမအကျဉ်းသားတွေကို ဆန်းစစ်ကြည့်တဲ့အခါမှာ ၁၀၀%မှာ ၉၉%ဟာ အဲ့လို ဓမ္မတာလာချိန်နဲ့ လာခါနီးအချိန်တွေမှာ ကျူးလွန်ခဲ့ကြပါတယ်တဲ့..
ပုံမှန်စုံတွဲတွေ ပြသနာတက်ရင်လဲ အဲ့လို အချိန် အများဆုံးဖြစ်တတ်ကြတယ်..ဒီနေရာမှာ ကိုယ့်ချစ်သူက ကိုယ့်အခြေအနေကို သိလို့နားလည်ပေးတတ်တဲ့သူဆိုရင် ကိစ္စမရှိပေမဲ့..နားမလည်ပေးတတ်တဲ့သူဆိုရင် သူတို့ကပဲ တပြန်ကြီး စိတ်ဆိုးတတ်ကြပါတယ်..
မိန်းကလေးတွေကလဲ ဘယ်မိန်းကလေးမှ ငါဒီလိုဖြစ်နေလို့နားလည်ပေးပါဆိုပြီးထုတ်ပြောကြမှာမဟုတ်ပါဘူး..ရှက်ပြီးရင်ထဲကပဲပြောနေမိကြမှာပါ..ဘာလို့လဲဆိုတော့ မိန်းကလေးတွေဟာ ငါတစ်ယောက်ထဲ ဒီလို ဖြစ်တတ်တာလားဆိုပြီးတွေးနေမိတတ်ကြလို့ပါ..
ဒီတော့ ကိုယ့်ချစ်သူဖြစ်ဖြစ် ခင်ပွန်းသည်ဖြစ်ဖြစ် ကိုယ်ဒီလိုဖြစ်တတ်တယ်ဆို ပွင့်ပွင့်လင်းလင်းပြောပြထားပါ..ဒါကိုမှ ချစ်သူက သည်းမခံတတ်ရင် အဲ့လို အချိန် ၃ရက်လောက်ကို အဆက်အသွယ်သာ ဖြတ်ထားတော့..ဒါမျိုးက လည်ပင်းစာဆွဲထားလို့ရတဲ့ကိစ္စလဲမဟုတ်ဘူးလေ..
ဒီလောက်တောင် သတိပေးလျက်နဲ့မှ မေ့မေ့နေတတ်တဲ့ယောကျာ်း..အဲ့လိုအချိန် နားလည်မှုမရှိ ကိုယ်နဲ့အတိုက်အခံပြန်လုပ်တတ်တဲ့ယောကျာ်းဆိုရင်တော့ ပါးသာပိတ်ရိုက်လိုက်တော့..
Credit: Jennifer Hsu Hmwe
Photo ဖြည့်စွက်.. ..ကိုခါး
Powered by Blogger.