အသက်မပြည့်သေးတဲ့ အမျိုးသမီးငယ်ကို အဓမ္မပြုကျင့်မှုနဲ့တံတားစောင့်ရဲ ဖမ်းဆီးခံရ


အသက်မပြည့်သေးတဲ့ အမျိုးသမီးငယ်ကို အဓမ္မပြုကျင့်မှုနဲ့တံတားစောင့်ရဲ ဖမ်းဆီးခံရ ၂၊အောက်တိုဘာ၊ရန်ကုန် ညအချိန်၊မိဘနဲ့စိတ်ဆိုးပြီးအိမ်ကထွက်လာတဲ့အသက်မပြည့်သေးတဲ့အမျိုးသမီးငယ်တစ်ဦးကို လိုက်ပို့ပေးမယ်ပြောပြီး တည်းခိုခန်းခေါ်သွားကာ အဓမ္မပြု့ကျင့်တဲ့ တံတားစောင့်ရဲတပ်သား ကိုပုဒ်မနှစ်ခုနဲ့အရေးယူထားတယ်လို့သိရပါတယ်၊၊ သိန္နီရဲစခန်းကရဲအုပ်သန်းထိုက်စိုး“ သူ့ကိုကျွန်တော်တို့ရဲစည်းကမ်းနဲ့လည်းအရေးယူထားတယ်။ ချုပ်မိန့်ယူပြီးချုပ်ထားပါတယ် “လို့ပြောပါတယ်၊၊ အဲဒီဖြစ်ရပ်ဟာ မနေ့ကနိုဝင်ဘာလ(၁)ရက်နေ့ ညဆယ်နာရီခွဲအချိန် သိန္နီမြို့မှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ သိန္နီမြို့၊ကောင်းဟော်ကျေးရွာ မှာနေထိုင်တဲ့ အသက် ၁၆နှစ်အရွယ် အမျိုးသမီးငယ်ဟာ နေအိမ်က မိဘနဲ့စိတ်ဆိုးကာ ဦးလေးတော်စပ်သူနေအိမ်ကို ထွက်လာပြီးနောက် သိန္နီတံတားနားမှာ အဆိုပါအစောင့်ရဲနဲ့တွေ့ရှိခဲ့တာဖြစ်ပါတယ်။ အစောင့်ရဲက အမျိုးသမီးငယ်ကို ဦးလေးအိမ်ကိုလိုက်ပေးမယ်ဆိုကာ တည်းခိုခန်းကိုခေါ်သွားကာ လိင်ပိုင်းဆိုင်ရာကျုးလွန်ခဲ့တယ်လို့ဆိုပါတယ်။ ကျူးလွန်ခံခဲ့ရတဲ့ အမျိုးသမီးငယ်ဟာ နောက်တနေ့မနက်မှာ အိမ်ပြန်လာပြီး အဖြစ်အပျက်ကိုမိဘ တွေကိုဖွင့်ပြောကာ ကိုယ်တိုင်ရဲစခန်းမှာသည်ကနေ့ အမှုဖွင့်တိုင်ကြားခဲ့တာဖြစ်လို့ သိရပါတယ်။ “အစောင့်ရဲတပ်သားက ရဲအသုံးဆောင်ပစ္စည်းတွေကိုပြသပြီး မြို့ပေါ်ရှိဦးလေးအိမ်ကိုရောက်အောင် ကူညီမယ်ဆိုပြီး၊ပြောဆိုခဲ့တာကြောင့်ယုံကြည်လို့လိုက်သွားခဲ့တာဖြစ်တယ်”လို့အမှုကိုကူညီပေးနေတဲ့ သိန္နီမြို့ကချင်နှစ်ခြင်းအသင်းတော်ကအတွင်းရေးမှုးဆရာဦးခွန်ခေါင်ကရှင်းပြပါတယ်။ သူက “ဥပဒေအတိုင်းအမှန်တိုင်းသွားဖို့ကျွန်တော်တို့လိုချင်တာပါ ကျွန်တော်တို့သေချာတိုင်ပင်ပြီးအမှန်တိုင်းလုပ်ပေးဖို့တောင်းဆိုမယ်“လို့ပြောပါတယ်၊၊ ကျူးလွန်သူ တံတားစောင့်ရဲ ကိုအုပ်ထိန်းသူခွင့်ပြုချက်မရပဲခိုးယူပေါင်းသင်းမှုနဲ့ ရဲစည်းကမ်းဖောက်ဖျက်မှု ပုဒ်မ၃၇၆/၃၆၃နဲ့သန္နီရဲစခန်းကအရေးယူထားတယ်လို့သိရပါတယ်၊၊ Author/ အေးအေးအောင်
Powered by Blogger.