ထွက်ပြေးဖို့ ကြိုးစားသူ ဇနီးကို ဆံပင်ဆွဲပြီး လမ်းမပေါ် ဒရွတ်တိုက် ဆွဲခေါ်သွားတဲ့ အမျိုးသား
ထွက်ပြေးဖို့ ကြိုးစားသူ ဇနီးကို ဆံပင်ဆွဲပြီး လမ်းမပေါ် ဒရွတ်တိုက် ဆွဲခေါ်သွားတဲ့ အမျိုးသား ) တရုတ်နိုင်ငံ လမ်းမထက် တစ်နေရာမှာ အမျိုးသမီးတစ်ဦးဟာ ခင်ပွန်းဖြစ်သူလို့ ယူဆရတဲ့ အမျိုးသားတစ်ဦးရဲ့ နှိပ်စက်မှုကို ခံလိုက်ရကြောင်း သိရပါတယ်။ တက္ကစီပေါ် ရောက်နေတဲ့ သူမကို ခင်ပွန်းလို့ယူဆရသူ အမျိုးသားက ဆံပင်ဆွဲပြီး တက္ကစီပေါ်က ဆွဲချခဲ့တာဖြစ်ပါတယ်။ တရုတ်နိုင်ငံအတွင်း ဖြစ်ပွားခဲ့တာဆိုပေမဲ့ ဘယ်မြို့အတွင်းမှာ ဒီဖြစ်ရပ်ဖြစ်ပွားခဲ့သလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။ အနီရောင်အင်္ကျီကို ဝတ်ဆင်ထားတဲ့ အမျိုးသမီးဟာ ခံစားချက်မဲ့တဲ့ မျက်နှာနဲ့ ရှိနေခဲ့ပြီး သူမကို ခင်ပွန်းဖြစ်သူက ကားအပြင်ရောက်လာဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ ဗီဒီယိုဖိုင်ထဲမှာ ပါရှိတဲ့ စကားသံတွေအရ သူမဟာ ခင်ပွန်းဖြစ်သူရဲ့ နှိပ်စက်မှုကိုမခံနိုင်လို့ အခြားတစ်နေရာကို သွားဖို့ ကြိုးစားနေတယ်လို့ ယူဆရပါတယ်။ ကားအပြင်ကို ရောက်လာသည့်တိုင် မတ်တပ်မရပ်ဘဲ ဖြစ်နေခဲ့တဲ့ အမျိုးသမီးကို သူမရဲ့ခင်ပွန်းက ဆံပင်ဆွဲပြီး လမ်းပေါ်မှာ ဒရွတ်ဆွဲ ခေါ်သွားခဲ့တာပါ။ အဲဒီအချိန် သူမဟာ လုံးဝမတ်တပ် မရပ်ခဲ့ပါဘူး။ ဘေးနားမှာ ရပ်ကြည့်နေသူ လမ်းသွားလမ်းလာအချို့ရဲ့ ပြောစကားအရ သူမကို ခင်ပွန်းဖြစ်သူက သူ့ရဲ့ဗန်ကားထဲ ဆွဲသွင်းဖို့ ကြိုးစားနေခဲ့တာဖြစ်ပါတယ်။ Source : Mirror Duwun