ဘရာမဝတ်တဲ့အခါ ရရှိမယ့် ကောင်းကျိုး (၄) ခု



အောက်တိုဘာလ ၁၃ ရက်နေ့မှာ ကျရောက်တဲ့ No Bra Day နေ့အတွက် ရည်ရွယ်ရေးသားပါတယ်။ ဒီနေ့ (အောက်တိုဘာလ ၁၃) ရက်နေ့ဟာ ကင်ဆာရောဂါမဖြစ်ပွားဖို့ မိန်းကလေးတွေ အိမ်မှာနေရင် ဘရာမဝတ်ဘဲ နေကြဖို့ တိုက်တွန်းတဲ့အနေနဲ့ သတ်မှတ်ထားတဲ့ No Bra နေ့ ဖြစ်ပါတယ်။ ဘရာမဝတ်ခြင်းက ရရှိတဲ့ အံ့သြဖွယ်ကောင်းကျိုးတွေလည်း ရှိနေနေတာကို လေ့လာတွေ့ရှိရပါတယ်။ ၁။ ဘရာတွေက ရင်သားကို ပိုလှအောင် မပြုပြင်ပေးနိုင်ဘူး ဘရာမဝတ်ရင် ရင်သားပျော့တွဲမှာကို မိန်းကလေးတွေကစိုးရိမ်ကြပါတယ်။ တကယ်တော့ သင်တို့ထင်နေတာနဲ့ ဆန့်ကျင်ဘက်ပါပဲ။ ဘရာမဝတ်ခြင်းက ရင်သားတစ်ရှူးတွေကို ပိုမိုကျန်းမာစေတယ်လို့ လေ့လာမှုတစ်ခုက ဆိုထားပါတယ်။ ၂။ ဘရာမဝတ်ခြင်းက သွေးလည်ပတ်မှုကို ပိုမိုကောင်းမွန်စေတယ် ဘရာကို ချွတ်လိုက်ချိန်မှာ လူအထိန်းအချုပ်မှ မရှိသလိုဖြစ်ပြီး ရင်ဘတ်ကို စည်းနှောင်ထားတဲ့အရာဖယ်လိုက်တဲ့အတွက် သွေးလည်ပတ်မှု ပိုကောင်းလာပါတယ်။ သွေးလည်ပတ်မှု ပိုကောင်းရင် အသားအရေပိုလှပြီး ပိုတင်းရင်းစေပါတယ်။ ၃။ ရင်သားတွေကို ပိုမိုကြည့်ကောင်းစေပါတယ်။ ဘရာဝတ်ထားတဲ့ အမျိုးသမီးတွေထက် ဘရာမဝတ်တဲ့အမျိုးသမီးတွေရဲ့ ရင်သားထိပ်က ပျန်းမျှ ၇ မီလီမီတာ ပိုမြင့်တယ်လို့ လေ့လာမှုတစ်ခုအရ သိရပါတယ်။ ရင်သားထိပ်မြင့်တက်ခြင်းဟာ ရင်သားတွေ ပိုပြီး တင်းရင်းလှပနေတယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ ၄။ နေလို့ထိုင်လို့ ပိုကောင်းတယ် ဒါ မိန်းကလေးတိုင်း ခံစားမိတဲ့ကိစ္စပါ။ ဘရာဝတ်ထားချိန်မှာ စည်းနှောင်ထားသလိုဖြစ်ပြီး တင်းကျပ်နေပါတယ်။ ဘရာချွတ်လိုက်ချိန်မှာ ခံစားရတဲ့ လွတ်လပ်ပေါ့ပါးမှုက ဘာနဲ့မတူသလို နေရတာ ပေါ့ပါးလန်းဆန်းသွားပါတယ်။ Source & Photos : MLM Duwun
Powered by Blogger.