ကွယ်လွန်သွားတဲ့ ချစ်သူဝင်စားလို့ ယုံကြည်တဲ့ မြွေကို လက်ထပ်ပေါင်းသင်း နေထိုင်နေသူ
ချစ်သူကောင်မလေး ကွယ်လွန်သွားခဲ့လို့ အသည်းကွဲပြီး ကျန်ရစ်ခဲ့တဲ့ အမျိုးသားတစ်ဦးဟာ နောက်ဆုံးမှာ မြွေတစ်ကောင်နဲ့ လက်ထပ်ပြီး အတူနေဖို့ ဆုံးဖြတ်လိုက်ကြောင်း သိရပါတယ်။ အကြောင်းကတော့ အဆိုပါမြွေဟာ သူ့ရဲ့ကွယ်လွန်သွားတဲ့ ချစ်သူပြန်ဝင်စားထားတာလို့ ယုံကြည်တာကြောင့်ပါ။ သူနဲ့အတူ နေထိုင်လျှက်ရှိတဲ့ မြွေနဲ့ အနီးကပ် ဓာတ်ပုံတွေ လူမှုကွန်ယက်မှာ ပျံ့နှံ့လာပြီးနောက် နာမည်ကျော်လာတာဖြစ်ပါတယ်။ စင်္ကာပူမှာရှိတဲ့ ရေကန်တစ်ခုဘေးမှာ အဆိုပါမြွေကြီးနဲ့ အေးအေးလူလူ ထိုင်နေကြတဲ့ပုံဟာလည်း လူကြိုက်များလျှက်ရှိပါတယ်။ ဝေါ်ရာနန်ဆာရာဆာလင်းလို့ ခေါ်တဲ့ ချစ်သူကို လွန်ခဲ့တဲ့ ငါးနှစ်တုန်းက ဆုံးရှုံးလိုက်ရတာ ဖြစ်ပါတယ်။ " အချစ်စစ်က ဘယ်တော့မှ မသေဆုံးဘူး" လို့ ဝေါ်ရာနန်က ပြောပါတယ်။ သူတီဗီကြည့်နေတဲ့ အချိန်မှာလည်း မွေးမြူထားတဲ့ မြွှေဟောက်ကြီးက သူနဲ့အတူ တီဗီလိုက်ကြည့်လျှက် ရှိပါတယ်။ နောက်ဆုံးအနေနဲ့ သူကားနဲ့ အပြင်သွားရင်တောင်မှ အဆိုပါမြွေဟောက်ကြီးက ကားဘေးက ခုံပေါ်မှာ အတူလိုက်ပါလေ့ရှိပါတယ်။ အဆိုပါအမျိုးသားရဲ့ ဓာတ်ပုံတွေနဲ့ အကြောင်းအရာဟာ လူမှုကွန်ယက်မှာ ရေပန်းစားနေပေမယ့် ဘယ်အရပ်မှာ တိတိကျကျနေထိုင်တယ်ဆိုတာတော့ မသိရသေးပဘူး။ှSource : Mirror Duwun